GIST အစာအိမ်ကင်ဆာတမျိုး


• ဆရာ မိတ်ဆွေတယောက်က မေးပေးခိုင်းလို့ပါ။ အဖြေသိချင်လို့ပါတဲ့။ ကျမကို အကူအညီတောင်းလို့ပါ။
• ကျာ-မ-အသက်
• ကျား၊ ၃၅ နှစ်ပါ။
• အစာအိမ် ရှားပါးကင်ဆာတမျိုးလို့ယူဆရ။
• ကင်ဆာဆိုရင် စိုးရိမ်ရတဲ့ အခြေအနေလားဆရာ။
• သိပ်မဆိုးပါ။ စောစောသိလို့ ဘေးမပြန့်သေးရင် ခွဲထုတ်တာနဲ့ ပျောက်နိုင်တယ်။ တချို့မှာသာ ပြန်ဖြစ်တယ်။ မိသားစုလိုက်တာ နည်းနည်းရှိတယ်။ အစားအသောက်နဲ့မဆိုင်။ ပါတ်ဝန်းကျင်နဲ့မဆိုင်။
• ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ။ သိချင်တာတွေ သူ့အမျိုးသမီးကို ဆရာ့ဆီ တိုက်ရိုက် မေးခိုင်းလိုက်ပါတယ်ဆရာ။ လူနာရဲ့ အမျိုးသမီး အကောင့်အမည်က့ ပါဆရာ။
• အေးဗျာ မေးလာရင် ဖြေလိုက်ပါမယ်။

GIST (Gastrointestinal stromal tumor) ဆိုတာ အစာလမ်းမှာဖြစ်တဲ့ ရှားပါးတဲ့ကင်ဆာတမျိုးဖြစ်တယ်။ လူ့ကိုယ်မှာ တွယ်ဆက်တစ်ရှူးဆိုတာရှိတယ်။ အဲတာမျိုးကနေ ကင်ဆာဖြစ်လာတာ။ အဖြစ်များတဲ့အစာအိမ်ကင်ဆာနဲ့ မူရင်းနေရာ မတူပါ။ Sarcomas အမျိုးအစားတခုဖြစ်တယ်။

အစာအိမ် (၅၅%)၊ အူသိမ် (၃ဝ%)၊ အစာမျိုပြွန် (၅%)၊ အစာဟောင်းအိမ် (၅%၊ အူမကြီး (၂%) ဖြစ်တယ်။
ဘေးကိုပြန့်ရင်တော့ဆိုးတယ်။ အသည်း၊ ဝမ်းတွင်းအဖုံးလွှာ၊ အူအမြှေး၊ တက်စေ့တွေဆီပြန့်တယ်။

ဖြစ်စေတာက ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့မဆိုင်ပါ။ အစားအသောက်နဲ့လည်းမဆိုင်ပါ။ အရွယ်ကြီးမှဖြစ်တာများတယ်။ ၅ဝ ကျော်များတယ်။ မိသားစုတော့ လိုက်တာတွေ့ရတယ်။ အဲတာဆိုအသက်ငယ်စဉ်ဖြစ်တယ်။ ၂၅-၄၅ နှစ်။ ဖြစ်နေရင် တိကျတဲ့ခံစားရတာမျိုးရှိတာတော့မဟုတ်ဘူး။ ဗိုက်အောင်တာ၊ အနေရခက်တာ၊ ပြည့်တာ၊ စသဖြင့်သာခံစားရတယ်။ အန်တာနဲ့ ဝမ်းပျက်တာလည်းရှိတတ်တယ်။ သွေးယိုနေရင် သွေးအားနည်းနေမယ်။ ကိုယ်အလေးချိန်ကျမယ်။ အဲတာကြောင့် ရောဂါကို အမှတ်တမဲ့သာ စမ်းလို့တွေ့လာတာများတယ်။ ဂျပန်မှာလို endoscopic screening ခေါ်အစာလမ်းကို ပုံမှန်လူအများကိုစစ်ပေးနေခြင်းကနေ စောစောတွေနိုင်တယ်။ မိသားစုလိုက်တယ်ဆိုတာ မွေးလတဲ့ကလေးတိုင်းမှာ ဖြစ်လာနိုင်ခြေ ၅ဝ% ရှိတယ်။

ကုသနည်းများ
၁။ Surgery ခွဲစိတ်နည်းကနေ ပျောက်အောင်အထိလုပ်ပေးနိုင်တယ်။ ပဌမတန်းစားကုသနည်းဖြစ်တယ်။ ဘေးပြန့်မနေတာအတွက်အကောင်းတုံးဖြစ်တယ်။ ပြန်ဖြစ်တာမျိုးတော့ရှိတယ်။ ခွဲမရသေးသူဆိုရင် imatinib ဆေးပေးပြီး သေးအောင်လုပ်နိုင်တယ်။ neoadjuvant therapy လို့ခေါ်တယ်။ ခွဲပြီး ထပ်မဖြစ်အောင်လည်း imatinib ပေးတယ်။
၂။ Hepatic artery embolization ခေါ် သွေးကြောပိတ်နည်းကို အသည်းကိုကူးစက်နေတာအတွက်လုပ်တယ်။
၃။ Radiofrequency ablation (RFA) နည်းကိုလည်း အသည်းကိုကူးစက်နေတာအတွက်လုပ်တယ်။
၎။ ဘေးပြန့်နေသူကို Imatinib ဆေးနဲ့မရသူဆိုရင် ဒုတိယဆေး sunitinib ပေးတယ်။ Regorafenib ဆေးက တတိယ အသိအမှတ်ပြုပြီးဆေးဖြစ်တယ်။
၅။ စမ်းသပ်ကုသနည်းတွေလည်းလုပ်နေပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ