Myths and Facts HIV/AIDS အထင်မှား နဲ့ အမှန်တရား
အိတ်ခ်ျအိုင်ဗွီ ရှိနေခြင်းဟာ အေအိုင်ဒီအက်စ် နဲ့အတူတူပဲ = အထင်မှား
HIV ဆိုတာ (ဗိုင်းရပ်စ်) ပိုးဖြစ်တယ်။ သူကနေ ကိုယ်ခန္ဓာရဲ့ CD4 immune cells ခုခံအား (ဆဲလ်) တွေကို ပျက်စီးစေတယ်။ ဒါတွေက ရောဂါပိုးဝင်လာရင် ခုခံတိုက်ဖျက်ပေးတဲ့ (ဆဲလ်) တွေဖြစ်တယ်။ ဆေးမှန်မှန်ကန်ကန် ကုသနေရင် HIV ပိုးတွေ ရှိနေပေမဲ့ နှစ်တွေ အများကြီး အသက်ရှင်နေနိုင်တယ်။ AIDS အထိတောင် ဖြစ်ချင်မှ ဖြစ်မယ်။ AIDS ခေါ်တဲ့ ရောဂါအစုအဝေးဆိုတာ (၁) HIV ပိုးတွေ ရှိနေမယ်၊ (၂) Opportunistic infections အခွင့်ကောင်းယူပြီး ဝင်လာမဲ့ ကူးစက်ရောဂါတွေရှိမယ်၊ (၃) CD4 cell count စီဒီ-ဖိုး အရေအတွက်ကလည်း 200 ထက် နည်းနေမယ်။
သာမန်ကာရှန်ကာ ထိတွေ့မှုရှိတာနဲ့တော့ HIV မကူးနိုင်ဘူး = အမှန်တရား
ပွေ့ဖက်ခြင်း၊ ပုဝါအတူတူသုံးတာ၊ ဖန်ခွက်အတူသောက်တာတွေနဲ့တော့ HIV မကူးစက်စေပါ။ သွေးသွင်းတာကနေလဲ နည်းနည်းသာဖြစ်စေတယ်။ အကာကွယ်မဲ့ လိင်ဆက်ဆံတာ၊ ဆေးထိုးအပ်အတူသုံးတာ၊ ပိုးသန့်မထားတဲ့ ကရိယာနဲ့ တက်တူးထိုးတာတွေကနေ ကူးစက်နိုင်တယ်။
အသက်ရှင်နေဘို့ အချိန်နည်းနည်းသာ ကျန်တော့တယ် = အထင်မှား
HIV ပိုးရှိနေသူတွေဟာ တယောက်နဲ့တယောက် ဖြစ်လာနိုင်တာတွေ မတူကြပါ။ တချို့မှာ AIDS ရောဂါအဆင့်ကို လအနည်းငယ်နဲ့ ရောက်လာကြတယ်။ တချို့ကတော့ ဆယ်စုနှစ်ပေါင်းများစွာ ရောဂါမရဘဲနေနိုင်ကြတယ်။ ဆရာဝန်ကို မှန်မှန်ပြ၊ ဆေးစစ်တာကို မှန်မှန်လုပ်၊ ဆေးကုသတာကို ပုံမှန်ခံယူနေသူတွေ ဖြစ်တယ်။
ရောဂါလက္ခဏာတခုခုရှိလာတာဟာ HIV ရှိနေတာဖြစ်တယ် = အထင်မှား
တချို့လူတွေမှာ ပိုးတွေရှိနေပေမဲ့ ဘာရောဂါလက္ခဏာတခုမှ မပြဘဲနေနိုင်တယ်။ တချို့လူတွေမှာ ပိုးဝင်လာခံရတဲ့နောက် ၁ဝ ရက်ကနေ ရက်သတ္တပါတ်နဲနဲကြာတဲ့အထိ ရောဂါလက္ခဏာတွေပြနေတယ်။ အဲလိုရောဂါလက္ခဏာတွေက တုပ်ကွေးနဲ့ အတော်တူပါတယ်။ ကိုယ်ပူမယ်၊ အားယုတ်မယ်၊ အနီပြင်တွေထွက်မယ်၊ လည်ချောင်းနာမယ်။ ဒီလိုဟာတွေ မကြာခင် ပျောက်သွားပါမယ်။ ဒိနောက် ဘာမှမဖြစ်သလိုနေမယ်။ နှစ်တွေအများကြီးအဲလိုနေနိုင်မယ်။ HIV test လုပ်မှသာ ပိုးရှိနေတာကို သိနိုင်တယ်။
HIV ဘယ်သူမဆို ကူးစက်နိုင်တယ် = အမှန်တရား
အမေရိကားမှာ နှစ်တိုင်းနှစ်တိုင်း လူပေါင်း ၅၆ဝဝဝ ယောက်ဟာ ဒီပိုးကူးစက်တာခံနေရပြီး ၁၈ဝဝဝ ယောက်ဟာ သေဆုံးနေကြရတယ်။ ဘယ်သူမဆို ယောက်ျား၊ မိန်းမ၊ ကလေး၊ ဂေးဖြစ်ဖြစ်၊ အဖြောင့်သမားဖြစ်ဖြစ် ကူးစက်တာ ခံရနိုင်တယ်။ ယောက်ျားချင်း လိင်တူဆက်ဆံသူတွေက သူများတွေထက် လူနာသစ်စာရင်းထဲမှာ ၅၃% ရှိတယ်။ အမျိုးသမီးတွေက ၂၇% နဲ့ ကလေးတွေက ၁၃% ရှိကြတယ်။ အာဖရိကန်နွယ်ဖွါးတွေက ထက်ဝက်ရှိတယ်။
လိင်ဆက်ဆံဘက် နှစ်ယောက်လုံးမှာ HIV ပိုးရှိနေရင် ကိစ္စမရှိဘူး = အထင်မှား
လိင်ဆက်ဆံဘက် နှစ်ယောက်လုံးမှာ HIV ပိုးရှိနေတာသိထားလို့ (ကွန်ဒွမ်) သုံးနေဘို့မလိုဘူး ထင်တာ မမှန်ပါ။ (ကွန်ဒွမ်) ကနေ တခြား လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်နိုင်တယ်။ နောက်ပြီး ကိုယ့်မှာရှိနေပြီးသား HIV ပိုး အမျိုးအစား မဟုတ်တာတွေ ကူးစက်လာမှာကိုလဲ ကာကွယ်နိုင်တယ်။ ဒီလိုအမျိုးအစားတွေက ဆေးမတိုးတာတွေ ဖြစ်နိုင်တယ်။ ဆေးလဲကုနေတယ်၊ လူကလဲနေကောင်းတယ်ဆိုပေမဲ့ လိင်ဆက်ဆံရာမှာ အကာအကွယ်သုံးရပါမယ်။
ကိုယ့်မှာ HIV ပိုးရှိနေပေမဲ့ ကလေးယူလို့ရသေးတယ် = အမှန်တရား
ပိုးရှိနေတဲ့ မိခင်လောင်းဟာ သူကနေမွေးလာမဲ့ကလေးကို ကိုယ်ဝန်ဆောင်နေတုံးဖြစ်ဖြစ် မွေးဖွါးဖြစ်စဉ်မှာဖြစ်ဖြစ် ပိုးကူးစက်စေနိုင်ပါတယ်။ ဒါပေမဲ့ ကူးစက်နှုန်းနည်းစေအောင် လုပ်ပေးနိုင်တာတွေရှိနေတယ်။ မိခင်လောင်းက ဆေးသောက်နေရမယ်။
HIV ပိုးရှိနေရင် ဘယ်ရောဂါကိုမှ ရှောင်လွှဲလို့မရတော့ဘူး = အထင်မှား
ပိုးရှိနေသူဟာ ခုခံအားစနစ် အားနည်းနေတာမို့ တခြားကူးစက်ရောဂါတွေကို ခံနိုင်ရည်နည်းကြတယ်။ အများဆုံးတွေ့ရတဲ့ ကူးစက်ရောဂါတွေကတော့ နူမိုဆစ်တစ်-နူမိုးနီးယား၊ တီဘီ၊ မှိုရောဂါ၊ ဆိုင်တိုမဂ္ဂလို-ဗိုင်းရပ်စ် နဲ့ တောက်ဆိုပလပ်စ်မိုးဆစ် ဖြစ်တယ်။ ဒါတွေ ကိုယ့်ဆီ ကူးမလာစေအောင် ဆေးသောက်နေရမယ်။ တချို့ရောဂါတွေကို ဆေးနဲ့ ကာကွယ်နိုင်တယ်။ အနေအထိုင်၊ အစားအသောက် ပိုဂရုစိုက်နေရ စားရမယ်။
Dr. တင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin