ကျန်းမာရေးနဲ့ ညီညွတ်သည့် အ၀လွန်နေသူ ဟူ၍မရှိ


အ၀လွန်ခြင်းနဲ့ ပတ်သတ်ပြီး မီဒီယာတွေမှာ မကြာခဏ သတိပေး မှုတွေ၊ ကျန်းမာရေးဟောပြောပွဲတွေ လုပ်နေပေမယ့်လည်း လူပေါင်း သန်း၆၀၀ လောက် ခံစားနေရတဲ့ ကပ်ဝေဒနာက အ၀လွန်ခြင်းပါပဲ။ အ၀လွန်ခြင်းကြောင့် နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ကင်ဆာနဲ့ အမျိုးအစား(၂) ဆီးချိုသွေးချိုရော ဂါစတဲ့ ဇီဝရုပ်ဖြစ်ပျက်မှု မမှန် တဲ့လက္ခဏာစုတွေ ဖြစ်ပွားလာရ ပါတယ်။ လတ်တလောသုတေသန တစ်ခုမှာတော့ အ၀လွန်သူတွေထဲက ၃၀% လောက်အထိဟာ အ၀လွန် နေပေမယ့် ဇီဝရုပ်ဖြစ်ပျက်မှုမှာ ပြောင်းလဲမှုတွေမရှိတဲ့အတွက် အ၀ လွန်ခြင်းကြောင့် ဖြစ်ပွားလာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အသည်းအသန်ကာကွယ်စရာမလို ဘူးဆိုပြီး ဖော်ပြခဲ့ပါတယ်။ အ၀လွန် ပေမယ့် ဇီဝရုပ်ဖြစ်ပျက်မှု မှန်ကန်နေ သေးတယ်ဆိုတဲ့ အချက်ရဲ့အဓိက သတ်မှတ်ချက်ကတော့ ဆဲလ်တွေ ကနေ စွမ်းအင်ထုတ်ဖို့ ဂလူးကို့စ် ဓာတ်ကို ယူသုံးရာမှာ အသုံးဝင်တဲ့ အင်ဆူလင်ဟော်မုန်းကို ယင်းအ၀ လွန်သူတွေရဲ့ ခန္ဓာကိုယ်က အာရုံခံ စားတုန့်ပြန့်မှု ကောင်းနေသေးတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ယခုနောက်ဆုံးKarolinska Institute က လုပ်ခဲ့တဲ့ သုတေသန မှာတော့ ဇီဝရုပ်ဖြစ်ပျက်မှု မှန်ကန် နေတဲ့ အ၀လွန်သူတွေရဲ့ အဖြူရောင် အဆီတစ်သျူးနဲ့ မမှန်ကန်ဘဲ အ၀ လွန်နေသူတွေရဲ့ အဖြူရောင်တစ် သျူးတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ အင်ဆူလင်လှုံ့ဆော်မှုကို တုန့်ပြန်တဲ့ ဗီဇတွေ ပုံမှန်မဟုတ်ပဲ ပြောင်းလဲ နေမှုတွေက တစ်ပုံစံတည်းနီးပါး တူ နေတာ တွေ့ခဲ့ရပါတယ်။ သုတေသန မှာ အင်ဆူလင်တုန့်ပြန်မှုကောင်းတဲ့ အ၀လွန်သူ ၂၁ ဦးနဲ့ အင်ဆူလင် ယဉ်ပါးနေတဲ့ အ၀လွန်သူ ၂၉ ဦးကို နှိုင်းယှဉ်ခဲ့ရာ အံ့သြစရာကောင်း လောက်အောင်ပင် အဖြူရောင် အဆီဆဲလ်တွေရဲ့mRNA ဗီဇတွေ က တူညီနေပြီး မ၀တဲ့သူတွေနဲ့တော့ ၀နေသူနှစ်ဖွဲ့စလုံးက သိသိသာသာ ကွာခြားနေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အင်ဆူလင်လှုံ့ဆော်မှုကို တုန့်ပြန်ရာမှာ အ၀လွန်နေတဲ့သူ နှစ်ဖွဲ့လုံးရဲ့ အဖြူရောင်အဆီဆဲလ် တွေက တစ်ပုံစံတည်းနီးပါး တူနေ တာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သုတေသီတွေက ဇီဝရုပ်ဖြစ်ပျက်မှု မှန်ကန်တဲ့ အ၀လွန်သူတွေမှာလည်း ယခင်ထင်ထားသလို ပြဿနာ တွေနည်းနိုင်တယ် ဆိုတာမျိုး မဟုတ် ပဲ ယင်းတို့အနေနဲ့ နှလုံးသွေးကြောနဲ့ ဇီဝရုပ်ဖြစ်ပျက်မှု မမှန်ခြင်းရဲ့ နောက် ဆက်တွဲတွေကို ကာကွယ်ဖို့အပြင်း အထန် အာရုံစိုက်ဖို့ လိုအပ်တယ်လို့ Cell Reports ဂျာနယ်မှာ အကြံပြု ဖော်ပြခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ