High hemoglobin သွေးအားများရောဂါ


ဆရာခင်ဗျာ ကျနော့် အသက် ၃ဝ ပါခင်ဗျ။ သွေးဖိအား ၁၃ဝ/၈ဝ ပါခင်ဗျာ။ သွေးတိုးရှိလားခင်ဗျာ။ မျက်ခွံနှစ်ဖက်က အမြဲတမ်းလေးနေတတ်တယ်ခင်ဗျ။ ခြေလက်လဲ ထုံကျင်တတ်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်လောက်ကတော့ သွေးစစ်ဖူးပါတယ်။ Triglycride နဲ့ RBC နဲနဲများတယ်ခင်ဗျာ။ သွေးတိုးရှိခဲ့ရင် ဘာဆက်လုပ်သင့်လဲဆိုတာ ညွှန်ကြားပေးပါခင်ဗျာ။ ဆရာ့မိသားစုအားလုံး ကျန်းမာပါစေခင်ဗျာ။

မေးတဲ့သူမှာ သွေးတိုးမရှိပါ။ အဆီဓါတ်များနေတယ်။ ကိုလက်စထောစာပို့ပါမယ်။ သွေးနီဥဆိုတာ ပုံမှန် ယောက်ျားလူကြီးတွေမှာ RBC 700,000 to 5.2 million per mcL ရှိရတယ်။ ပုံမှန်လူကြီး အမျိုးသမီးတွေမှာ 500,000 to 4.6 million per mcL ရှိတယ်။

High RBC (red blood cell) သွေးနီဥများနေခြင်း
အောက်စီဂျင်ရတာနည်းခြင်းနဲ့ သွေးနီဥထုတ်ပေးတာများခြင်းတွေကနေဖြစ်စေတယ်။ ကျောက်ကပ်မကောင်းတာနဲ့ တခြားရောဂါတွေရှိနေလို့လည်းဖြစ်နိုင်တယ်။ အောက်စီဂျင်နည်းတယ်ဆိုတာ Congenital heart disease in adults နှလုံးရောဂါ၊ Heart failure နှလုံးအလုပ်မနိုင်တော့တာ၊ High altitudes မြင့်တဲ့အရပ်ဒေသမှာနေရတာ၊ Pulmonary fibrosis အဆုပ်ရောဂါ၊ Sleep apnea အအိပ်ပျက်ရောဂါ၊ Smoking ဆေးလိပ်သောက်တာ၊ Performance-enhancing drugs မူးယစ်ဆေးတမျိုး သုံးစွဲတာ၊ Anabolic steroids ကာယဗလတိုးဆေးသုံးတာ၊ Blood transfusion သွေးသွင်းတာ၊ Injections of erythropoietin သွေးနီဥများဆေး ထိုးတာ၊ Increased red blood cell concentration သွေးပျစ်တာ တွေကနေလည်း ဖြစ်စေတယ်။ Dehydration ရေဓါတ်နည်းလွန်းတာနဲ့ Kidney disease ကျောက်ကပ်ရောဂါ ကနေလည်း ဖြစ်စေနိုင်တယ်။ Bone marrow overproduction ရိုးတွင်းခြင်ဆီထုတ်လုပ်မှုလွန်ကဲတာ Polycythemia vera ရောဂါ ကနေလည်း ဖြစ်စေတယ်။

ဆရာရှင့် သမီးရဲ့ ရင်သွေးလေးကို ၃ဝ ရက်နေ့ ညနေ ၃ နာရီ ၃၈ မှာ လေးပေါင်ဖြင့် မွေးဖွားပြီးပါတယ်။ ကလေး ကျန်းမာရေးကောင်းတယ်။ ပေါင်မပြည့်တာ တခုပဲလို့ ပြောပါတယ်။ ဒီနေ့မနက်မှ ကလေးက သွေးနီဥတွေ အရမ်းများပြီး သွေးပျစ်နေတယ်။ ပုံမှန် ၆၅ ရှိရမှာ ၇၂ ထိရှိနေတယ်လို့ပြောပါတယ်ဆရာ။ ချက်ကနေတဆင့် မြန်မာလို ဆားရည် သွင်းရမယ်ပြောပါတယ်။ ကောင်းကျိုး ဆိုးကျိုးနဲ့ ဖြစ်နိုင်ချေတွေ သိချင်ပါတယ်ဆရာ။ သားဦး ယောက်ျားလေးဆိုတော့ အရမ်းကို ယူကျုံးမရဖြစ်ရပါတယ်ဆရာ။

Haemoglobin များများလာလို့ သွေးဖေါက်ထုတ်ရတဲ့ ရောဂါအကြောင်းလဲ အလျှဉ်းသင့်ရင် ပြောပြပေးပါခင်ဗျား။

လူတွေမှာ သွေးကနီရဲနေတာဟာ (ဟီမိုဂလိုဘင်) ကြောင့် ဖြစ်တယ်။ သံဓါတ်သုံးပြီးတည်ဆောက်ထားတယ်။ သံဓါတ်နည်းရင် Anemia သွေးအားနည်းတာလို့ အများကသိကြတယ်။ အခုမေးတဲ့သူမှာ ပြောင်းပြန် ပုံမှန်ထက် များနေတယ်။ (ဟီမိုဂလိုဘင်) ဘယ်လောက်ရှိသလဲ၊ အသက်၊ ကျား-မ အရမတူကြဘူး။
• မွေးကာစကလေး =17-22 gm/dl
• ၇ ရက်အရွယ်ကလေး = 15-20 gm/dl
• တလသားကလေး = 11-15gm/dl
• ကလေးအရွယ် = 11-13 gm/dl
• လူကြီး ယောက်ျား = 14-18 gm/dl
• လူကြီး မိန်းမ = 12-16 gm/dl
• အသက်ကြီး ယောက်ျား = 12.4-14.9 gm/dl
• အသက်ကြီး မိန်းမ = 11.7-13.8 gm/dl

ဒီအခြေအနေတွေမှာ (ဟီမိုဂလိုဘင်) ရှိသင့်တာထက်နည်းမယ်။
1. Anemia (အနီးမီးယား) သွေးအားနည်းခြင်း = (ဟီမိုဂလိုဘင်) နည်းခြင်း၊
2. Erythropoietin deficiency = (ဟီမိုဂလိုဘင်) ချို့ယွင်းခြင်း (ကျောက်ကပ်ရောဂါ)၊
3. Blood transfusion = သွေးသွင်းရာမှ သွေးနီဥပျက်စီးခြင်း၊
4. Bleeding = သွေးယိုခြင်း
5. Lead poisoning = ခဲဆိပ်သင့်ခြင်း၊
6. Malnutrition = အစာအာဟာရချို့တဲ့ခြင်း၊
7. Iron, Folate, Vitamin B-12, B-6 deficiencies = သွေးတည်ဆောက်ဘို့လိုတဲ့ဓါတ်တွေချို့ယွင်းခြင်း၊
8. Over hydration = ရေဓါတ်လွန်ကဲခြင်း။

ဒီအခြေအနေတွေမှာ (ဟီမိုဂလိုဘင်) ရှိသင့်တာထက်များနေမယ်။
• သွေးနီဥများများထုတ်ပေးခြင်း၊
• သွေးယို-သွေးလွန်-သွေးသွန်ခြင်း
• အာဟာရချို့တဲ့ခြင်း၊
• ပုံမှန်မဟုတ်တဲ့ (ဟီမိုဂလိုဘင်)၊
• မြင့်ရာအရပ်မှာနေထိုင်ခြင်း၊ လေထဲမယ် အောက်စီဂျင်နည်းနေတယ်။
• ဆေးလိပ်သောက်ခြင်း၊
• ရေဓါတ်နည်းခြင်း၊
• မွေးရာပါနှလုံးရောဂါ၊
• ရိုးတွင်းခြင်ဆီရောဂါ၊
• Polycythemia vera = သွေးဥလွန်ကဲခြင်း (ပေါ်လီဆိုက်သီးမီးယား-ဗာရာ)၊
• Cor pulmonale အဆုပ်ရောဂါတမျိုး (ကော်-ပါလ်မိုနယ်လေး)၊ သွေးတိုးကြောင့် နှလုံးညာဘက်ခန်းတွေ အလုပ်မနိုင်ဖြစ်ခြင်း
• Pulmonary fibrosis အဆုပ်ရောဂါတမျိုး (ပါလ်မိုနရီ-ဖိုက်ဘရိုးဆစ်)၊
• Anabolic steroid (စတီရွိုက်) ဆေးသုံးခြင်း။

(ဟီမိုဂလိုဘင်) ရှိသင့်တာထက်များနေခြင်းဟာ နည်းလမ်း ၂ ခုကနေဖြစ်စေတယ်။
၁။ သွေးနီဥတွေ ထုတ်လုပ်တာ လွန်ကဲခြင်း၊ သွေးကနေ အောက်စီဂျင်ကို သယ်ယူနိုင်စွမ်းနည်းလို့ အလျှင်မီအောင် ထုတ်ပေးနေလို့ ဖြစ်ရတယ်။ (ဆပ်ပလိုင်း-ဒီမန်) သဘောအရလို့ပြောနိုင်တယ်။

၂။ သွေးရည်ကြည်က နည်းနေလို့ သွေးနီဥကယှဉ်ကြည့်ရင် များတာ၊ နှိုင်းရအများလို့ ပြောမယ်။
Hematocrit = <0 .50="" 160="" br="" emoglobin="" g="" of="" value="">(၁) Peripheral cyanosis ခြေဖျား-လက်ဖျားပြာနှမ်းလာခြင်း၊
(၂) စိတ်ပိုင်အလုပ်လျှော့နည်းလာခြင်း၊ အသိဥာဏ်နည်းခြင်း၊ မူးဝေခြင်း၊ စိတ်ရှုတ်ထွေးခြင်း၊
(၃) Thromboembolism သွေးခဲပိတ်ခြင်းဖြစ်တာ သူများထက် သိသိသာသာများတယ်။ ဖြစ်တဲ့နေရာမှာ ရောင်မယ်၊ ထုံမယ်၊ အမြင်-အကြားချို့ယွင်းမယ်။

ဘယ်လိုကုသမလဲ ဒီလိုဖြစ်တာကို ရောဂါကြီးရယ်လို့ မသတ်မှတ်ပါ။ ဖြစ်စေတတ်တဲ့ အကြောင်းရင်ကိုလဲ ကုသတယ်။ ခံစားရတဲ့ လက္ခဏာတွေကိုလဲ ကုသပေးရတယ်။ စီးကရက်သောက်ခြင်း၊ မွေးရာပါနှလုံးရောဂါရှိနေခြင်း၊ Cor pulmonale နှလုံးရောဂါရှိနေခြင်း၊ Renal cell carcinoma ကျောက်ကပ်ကင်ဆာရှိနေခြင်း၊ သွေးထဲမှာ အောက်စီဂျင်နည်းနေခြင်း၊ Pulmonary fibrosis အဆုပ်ရောဂါ တမျိုးရှိနေခြင်း၊ ရိုးတွင်းခြင်ဆီရောဂါတမျိုးရှိနေခြင်း၊ အမြင့်ပေ များရာမှာ နေထိုင်ရခြင်း၊ Gentamicin နဲ့ Methyldopa ဆေးတွေကနေလည်း သွေးနီဥများစေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ