အသက်ရှူသည့်အခြေအနေကို စောင့်ကြည့်ပေးနိုင်သည့် စမတ်တီရှပ်ကို ထုတ်လုပ်


ကမ္ဘာတစ်ဝန်း၌ ၀တ်ဆင်နိုင်သည့်နည်းပညာ အမြောက်အများထွက်ပေါ်နေချိန်ဝယ် ကနေဒါနိုင်ငံရှိ Université Laval မှ ကျန်းမာရေးသုတေသီများကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာ ခံစားနေရသူများ၊ နှလုံးသွေးကြော ကျဉ်းရောဂါ ခံစားနေရသူများ အစရှိသူတို့ ၏ အသက်ရှူသည့် အခြေအနေကိုစောင့်ကြည့်ပေး နိုင်သည့် စမတ် တီရှပ်ကို ထုတ်လုပ်ထားကြောင်း သိရသည်။ ပန်းနာရင်ကျပ်ရှိသူတွေ၊ညအချိန်မှာတစ်ဆက်တစ်စပ်တည်းအိပ်မပျော်နိုင်သူတွေ၊ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူတွေရဲ့  အသက်ရှူတဲ့အခြေအနေကို အချိန်နဲ့ တပြေးညီစောင့်ကြည့်ပြီး အမောဖောက်ရင်၊ အသက် ရှူ ကျပ်ရင်၊ နှလုံးခုန်မူမမှန်တော့တဲ့အခြေအနေတွေ ထွက်ပေါ်လာရင် ချက်ခြင်း အကူ အညီပေးနိုင်အောင် သတင်းအချက်အလက်ပေးပို့ မယ့် စမတ်တီရှပ်ကို ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်ဟု သုတေသီတစ်ဦးဖြစ်သူ Younes Messaddeq က ပြောပြသည် ။

 ဖော်ပြပါစမတ်တီရှပ်ကို ရောဂါခံစားနေရနှင့်ပြီးသူ ဝေဒနာရှင်များကို စောင့်ကြည့်ပေးရန် အသုံးပြု နိုင်မည့်အပြင် ရောဂါရှာဖွေရန်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ၄င်းတီရှပ်ကို ၀တ်ဆင် ထားစေခြင်းဖြင့် မည်ကဲ့သို့ သော ရင်ခေါင်းရောဂါဖြစ်နေသည်ကို စမ်းသပ် သိရှိနိုင် မည်ဖြစ်ကြောင်း ၊ ရင်ခေါင်းရောဂါ ဆိုရာဝယ် ရင်ခေါင်းဧရိယာရှိ အသက်ရှူလမ်းကြောင်း၊ အဆုပ်၊ နှလုံး အစရှိသည်တို့ ကို ဆိုလိုကြောင်း သိရသည်။ အဆိုပါ စမတ်တီရှပ်တွင် ၀ါယာ၊ အီလက်ထရုတ်၊ ဆင်ဆာ အစရှိသည်တို့ ပါဝင်ကြောင်း၊ ၄င်းတို့ က ၀တ်ဆင် ထားသူ၏ ခန္ဓာကိုယ်နှင့်ထိတွေ့ ကာ အသက်ရှူနှုန်းနှင့် အခြား တိုင်းတာ စရာ ရှိသည်များကို စောင့်ကြည့်တိုင်း တာ ပေးကြောင်း၊ တိုင်းတာရရှိသည့်အချက်အလက်များကို စမတ်ဖုန်းထဲသို့ ပို့ ပေးပြီး လူနာတစ်ဦးအတွက် မည်သို့ စောင့်ရှောက်မှုမျိုးကို လိုအပ်နေသည် သို့ မဟုတ် ရောဂါရှာဖွေရာတွင် မည်ကဲ့သို့ သော ရောဂါဖြစ် နေသည် အစရှိသည်တို့ ကို အဖြေရှာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတီရှပ်သည် အကျပ်မဟုတ်ဘဲ ချောင်ချိစွာဝတ်ဆင်နိုင်မည့် တီရှပ် အမျိုး အစားဖြစ်ကြောင်း ၊ ထို့ အပြင် ပုံမှန်လျှော်ဖွပ်ခြင်းတို့ ကိုလည်း ပြုလုပ်နိုင်ပြီး အတွင်းပိုင်း တွင်မြုပ်နှံထား သည့် အီလက်ထရွန်းနစ်ပစ္စည်းများကို တစ်စုံတစ်ရာ ထိခိုက်စေမည်မဟုတ်ကြောင်း၊ယခုအခါ လူအိုရုံများတွင် စမ်းသပ်အသုံးပြုသွားရန် စီစဉ်လျက်ရှိ ပြီး စမ်းသပ်မှုများအောင်မြင်သွားပါက ဈေးကွက်သို့ တင်ပို့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ