ရနံ့သင်းသောအ၀တ်အစားများ ရလိုပါသလား ?

Sunday, February 25, 2018 05:00(+0630) (7 နှစ် ခန့်က)


ကော်ဖီမှုန့်
ဘူးတစ်ဘူးတွင် ကော်ဖီမှုန့် စစ်စစ်ကောင်းကောင်းကို ထည့်၍ အပေါ်မှ အပေါက်ကလေးများ ဖောက်ပြီး အ၀တ်ဘီဒို (သို့) သေတ္တာ ထဲရှိ အ၀တ်များထောင့်တွင် ထားပေး ပါ။ ကော်ဖီမှုန့်ဘူးကို တစ်လတစ်ကြိမ် အနံ့များလတ်ဆတ်စေရန် လဲလှယ် ပေးပါ။

ဆပ်ပြာခဲ
မိမိစိတ်ကြိုက် ရနံ့ရှိသော ရနံ့သင်းသည့် ဆပ်ပြာခဲကို အ၀တ် နှင့် ပတ်၍ အ၀တ်ဗီဒိုတွင် ထည့်ပါ။ ဆပ်ပြာကို ပတ်ထားသော အ၀တ်စ မှာ လေ၀င်လေထွက်ကောင်းသော ပိတ်စç ပါး (သို့) လက်သုတ်ပုဝါမျိုး ဖြစ်ရမည်။ ဗီဒို (သို့) သေတ္တာကို အဖုံးလုံအောင်ပိတ်ထားပါ။ (၄) နာရီခန့်ကြာလျှင် ဆပ်ပြာရနံ့က အ၀တ်များတွင် စွဲသွားလိမ့်မည်။

ဂွမ်းစနှင့် ရေမွှေး
ရေမွှေးက အနံ့ဆိုးများကို ဖုံးလွှမ်းမသွားနိုင်သော်လည်း၊ အ၀တ် များကို အနံ့သင်းစေသည်။ ဂွမ်းလုံး တွင် ရေမွှေးဆွတ်၍ အံဆွဲ (သို့) အ၀တ်ဘီဒိုတွင်ထည့်ပါ။

ဆေးဘက်ဝင် အရွက်အခေါက်များ
လာဗင်ဒါကဲ့သို့ ရနံ့သင်းသောherb မျိုးကို အိတ်တစ်ခုထဲတွင် ထည့်၍ (သို့) အဆီကို ၀ါဂွမ်းတွင် ဆွတ်၍ ဗီဒိုတွင်ထားခြင်း၊ မိမိဝတ် မည့် အင်္ကျီ၏အိတ်ထဲ၌ အ၀တ်စနှင့် ပတ်၍ ထည့်ထားခြင်းဖြင့် ရနံ့မွှေး သော အ၀တ်အစားများအဖြစ် နှစ် လိုဘွယ်တွေ့ရှိရမည်။

အမွှေးနံ့ဖျန်းဆွတ်ခြင်း
ဖျန်းဘူးထဲတွင် ရနံ့အဆီ (၅) မျိုးထည့်၍ ဖျန်းဆွတ်ပေးနိုင်သည်။ မိမိစိတ်ကြိုက် ရနံ့ကို ဖျန်းဆွတ်ပြီး ခေတ္တအ၀တ်ထည့်သေတ္တာကို ပိတ် ထားဖို့လိုသည်။

မနီကာ
ရေနှင့် ဗနီကာဆတူရောပြီး ဖျန်းဘူးထဲထည့်ပါ။ နံနေသောနေရာ (ဥပမာ- ချိုင်းနေရာကို) အင်္ကျီကို ပြောင်းပြန်လှန်၍ ဖျန်းပေးပါ။ ဗနီကာရနံ့ဆွဲနေမည်ကို မပူပါနှင့်။ ခြောက်သွားလျှင် နံသောအနံ့၊ ဗနီကာအနံ့ လုံးဝမကျန်ရှိတော့ချေ။

TKD
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ