အ၀လွန်ရောဂါသောက်ဆေးက လေ့ကျင့်ခန်းတွေအစား နေရာယူလာနိုင်


မကောင်းတဲ့ အဆီပိုတွေကို ကောင်းမွန်တဲ့အဆီအဖြစ် ပြောင်းလဲပစ်ပေးနိုင်တဲ့ အ၀လွန်ရောဂါသောက်ဆေးတွေဟာ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ ဆီးချိုရောဂါအဆင့်နှစ်၊ နှလုံး ရောဂါနဲ့ ကင်ဆာရောဂါ အန္တရာယ် တွေကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှုတွေအရ သိရှိရတယ်။

အဲဒီတွေ့ရှိမှုမှာ လေ့ကျင့်ခန်းကို အပြင်းအထန်ကြိုးပမ်းနေရတာကို အစားထိုးနိုင်မယ့် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း သိပံ္ပပညာရှင်တွေ က ပြောကြားခဲ့တယ်။ ဟားဗတ်က Harvard Stem Cell Institute နဲ့ မန်ဆာချူးဆက် အထွေထွေဆေးရုံတို့မှ သုတေသနပညာရှင်တွေက မကောင်းတဲ့ အဖြူရောင်အဆီဆဲလ် တွေကို ကောင်းမွန်တဲ့ အညိုရောင် အဆီဆဲလ်တွေအဖြစ် ပြောင်းလဲပေး နိုင်မယ့် မော်လီကျူးနှစ်မျိုးကို လေ့ လာတွေ့ရှိခဲ့ကြတာဖြစ်တယ်။

လူကို ၀လာစေတဲ့ အဖြူရောင် အဆီဆဲလ်တွေကို အညိုရောင်ဆဲလ် တွေအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ မော် လီကျူးငယ်နှစ်ခုကို သုတေသနပြု တွေ့ရှိခဲ့တာဖြစ်တယ်။ အညိုရောင် ဆဲလ်တွေဟာ စွမ်းအင်ကို ကောင်းမွန်စွာလောင်ကျွမ်းနိုင်ပြီး အဖြူရောင် ဆဲလ်တွေရဲ့ အရွယ်အစားနဲ့ ပမာဏ ကို လျှော့ချပေးနိုင်မှာဖြစ်ကြောင်း သိရတယ်။

အဲဒီနည်းလမ်းမှာ ဆီးချိုရောဂါ အဆင့်နှစ်နဲ့ တခြားသော အဆီပို များခြင်းနဲ့ဆက်စပ်နေတဲ့ ရောဂါမျိုး ဖြစ်ပွားခြင်းမှ လျှော့ချနိုင်လိမ့်မယ် ဖြစ်ကြောင်း သိရတယ်။

အထက်ပါနည်းလမ်းရဲ့ ကောင်း ကျိုး သက်ရောက်မှုကို သိနိုင်စေဖို့ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လေ့လာဖို့ လိုသေးကြောင်း သုတေသန ပညာရှင်တွေက ပြောတယ်။ ဘယ်လို ပဲဆိုစေ ပိန်သွယ်ပြီး လှပနေစေဖို့ ဆေးတွေက အထောက်အပံ့ပေးနိုင် ပေမယ့်လည်း လေ့ကျင့်ခန်းပြုလုပ် ခြင်းရဲ့ အကျိုးကျေးဇူးကိုတော့ အစားထိုးနိုင်မှာ မဟုတ်ကြောင်း လေ့လာသူတွေက သတိပေးပြော ကြားထားတယ်။

Ref ; Daily Mail
ညွန့်လွင်(စက်မှုတက္ကသိုလ်)
Health Updates Journal No. 149
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ