ဦးနှောက်ခွဲစိတ်ကုသမှုပြုလုပ်နေစဉ် အိန္ဒိယဂီတပညာရှင် ဂီတာတီးကာ နာကျင်မှုဖြေဖျောက်ခဲ့


အိန္ဒိယဂီတပညာရှင်တစ်ဦးဖြစ်သော ပရာဆက်ဒ်ဆိုသူသည် ဦးနှောက်အား ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်း၌ နာကျင်မှုသက်သာစေ ရန်အတွက် ဂီတာတီးခွင့်ပေးရန် ခွဲစိတ်ကုသသည့်ဆရာဝန်များကို ခွင့် တောင်းကာ ဂီတာတီးခဲ့ကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြသည်။

ပရာဆက်ဒ်သည် ဦးနှောက်အတွင်းရှိ ပုံမှန်မဟုတ်သော အကျိတ် များကို ဖယ်ရှားရန်အတွက် ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။ ခွဲစိတ် ကုသမှုပြုလုပ်နေစဉ်အတွင်း အသိစိတ်ကင်းကွာသည့်အခြေအနေများ နှင့် ကြုံတွေ့မည်ဖြစ်သော်လည်း မသိစိတ်မှ စေခိုင်းသည့်အပြုအမူနှင့် လုပ်ဆောင်ချက်များကြောင့် ဂီတာတီးနိုင်မည်ဟု ယုံကြည်ကာ ပရာ ဆက်ဒ်က ခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်း ဂီတာတီးခွင့်တောင်းခဲ့ကြောင်း သိရသည်။ ပရာဆက်ဒ်က ''လူတိုင်းမှာ မသိစိတ်က စေခိုင်းမှုတွေရှိ ပါတယ်။

ဒါ့အပြင် ဆဋ္ဌမအာရုံလို့ခေါ်ကြတဲ့ အဖြေထုတ်ဖို့ခက်တဲ့ သိစိတ် တစ်ခုကြောင့် ထင်မထားတဲ့စွမ်းဆောင်မှုကိုလည်း လုပ်နိုင်ကြပါတယ်။ ဒါကြောင့် ခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်းမှာ ကျွန်တော် ဂီတာတီးနိုင်မယ် လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။ ယုံကြည်ခဲ့တဲ့အတိုင်းလည်း လုပ်နိုင်ခဲ့ လို့ ကျေနပ်မိပါတယ်''ဟုပြောသည်။

The Union Daily
https://www.facebook.com/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ