HIV ပိုးရှိသူခင်ပွန်းနဲ့ ပိုးမရှိသူဇနီးတို့ ကိုယ်ဝန်ယူလို့ရမလား


၁။ ကျွန်တော့် သူငယ်ချင်းက အသက် ၃၉ (ကျား) အိမ်ထောင်နဲ့ပါ။ သူ့အစားမေးပေးတာပါ။ သူက hiv positive ပါ။ သူ့မိန်းမက negative ပါ။ အိမ်ထောင်ဦး ၆ လလောက်တော့ အကာအကွယ်နဲ့နေပြီး မနေတာ ၄နှစ်နီးပါးရှိပါပြီ။ ခု သူ့မိန်းမမှာ ကိုယ်ဝန်ရှိနေလို့ သွေးစစ်တာမရှိပါဘူး။ ၁ လကျော်လောက်မှာ ကိုယ်ဝန်ပျက်သွားပါတယ်။ အဲ့ဒါ ယောက်ျာကြောင့် ဖြစ်နိုင်သလားဆရာ။ သူတို့ ကလေးထပ်ယူချင်ကြတယ်။ ပိုးကင်းတဲ့ကလေးဖြစ်ဖို့ နှစ်ယောက်လုံး ဆောင်ရန်၊ ရှောင်ရန် သိချင်နေကြပါတယ်ဆရာ။ ဆေးရုံ ဆေးခန်းသွားရမှာလည်း ရှက်နေကြတယ်ဆရာ။ အမျိုးသားက cd4 1000 ကျော်ပါတယ်ဆရာ။ အဲ့ဒါကြောင့် အမျိုးသမီးကို မကူးတာလား သိချင်ပါတယ်။ သူများတွေလို သဘာဝအတိုင်း ကိုယ်ဝန်ထပ်ဆောင်လို့ရလားဆိုတာလည်း သိချင်နေပါတယ်ဆရာ။

၂။ ဆရာခင်ဗျား မြန်မာနိုင်ငံ့ ကပါ။ ကျွန်တော့်အသက်က့။ အမျိုးသမီးက့ နှစ်ပါ။ ကျွန်တော်က ၂၀၁၁ ခုနှစ်လောက်က HIV+ တွေ့လို့ ART ဆေးသောက်နေတာ ၅ နှစ်ခန့် ရှိပါပြီ။ အမျိုးသမီးမှာမရှိသေးပါ။ အကာအကွယ် သုံးပါတယ်။ ကလေးယူချင်လို့ဖြစ်နိုင်မယ့် နည်းလမ်းလေးတွေ လမ်းညွှန်ပေးပါဆရာ။ အကာအကွယ် မသုံးတော့ရင် မိန်းမကိုကူးစက်မှာကိုလည်းစိုးရိမ်လို့ပါ။ ဆရာရဲ့Post တခုမှာ ယောကျာ်းမှာ HIV+ ရှိရင် HAART ဆေး သောက်နေရင် မိန်းမကိုမကူးနိုင်ဘူးလို့ ဖတ်ဖူးပါတယ်ဆရာ။ အခုကျွန်တော်သောက်နေတဲ့ဆေးကရော HAARTဟုတ်မဟုတ် မိန်းမကို ကူးနိုင်၊ မကူးနိုင်ဆိုတာလေးရှင်းပြပေးပါဆရာ။ IVF လုပ်ပြီး ဒီအခက်အခဲကို ကျော်လွှားလို့ရမရ ကျေးဇူးပြု၍ ဖြေကြားပေးပါဆရာ။ ဆေးစစ်ချက် result နဲ့ သောက်နေတဲ့ဆေးပုံတွေပို့လိုက်ပါတယ်ဆရာ။

လေ့လာမှုတွေအရ ပိုးရှိနေသူတွေမှာ ပိုးမရှိသူတွေထွက် သားသမီးရလမ်းနည်းကြတာ တွေ့ရတယ်။ လိုတာ စစ်ဆေး ပြုပြင်ရပါလိမ့်မယ်။ ပုံမှန်အတွဲတွေလိုတော့ မရပါ။ ကွန်ဒွမ်မပါပဲ အတူနေချိန် နည်းနိုင်သမျှ နည်းရမယ်။ အဲတာကြောင့် ကိုယ်ဝန်အရနိုင်ဆုံး ရက်မှာသာ အတူနေရမယ်။ ကိုယ်ဝန်ဆိုတာ ရချင်ရင် အတူနေတာ တကြိမ်တည်းနဲ့လည်းရတယ်။ အမျိုးသားမှာ Viral load ပိုးအရေအတွက် (၆) လာကြာ စမ်းမတွေ့မှာသာကောင်းတယ်။ နှစ်ယောက်လုံးမှာ တခြား လိင်ကတဆင့် ကူးစက်ရောဂါ ဥပမာ ဆစ်ဖလစ်၊ ဂနိုးရီးယား၊ ကလားလ်မိုင်ဒီးယား မရှိရဘူး။

အမျိုးသမီးကလည်း ရာသီမှန်ပြီး လစဉ်မျိုးရထွက်နေရမယ်။ Ovulation test မျိုးဥထွက်-မထွက် စမ်းသပ်ကိရိယာနဲ့ စမ်းလို့ရတယ်။
• ၃ဝ% လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။
• ၆ဝ% လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း အတူနေသူတွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း အတူနေသူတွေထဲက (ကွန်ဒွမ်) နည်း၊ သုတ်ရည် အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ အတူနေသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ အတူနေသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ အတူနေသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ အတူနေသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

အဲလိုအခြအနေမျိုးတွေ ပြည့်စုံသူ အတွဲ (၄ဝ) ကိုစမ်းတော့ အမျိုးသမီးကို ကူစက်တာတယောက်မှ မတွေ့ရပါ။ သူတို့ ယောက်ျားတွေက HAART သောက်နေသူတွေဖြစ်တယ်။ နောက်လေ့လာမှုတခုမှာ အဲလိုပိုးစမ်းမရသူယောက်ျားနဲ့ အတူနေတာ အတွဲပေါင်း (၈ဝဝ) မှာ အကြိမ်ပေါင်း (၄၄၅ဝဝ) နေပေမယ့် အမျိုးသမီးကို မကူးစက်ခဲ့ပါ။ ဒီရလဒ်တွေက အားရှိစရာမှန်ပေမယ့် မစွန့်စားသင့်ပါ။ နှစ်ယောက်လုံး တသက်လုံး ဆေးသောက်နေရလိမ့်မယ်။

Viral load ပိုးများနေခြင်းဟာ ကူစက်ဘို့အကောင်းဆုံးဖြစ်တယ်။ မိခင်လောင်းမှာ ပိုးရှိနေရင်တော့ ကူးစက်တယ်ဆိုတာ အဆင့် (၃) ခုမှာ ဖြစ်လာနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွါးနေချိန်နဲ့ ကလေးနို့တိုက်ချိန်။ မွေးလာမယ့်ကလေးကို မကူးအောင် ကိုယ်ဝန်ဒုတိယ (၃) လကတည်းက ဆေးသောက်နေရမယ်။ ကလေးကို နို့မတိုက်ပါနဲ့။

အဲလိုအတူနေပြီးတာနဲ့ PREP (Pre exposure Prophylaxis) ခေါ်အရေးပေါ်ကာကွယ်ဆေး တကြိမ်သောက်ဘို့ အကြံပြုထားတယ်။ HIV သံသယရှိတဲ့ လိင်မှုပြုသူတိုင်း Truvada ဆေး ၂ ပြားကို ၂၄ နာရီ ကြိုတင်သောက်ပါ။ တကယ်ပဲ အဲလိုအမှုပြုပြီးရင် တရက် ၁ လုံး၊ ၂ ရက်ဆက်သောက်လိုက်ပါ။ ၃ လနေရင် ဆေးစစ်ပါ။

HIV ပိုးရှိယောက်ျားကနေ သားသမီးရချင်ရင် နည်းတခုကတော့ Sperm washing သုက်ရည်ဆေးနည်း ဖြစ်ပါတယ်။ သုက်ရည်ထဲက သုက်ပိုးနဲ့ အရည်ပိုင်းကိုခွဲခြားမယ်။ အရည်တဲမှသာ ပိုးပါနေတယ်။ အဲလိုသန့်ထားတဲ့သုက်ပိုးကို Intra-uterine insemination (IUI) နည်းနဲ့ မ မျိုးဥတဲ့ပေါင်းစပ်စေပါမယ်။ ပြီးရင် သူ့ဇနီးရဲ့သားအိမ်ထဲထည့်ပေးမယ်။

Low sperm count သုက်ပိုးအရေအတွက်နည်းသူဆိုရင် Vitro fertilisation (IVF) နည်း Intra-cytoplasmic sperm injection (ICSI) နည်း တခုခုနဲ့လုပ်နိုင်တယ်။ အဲဒီနည်းတွေက နေရာတိုင်းမှာမရနိုင်ပါ။ ဆောရီး။

1. HIV Prevention ကာကွယ်ဆေး https://doctortintswe.blogspot.com/2014/10/hiv-prevention.html
2. HIV Prevention ကာကွယ်ရေး https://doctortintswe.blogspot.com/2017/03/hiv-prevention.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pg/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ