တတ်တူးဖျက်ခရင်ကို အသုံးပြုမိတဲ့ ထိုင်းအမျိုးသမီးတစ်ဦးရဲ့ ဆိုးရွှားတဲ့ အဖြစ်အပျက်


 အဖြစ်အပျက်တစ်ခုကို မပြုလုပ်ခင်မှာ လုပ်သင့်မလုပ်သင့်ဆိုတာတော့ သေချာစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အားလုံးကို အလွဲလွဲ အချော်ချော်ဖြစ်သွားနိုင်ပါတယ်။ အခုလည်း ထိုင်းအမျိုးသမီးတစ်ဦးဟာ သူရဲ့တတ်တူးကို ဖျက်ပစ်ချင်တာကြောင့် တတ်တူးဖျက်ဆေးတစ်ခုကို ဘုမသိဘာမသိ သုံးစွဲမိလိုက်ရာ တော်တော်ဆိုးတဲ့ ရလဒ်တွေ ဖြစ်ပေါ်သွားခဲ့ရပါတယ်။

 Pasuda Reaw လို့အမည်ရတဲ့ ထိုင်းအမျိုးသမီးတစ်ဦးဟာ သူရင်ဘတ်မှာ ထိုးထားတဲ့ တတ်တူးတစ်ခုကို စိတ်တိုင်းမကျတော့တာကြောင့် ဖျက်ပစ်ဖို့ စိတ်ကူးလိုက်ပါတယ်။ ဒါနဲ့ Pasuda Reaw ဟာ Rejuvi အမည်ရ တတ်တူးဖျက်ဆေးကို အသုံးပြုလိုက်ပါတယ်။ Rejuvi ဆေးဟာ အရေပြားပေါ်မှာ ထိုးထားတဲ့ တတ်တူးပေါ်မှာ လိမ်းပေးရတဲ့ ဓာတုဆေးတစ်မျိုးဖြစ်ပါတယ်။ Pasuda Reaw အနေနဲ့ကလည်း Rejuvi တတ်တူးဖျက်ဆေးကို ယုံယုံကြည်ကြည် အသုံးပြုမိပြီးနောက် တတ်တူးတွေ ပျက်သွားမယ်လို့ စိတ်ချယုံကြည်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် Rejuvi တတ်တူးဖျက်ဆေးလိမ်းပြီး ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ သူမမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ပါတယ်။

 တတ်တူးဖျက်ဆေးလိမ်းပြီး ရက်ပိုင်းအကြာမှာ Pasuda Reaw ရင်ဘက်က တတ်တူးတွေဟာ ပျက်သွားခဲ့ရပါတယ်။ ဒီလို တတ်တူးတွေ ပျက်သွားခဲ့ရပေမယ့် ရောင်စုံတတ်တူးနေရာမှာ အနာတွေလိုလို ပြည်တွေလိုလို ဖြစ်လာခဲ့ရပါတယ်။ Rejuvi ဆေးက Pasuda Reaw ရင်ဘက်က တတ်တူးကိုရော Rejuvi ရဲ့အရေပြားကိုပါ မပျက်ပျက်အောင် ဖျက်ဆီးသွားခဲ့ပါတယ်။ Pasuda Reaw ကတော့ သူရဲ့မစဉ်းစား မဆင်ခြင်ခဲ့ပဲ သုံးစွဲမှုခဲ့မှုကြောင့် အရမ်းကိုစိတ်ပျက်နေရသလို အနာတွေလည်း အလျင်အမြန် ပြန်ကောင်းဖို့ မျှော်လင့်နေပါတယ်။

 Pasuda Reaw က သူမရဲ့အဖြစ်အပျက်များကို ဓါတ်ပုံများစွာ ရိုက်ကူးထားပြီး အင်တာနက်စာမျက်နှာပေါ်မှာ ဖော်ပြသွားခဲ့ပါတယ်။ Pasuda Reaw က သူရဲ့ဓါတ်ပုံများဟာ အင်တာနက်ပေါ်မှာ တင်ခဲ့တာဟာ အင်တာနက်သုံးစွဲသူများကို စိတ်ကသိကအောက် ဖြစ်နိုင်စေပေမယ့် သူလို တတ်တူးဖျက်ချင်သူများ မဆင်မခြင် အသုံးပြုခြင်းမရှိရအောင်လို့ သတိပေးတိုက်တွန်းချင်တာကြောင့်ဖြစ်တယ်လို့ ပြောဆိုရှင်းလင်းခဲ့ပါတယ်ခင်ဗျာ။

 VitamiN

 #healthy.thithtoolwin.com

  Ref:viral4real

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ