ကယ်လိုရီမစားတာနဲ့ လေ့ကျင့်ခန်းလုပ်တာ ဘယ်အရာကဝိတ်ပိုကျစေသလဲ???



ကယ်လိုရီမစားသုံးတာဟာ လေ့ကျင့်ခန်းပြုလုပ်တာထက် ပိုပြီး ထိရောက်ပေမယ့်လည်း လက်တွေ့မှာတော့ ကိုယ့်ခန္ဒာကိုယ်အချိုးအစားကို ထိန်းသိမ်းနိုင်ဖို့အတွက်တော့ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်တာက  ပိုမိုပြီး ထိရောက်ပြီး ဝိတ်ကျတယ်လို့ သိရပါတယ်။

၃၅၀ဝကယ်လိုရီဟာ (၁ပေါင် (ဝ.၄၅ ကီလိုဂရမ်) ကိုယ်အလေး ချိန်နှင့်ညီမျှပါတယ်။ အကယ်လို့များ တစ်ရက်ကို (၅၀ဝ)ကယ်လိုရီ လျော့သွား ပါက တစ်ပတ်လျှင် (၁) ပေါင် (၅၀ဝ ကယ်လိုရီ _ ၇ ရက် = ၃၅၀ဝ ကယ်လိုရီ)လျော့ကျသွားမှာပါ။

လူအတော်များများကတော့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကယ်လိုရီပမာဏတွေ ဖယ်ထုတ်ဖို့ ခဲယဉ်းတာကြောင့် အစားအသောက်ကို ထိန်းစားရ ခြင်းကိုပါ ပြုလုပ်ကြရပါတယ်။ဒါ့ကြောင့် ကယ်လိုရီလျော့စားသလိုပဲ လေ့ကျင့်ခန်းပါ တွဲဖက်ပြီး ပြုလုပ်တာက ဝိတ်ပိုကျစေပါတယ်။

ဒါ့ကြောင့် ကယ်လိုရီလျှော့စားတာကလည်း သင့်ရဲ့ ဝိတ်ကျမှုပေါ် အနည်းငယ်ထိရောက်ပေမယ့် အစားအစာကို ပုံမှန်စားသုံးပြီး လေ့ကျင့်ခန်းပြုလုပ်တာကတော့ သင့်ရဲ့ ခန္ဒာကိုယ်အလေးချိန်ကို သိသိသာသာအကျိုးထိရောက်မှုရှိနေတာပါ။


( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : GoodHealth



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ