Repair after delivery မွေးဖွါးပြီးပြုပြင်ခြင်း


ဆရာ ကျွန်မ အသက် (၂၄) နှစ်ပါ။ ကိုယ်ဝန် ၃ လထဲမှာပါ။ ကလေးမွေးတဲ့အခါ ရိုးရိုးမွေးရမလား။ ခွဲ မွေးရမလား ဆုံးဖြတ်ရ ခက်ခဲနေပါတယ်ဆရာ။ အဒေါ်ဖြစ်သူက ခွဲမွေးခိုင်းပါတယ်ဆရာ။ မိဘတွေကတော့ အသက်ငယ်သေးတော့ ရိုးရိုးပဲ မွေးခိုင်းပါတယ်ဆရာ။ အဒေါ်နဲ့ သူငယ်ချင်းတွေက ခွဲမွေးပါတဲ့။ ရိုးရိုးမွေးတာက မိန်းမကိုယ်အင်္ဂါ ကျယ်သွားပြီး အချိန်ကြာလာတာနဲ့အမျှ အမျိုးသားဘက်က စိတ်ကုန်လာပါတယ်တဲ့။ သမီးကို အကြံဥာဏ်ပေးပါဦး ဆရာရှင့်။

ရိုးရိုးမွေးရင် မွေးလမ်းချဲ့ရတယ်။ Episiotomy လို့ခေါ်တယ်။ ချဲ့တာကို ပြန်ချုပ်ပေးပါတယ်။ ချဲ့တာမလုံလောက်လို့ဖြစ်ဖြစ် မထင်မှတ်တာကြုံလာလို့ဖြစ်ဖြစ် မွေးနေရင်း ဆက်ချဲ့ရတာလည်း ရှိတတ်တယ်။ တချို့ စုတ်ပြဲတာလည်းရှိတယ်။ ဘယ်လိုဖြစ်ဖြစ် ပြန်ချုပ်ရင် အကောင်းဖြစ်တယ်။ ချုပ်ရိုးအဆင်မပြေတာလည်း ဖြစ်တတ်တယ်။ ဖြစ်တာကို စနစ်တကျ ကုသလို့ရတယ်။ အနာကောင်းအောင်စောင့်ပြီး အချိန်ယူပြန်ချုပ်ပေးနိုင်တယ်။ ချဲ့-ချုပ်ပေးတဲ့ဆရာဝန် အတွေ့အကြုံရှိတာ ကောင်းတယ်။ တခါတလေမှာ အရေးပေါ်လို ချွေးပြန်အောင်လုပ်ရာတမျိုးရှိတယ်။

ခွဲမွေးတာမှာလည်း သတိထားစရာတွေရှိတယ်။ ခါးထုံဆေးကနေ တချို့မှာ နောက်ဆက်တွဲရတတ်တာရှိတယ်။ ဗိုက်-ဆီးစပ်မှာ ချုပ်ရိုးအမာရွတ်ရှိနေမယ်။ တချို့က ကီးလွိုက် ခေါ် ဆိုးတဲ့အမာရွတ်ဖြစ်တယ်။ ဗိုက်ခွဲမွေးတာ (၃) ခါသာ အများဆုံးရမယ်။

အင်္ဂါကျဉ်းလိုရင် အချိန်မရွေးပြင်လို့ရတယ်။ ကြိုက်သလောက် ကျဉ်းပေးနိုင်တယ်။ ဆရာဝန် အတွေ့အကြုံရှိတာ ကောင်းတယ်။ မွေးလမ်းမှာ အဝနေရာနဲ့ အတွင်းလှိုင်ခေါင်းနေရာရှိတယ်။ နှစ်နေရာလုံး အနေတော်ဖြစ်တာကောင်းတယ်။ နှစ်မျိုးလုံးကို ပြင်ဘို့ လိုနိုင်တယ်။ လုပ်ပေးလို့ရတယ်။ ဆီးအိမ်-သားအိမ်-အစာဟောင်းအိမ်ကျတာကိုပါ ကောင်းအောင် ပြင်လို့ရတယ်။

နောက့့် ကြွက်သားအားကောင်းသူနဲ့ အားနည်းသူရှိတယ်။ မျိုဗီဇကိုက ကံကောင်းသူတွေရှိတယ်။ ဗိုက်ကြည့်တာနဲ့ ကလေးမွေးဘူးမှန်းမသိပါ။ တချို့အမျိုးသမီးတွေ အသားအရေကောင်းတယ်။ ချုပ်ရိုးအမာရွတ် နည်းနည်းလေးသာ ထင်တယ်။ အဲလိုမဟုတ်သူတွေလည်းများတယ်။ Stretch marks ခေါ်တဲ့ အကြောပြတ်တာ ကိုယ်ဝန်ရှိကတည်းက ဖြစ်တယ်။ ခွဲမွေးသူလည်းဖြစ်တယ်။ အပျိုတွေမှာလည်းဖြစ်ပါတယ်။ အဲတာပြင်မရပါ။ ဗိုက်ချပ်ဆေး၊ မွေးလမ်းကျဉ်းဆေး၊ အာတာတွေအားလုံးက အကြံအဖန်တွေသာဖြစ်တယ်။

ဘယ်လိုမွေးမွေး ကီဂယ်လေ့ကျင့်ခန်းလိုတယ်။ အနေအထိုင်လိုတာရှိတယ်။ ပိုတက်ဆီယမ် နည်းတာရှိတယ်။ မျိုးဗီဇကလည်း အရေးပါတယ်။ ကျန်းမာရေးမှာ မှန်ကန်တဲ့အသိလိုတယ်။ ကံတရားလည့်း့


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ