မိမိကလေးကိုနို့ဘူးနဲ့နို့တိုက်တဲ့ မိခင်တွေ အပြင်းအထန် ဝေဖန်ခံနေရ



မိမိရဲ့ ရင်သွေးတွေကို နို့ဘူး နဲ့ နို့တိုက်တဲ့ မိခင်တွေဟာ လူကြားထဲမှာ နို့တိုက်တဲ့ မိခင်တွေထက် နှုတ်ပိုင်းဆိုင်ရာ ဝေဖန်ခံရမှု များစွာကို ကြုံတွေ့ရနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုက ဆိုလိုက်ပါတယ်။

လက်ရှိမှာ Gwen Stefani ၊ Gisele Bundchen အစရှိတဲ့ အနုပညာရှင်တွေကသူတို့ရဲက လူမှုကွန်ရက်ဆိုက်တွေမှာ "Brelfie" လို့ခေါ်တဲ့ ကလေးနို့တိုက်နေတဲ့ Selfie ဓါတ်ပုံများစွာကို တင်ပြီး "Breast is best" ဆိုတဲ့ အစီအစဉ်တစ်ခုကို ပြုလုပ်နေပါတယ်။

မိဘရေးရာ ကျွမ်းကျင်သူတွေဟာ Channel Mum ဆိုတဲ့ အွန်လိုင်းဗီဒီယို ၀က်ဘ်ဆိုက်က တစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ကြတာကတော့ မိခင် တွေရဲ့ ထက်ဝက်အရေအတွက်ခန့်ဟာ သူတို့ရဲ့ ကလေးတွေကို ဖျော်စပ်ထားတဲ့ နို့ရည်တွေ တိုက်ကျွေးခြင်းနဲ့ သူတို့ရဲ့ ကလေး တွေ ကျန်းမာရေး မကောင်းအောင် ပြုလုပ်နေတာသာ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

စစ်တမ်းကောင်ယူမှု တစ်ခုအရလည်း ပန်းခြံနဲ့ စားသောက်ဆိုင်အစရှိတဲ့ ပြည်သူပိုင်နေရာတွေမှာ မိခင် ကိုယ်တိုင် နို့တိုက်ခြင်းဟာ နို့ပုလင်းနဲ့ နို့တိုက်ခြင်းထက် ပိုပြီးလက်ခံစရာဖြစ်ခဲ့ပါတယ်။ မိခင်နို့ရည်ပဲ တိုက်ကျွေးတဲ့ ၂၈ ရာခိုင်နှုန်းသော မိခင်တွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ ၃၉ ရာခိုင်နှုန်းသော နို့ပုလင်းနဲ့ ကလေးကိုနို့တိုက်တဲ့ မိခင်တွေဟာ အပြင်းအထန်ဝေဖန်ခံနေရတာ ကိုတွေ့ရပါတယ်။

ဒါ့အပြင်ပိုဆိုးတာက မိခင်ခြင်းဝေဖန်ခံနေရတာပါပဲ။ နို့ဘူးနဲ့ နို့တိုက်တတ်တဲ့ မိခင် ၅ ယောက်မှာ ၁ ယောက် ဟာ မိမိ ကလေးကို မိခင်နို့မတိုက်တဲ့အတွက် အခြားမိခင်တွေရဲ့ ဝေဖန်မှု ကို ခံနေရပါတယ်။ အခုမှ မိခင်ဖြစ်လာတဲ့ မိခင်အသစ် ၁၀ ယောက်မှာ ၇ ယောက်ခန့်ဟာလည်း လူကြားထဲမှ မိမိကလေးကို မိခင်နို့မတိုက်ရဲ ကြတဲ့အတွက် ဝေဖန်ခံနေရပါတယ်။

ဒါ့အပြင် မိခင် အယောက် ၅၀ မှာ ၁ ယောက်ဟာ အကောင်းဆုံးနည်းလမ်းနဲ့ မိမိ ကလေးကို နို့တိုက်နိုင်ဖို့အတွက် အွန်လိုင်းကနေ X-Rated ( ညစ်ညမ်းအဆင့်ရှိတဲ့) ဗီဒီယိုတွေကို ကြည့်ရှုပြီး လေ့လာခဲ့ရတယ်လို့ ၀န်ခံထားကြပါတယ်။

ထိုလေ့လာမှုကနေ သတိပေးခဲ့တာကတော့ မိခင်တွေအနေနဲ့ မိမိကလေးကို မိခင်နို့မတိုက်ကျွေးတဲ့အခါမှာ မိမိ ကလေးဟာ လိုအပ်တဲ့ ခန္ဓာကိုယ် အလေးချိန်ကို မရရှိပဲ ကျန်းမာရေး မကောင်းတဲ့ အနေအထား တွေ ကြုံတွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။


( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ