အိပ်ယာ မသိမ်းတာ ကျန်းမာရေးနဲ့ ပိုညီညွတ်


မနက်ခင်း နိုးလို့ အိပ်ယာ မသိမ်းဆည်းတာက သင့်အတွက် ကျန်းမာရေးနဲ့ ပိုညီညွတ် နိုင်ခြေ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ လူခန္ဓာကိုယ်က ကွာကျတဲ့ အရေခွံ လေးတွေကို စားသုံးပြီး အသက်ရှင် နေရတဲ့ House dust mites မွှားလေးတွေက ဒီလို မခေါက်သိမ်း ထားတဲ့ အိမ်ရာတွေရဲ့ ပူနွေး ခြောက်သွေ့တဲ့ အခြေအနေမှာ မရှင်သန် နိုင်လို့ပါတဲ့။ အိပ်ရာ တစ်ခုမှာ ဒီလို အကောင်လေး တွေက 1.5 million ထိရှိနိုင်ပြီး ပန်းနာရင်ကျပ် (asthma) နဲ့ အလာဂျီ ဖြစ်စေနိုင် ပါတယ်။

သူတို့က လေထုထဲက ရေငွေ့ကို ခန္ဓာကိုယ် ပြင်ပက glands လေးတွေက တဆင့် ရယူပါတယ်။ ခြောက်သွေ့တဲ့ သေချာ မသိမ်းဆည်း ထားတဲ့ အိပ်ရာတွေက မွှားလေးတွေကို ရေဓာတ် ကုန်ခန်းစေပြီး သေဆုံးစေ နိုင်တာကြောင့် တစ်ခါတစ်လေ အိပ်ယာ မသိမ်းတာက သင့်အတွက် ကောင်းကျိုး ရှိပါတယ်

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ