ဘယ်ရီသီးနဲ့ ၀ိုင်နီတွေမှာ ပါဝင်တဲ့ Biochemical ဓါတ်တွေက ပန်းသေပန်းညှိုးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်



လေ့လာတွေ့ရှိချက်အသစ်အရ ဘယ်ရီသီး၊ ၀ိုင်နီ စတာတွေမှာပါဝင်တဲ့ Flavonoids ဓါတ်ကြွယ်ဝမှုဟာ ပန်းသေပန်းညိုးဖြစ်ခြင်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

Harvard T.H. Chan School of Public Health နဲ့ University of East Anglia မှ သုတေသီတွေ စုပေါင်းစမ်းသပ်ချက် အစီရင်ခံစာကို American Journal of Clinical Nutrition ဂျာနယ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
Flavonoids ဟာ အသီးအနှံနဲ့ အသီးအရွက်တွေရဲ့ တောက်ပတဲ့အရောင်အတွက် ပါဝင်တဲ့ Biochemical ဓါတ်တစ်မျိုးဖြစ်ပါတယ်။ သုတေသီတွေက ဓါတ်ပေါင်းသုံးခုဖြစ်တဲ့ flavonoids -- anthocyanins, flavanones, flavones တို့နဲ့ ပန်းသေပန်းညိုးဖြစ်ပွားမှုနှုန်း ကျဆင်းစေတဲ့ ဆက်နွယ်ချက်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

 “ ဒီလို flavonoids ဓါတ်မြင့်မားစွာပါဝင်တဲ့ အစားအသောက်တွေကို ပုံမှန်စားသုံးတဲ့ အမျိုးသားတွေဟာ တခြားသူတွေထက် ပန်းသေပန်းညှိုးဖြစ်ပွားနှုန်း ၁၀ %  အထိ လျော့နည်းမှာ ဖြစ်ပါတယ်။” လို့ East Anglia မှ အဟာရဓါတ်ဆိုင်ရာ ပါမောက္ခ Aedin Cassidy က ရှင်းလင်းပြောပြသွားတာ ဖြစ်ပါတယ်။

 “ ပန်းသေပန်းညှိုးရောဂါရှိသူ အမျိုးသားတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားအားကစား၊ မှန်ကန်တဲ့ စားသောက်မှုပုံစံ အစရှိတဲ့ ပိုမိုကျန်းမာတဲ့ လူနေမှုပုံစံတွေကို ရွေးချယ်နေထိုင်ဖို့ တိုက်တွန်းပါတယ်” လို့လည်း သူကဆိုပါတယ်။


( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ