လေဖြတ်ခြင်းကို လျှော့ချပေးမည့်ကိရိယာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန်တိုက်တွန်း


အင်္ဂလန်နိုင်ငံတွင် လေဖြတ်ခြင်းဖြစ်ပွားနိုင်ခြေများကို လျှော့ချပေး သည့် ကိရိယာအသုံးပြုမှုနှင့်ဆိုင်သည့် လေ့လာမှုများပြုလုပ်ခဲ့ရာတွင် အကျိုးပြုမှုနှင့် ထိရောက်မှုမြင့်မားကြောင်း အတည်ပြုနိုင်ခဲ့၍ အဆိုပါ ကိရိယာအား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန်တိုက်တွန်းခဲ့ကြောင်း ဒေးလီးမေးလ်သတင်းစာကဖော်ပြသည်။
Mobius HD ဟု အမည်ပေးထားသောအဆိုပါကိရိယာကို တိုက် တေနီယံဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ လည်ကုပ်အတွင်း၌မြှုပ်နှံ၍ အသုံးပြုရခြင်းဖြစ်သည်။

 ခန္ဓာကိုယ်၌ သွေးဖိအားမြင့်မားလာပါက သွေးဖိအားလျော့ကျစေရန် အဆိုပါကိရိယာက လုပ်ဆောင်ပေးသော ကြောင့် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ မှတ်Óဏ်ချို့ယွင်းခြင်းများ မဖြစ်စေရန် အထောက်အကူဖြစ်စေကြောင်း အတည်ပြုနိုင်ခဲ့သည်။ အဆိုပါကိရိယာအား လွန်ခဲ့သည့်ငါးနှစ်ခန့်မှ စတင်စမ်းသပ်ခဲ့ခြင်းဖြစ် ကာ နှလုံးရောဂါနှင့် သွေးတိုးရောဂါဖြစ်ပွားနိုင်ခြေမြင့်မားသူများအား စမ်းသပ်အသုံးပြုစေခဲ့ရာတွင် ထိရောက်မှုမြင့်မားကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ နှလုံးရောဂါနှင့် လေဖြတ်ခြင်းများကြောင့် သေဆုံးမှုအခြေ အနေမှာ ပြီးခဲ့သည့်ငါးနှစ်အတွင်း ခုနစ်ရာခိုင်နှုန်းတိုးလာကြောင်းသိရ သည်။

The Union Daily
https://www.facebook.com/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ