ရုတ်တရက် နှလုံးခုန် ရပ်တန့်ခြင်းကို ဒရုန်းများ စေလွှတ်၍ ကုသနိုင်တော့မည်


နှလုံးရောဂါ ဝေဒနာသည်များ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ရန် ဆွီဒင်သုတေသန ပညာရှင်များက စွန့်ဦး တီထွင် သုတေသန တစ်ခုတွင် ဒရုန်းများ၌ နှလုံးနှိုးစက်များ တပ်ဆင်ခြင်းဖြင့် ဒရုန်းများ၏ အသုံးပြုမှုကို အဆင့်မြှင့် တင်လိုက်ပြီဖြစ်သည်။
ဒရုန်းများ၌ နှလုံးနှိုးစက်များ တပ်ဆင်၍ လူနာထံ စေလွှတ်ကုသခြင်းဖြင့် နှလုံးရောဂါ ဝေဒနာသည်များကို အသက် ကယ်တင်နိုင်မည်ဖြစ်ကြောင်း ကာရိုလင်စကာ တက္ကသိုလ်မှ ပြုလုပ်သည့် သုတေသနတစ်ခုက ညွှန်းဆိုထားသည်။ အဆိုပါ နည်းပညာသည် လုံခြုံရေးအသိ ထည့်သွင်းထားသဖြင့် လူနာ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ပေးစွမ်းနိုင် မည်ဖြစ်ကာ ကျေးလက်ဒေသ သာမက ကျွန်းစုများ အထိပါ နှလုံးနှိုးစက်ကို ငါးမိနစ်အတွင်း အရောက်ပေးပို့ နိုင်မည် ဖြစ်ကြောင်း ကာရိုလင်စကာ တက္ကသိုလ်မှ အန်ဒရီးကလဲ့ဆန်က ပြောသည်။

၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း စတော့ဟုမ်းကျွန်းစု၌ လုပ်ဆောင်သည့် စမ်းသပ်မှုတစ်ခုတွင် ရုတ်တရက် နှလုံး ခုန်ရပ်တန့်မှု ဖြစ်ပွားရာနေရာ ၁၈ ခုသို့ ဒရုန်းတစ်စင်းကို စေလွှတ်နိုင်ခဲ့သည်။ ယင်းဒရုန်းသည် ထိန်းချုပ်မောင်းနှင်သူ မလိုအပ်သည့်တိုင် စနစ်အတွင်းထည့်သွင်း ပေးလိုက်သော သတ်မှတ်နေရာသို့ ရောက်စေရန် အလိုအလျောက် ပျံသန်းသွားခြင်းဖြစ်ပြီး လူနာထံသို့ ရောက်ရှိသည့် ပျမ်းမျှကြာမြင့်ချိန်မှာ ငါးမိနစ်မှ ၁၅ မိနစ်သာရှိသောကြောင့် လူနာ တင်ကား ထက် ပိုမိုမြန်ဆန်သည်ကို တွေ့ရသည်။

ထိုစမ်းသပ်မှု အောင်မြင်ခြင်းသည် အရေးပါလှသော ကွဲပြားခြားနားမှုဖြစ်ပြီး လူနာရှင်အနီးသို့ နှလုံးနှိုးစက်ရောက်ရှိ သည့်အခါ ၎င်းလူနာ၏ အသက်ရှင်နိုင်မှု သည် သုညရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာမည်ဖြစ်သည်။ လက်ရှိတွင် အဆိုပါဒရုန်းဖြင့် နှလုံးနှိုး စက်ပေးပို့သည့်စနစ်သည် ရှေ့ပြေးပုံစံ အဖြစ် သာရှိသေးသော်လည်း မကြာတော့သည့် အနာဂတ်တွင် ကမ္ဘာပေါ်၌ အမှန်တကယ် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ နည်းပညာ ကိုတီထွင် သည့် Flypulse ကုမ္ပဏီ ပူးတွဲတည်ထောင်သူနှင့် အင်ဂျင်နီယာ ဆီဘက်စရှန်ဝေါမန်းက ပြောသည်။ အဆိုပါ နှလုံးနှိုးစက် ပေးပို့နိုင်မည့်ဒရုန်းအတွက် ယခုတွေ့ ကြုံနေရသည့် အဓိက အခက်အခဲမှာ ဥပဒေပြဋ္ဌာန်း ပေးရေး ဖြစ်ပြီး စမ်းသပ်မှုများကို အရပ်ဘက်လေကြောင်း အာဏာပိုင်နှင့် သယ်ယူပို့ဆောင်ရေး အေဂျင်စီ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

ဒရုန်း အသုံးပြုမှု နည်းပညာသည် အဆုံးမရှိကြောင်း၊ ကင်မရာ တပ်ဆင်ထားသည့် ဒရုန်းတစ်စင်းတည်းဖြင့် ရေ အောက်ရှိ လူများကိုရှာဖွေခြင်း၊ အသက် ကယ်ဘော ကွင်းများကို သယ်ဆောင်ခြင်းနှင့် အက်ဒရင်း နလင်းကဲ့သို့သော ဆေးဝါးများကို လူနာတင် ယာဉ်ထက် ပိုမိုမြန်ဆန်သည့် ရွေ့လျားမှုနှုန်းဖြင့် ပေး ပို့ခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ