Patella Fracture ဂုံညင်းရိုးကျိုးခြင်း


မင်္ဂလာပါ ကျွန်မ အသက် ၃၂ နှစ် အိမ်ထောင်ရှိပါတယ်။ ရန်ကုန်မြို့ကပါ။ ပြီးခဲ့တဲ့ ၂၈ ရက် မေလ မနက်မှာ ရေချိုးခန်းက အထွက် ဒူးထောက်မိရက်သား ချော်လဲပြီး ဆေးခန်းပြတော့ ဓာတ်မှန်အဖြေမှာ Patella fracture ဂုံညင်းရိုးကျိုးလို့ ပြောပါတယ်။ ဒီကအရိုးခွဲစိတ်ဆရာကြီးနဲ့ ၂၉ ရက် ည ၈နာရီမှာခွဲရပြီး wire ကြိုးထည့်ရပါတယ်ရှင်။ ဇွန်လ ၂ ရက်နေ့က ဆေးရုံဆင်းရပါတယ်။ ချုပ်ရိုးကတော့ နှစ်ပတ်လောက်ကြာမှ ဖြည်မယ်ပြောပါတယ် ရှင့်။ လမ်းကိုတော့ တုတ်ကောက်နဲ့ ဖြည်းဖြည်းချင်း လျှောက်ကျင့်ပါတယ် ။ ကျွန်မကိုခွဲပေးတဲ့ဆရာကြီးက ခြေထောက်ကို ဆန့်တာမှာ အားမသုံးပဲ ကွေးတာမှာ အားသုံးပါလို့ မှာပါတယ်ရှင်။ အိမ်မှာနေရင်း ဘယ်လိုလေ့ကျင့်ခန်းမျိုးလုပ်ရင် အဆင်ပြေမလဲ မြန်မြန် တိုးတက် နိုင်မလဲ သိချင်လို့ပါရှင့်။

ဂုံညင်းရိုးကို တိုက်ရိုက်ထိခိုက်ရာကနေ ကွဲအက်ကျိုးပဲ့စေတယ်။ ကျိုးသွားတာမှာ transverse, stellate or vertical အမျိုးအစားအမျိုးမျိုးရှိတယ်။ ကုသတာနဲ့ ခွဲစိတ်ပြုပြင်ပြီးလုပ်ဆောင်ရတာ မတူကြပါ။ ဂုံညင်းကို geniculate arteries သွေးလွှတ်ကြောစနစ် (၂) ခုကနေလာတယ်။ ပြုပြင်တာမှာ ခွဲစိန်နည်းနဲ့ မခွဲပဲရတဲ့နည်းရှိတယ်။

Nondisplaced Fractures နေရာရွေ့မသွားဟပဲကျိုးခြင်း
မခွဲပဲရနိုင်တယ်။ extension splinting အခုအခံ ၄-၆ ပါတ်ကြာစည်းပေးထားရမယ်။ နာတာသက်သာချိန်မှာ တော်တော်တန်တန်အလေး မလို့ရတယ်။ ခြေထောက်ဆန့်တန်းပြီး မြှောက်နည်းလုပ်လို့ရတယ်။ ၄ ပါတ်နေရင် ဒူးနေရာ ကွေးဆန့်လို့ရမယ်။ ကွာဒရီဆက်ပ်ကြွက်သားဆန့်တန်းနည်းနဲ့ ဒူးကွေးဆန့်တာစောရင် ဆက်တာကိုနှေးစေမယ်။

Displaced Fractures နေရာရွေ့ကျိုးခြင်း
၃-၄ မီလီမီတာရွေ့တာကိုခေါ်တယ်။ ခွဲစိတ်ပြီးတည့်ပေးရမယ်။ နည်းအမျိုးမျိုးရှိတယ်။ tension band wiring, cerclage wiring, lag screws နည်းတွေဖြစ်တယ်။

Severe comminuted patella fractures ဆိုးတဲ့တစစီကွဲကျိုးတာကို ခွဲစိတ်ပြုပြင်ရမယ်။ ကံမကောင်းတာက ၂၅% သာ ရလဒ်ကောင်းရတယ်။ အဲတော့ total patellectomy ဂုံညင်းကိုထုတ်ရမယ်။

နောက်ဆက်တွဲဖြစ်မှာတွေကို သတိထားရမယ်။ Breakage of wires, loss of fixation, re-fracture, delayed and malunion, loss of knee motion နဲ့ osteoarthritis တွေဖြစ်နိုင်တာသတိထားပါ။ ဖြစ်တာရှားပါတယ်။

Rehabilitation Guidelines နလံထပြုစုနည်းမှာ လူနာအသက်၊ ကျန်းမာရေးအခြေအနေ၊ အရိုးကျန်းမာရေး၊ ကျိုးနည်း၊ ကုသနည်း စတာတွေအပေါ်မှာမူတည်တယ်။ အရင်ဆုံး အနာ-အရောင် သက်သာစေအောင်လုပ်ရမယ်။ ခြေအပြည့် ဆန့်ထားပေးရမယ်။ quadriceps contraction ပေါင်ကြွက်သားကြီး ဆန့်-ကျုံ့ပေးပါ။ ရုတ်တရက် လှုပ်ရှားတာရှောင်ပါ။ အတင်းဆန့်တန်းတာ ရှောင်ပါ။ ချုပ်ရိုးခြောက်-သန့်နေစေရမယ်။ ခွဲပြီး ၁ ပါတ်နေရင် လေ့ကျင့်ခန်းစနိုင်ပြီ။ ၆ ပတ်ကြာထိ ဒူးကွေးတာကို ၁ဝဝ ဒီဂရီအထိသာလုပ်ရမယ်။ Straight leg raises, submaximal quad isometrics and gentle active short arc knee extension လေ့ကျင့်ခန်းတွေ လုပ်နိုင်တယ်။ အလေးမတာကို ဖြေးဖြေးချင်းလုပ်နိုင်တယ်။ ၃-၄ ပတ်ဆို ကောင်းကောင်းမလို့ရပြီ။ ၄ ပါတ်အထိ မကွေးရ။ Active-assisted knee flexion နဲ့ light resistance quad exercises လေ့ကျင့်ခန်းတွေကို လူနာတိုးတက်လာချိန်မှာလုပ်နိုင်ပြီ။ နောက်ကတဆင့် Functional closed chain resistance လေ့ကျင့်ခန်းလုပ်ရမယ်။

ကျွန်တော်ဆရာဝန်ဖြစ်စ မြို့သာမှာ အဲလိုဂုံညင်းရိုးကျိုးတဲ့လူနာ ၂-၃ ယောက်ကို ကြံဖန်ခွဲစိတ်ပြုပြင်ပေးခဲ့ရတာကို အမှတ်ရတယ်။ မရှိ ရှိတာနဲ့လုပ်ပေးခဲ့ရတာမို့ အားနာပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ