ခေါင်းကိုက်စေတဲ့ အကြောင်းရင်းများ




ခေါင်းကိုက်ခြင်းဟာ တစ်ခါတစ် ရံမှာ နာတာရှည် အာရုံကြောပြဿနာ တွေကြောင့် ဖြစ်ပွားရပြီး အလယ်အလတ် ကနေ ပြင်းထန်တဲ့ အခြေအနေအထိ ခံစားရနိုင်ပါတယ်။

migraine  ခေါင်းကိုက်ခြင်းကတော့ အမျိုးသမီး တွေမှာ ပိုအဖြစ်များပြီး စိတ်ဖိစီးမှုများ ရင်လည်း ဖြစ်တတ်ပါတယ်။ ခေါင်း ကိုက်ခြင်းဟာ ဦးနှောက်မှာ အနာဖြစ် ပွားနိုင်တဲ့အဆင့်အထိ ရောက်နိုင်တဲ့ အတွက် ခေါင်းကိုက်ခြင်းကိုဖြစ်ပွား စေတဲ့အကြောင်းအရင်းတွေကို နားလည်ထားသင့်ပါတယ်။

၁။ ယမကာ

ယမကာမှီဝဲခြင်းဟာ စိတ်ဖိစီးမှုနဲ့ တင်းအား (tension)တွေကို မြင့်တက်စေတဲ့အတွက် ယမကာ မှီဝဲသူတွေဟာ စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားတဲ့ ခေါင်းကိုက်ခြင်းကို ခံစား ရနိုင်ချေများပါတယ်။

၂။ ကဖင်း

ကော်ဖီ၊ လက်ဖက်ရည်လို ကဖင်းဓာတ်များတဲ့ သောက်စရာတွေ ကို သင့်တင့်တဲ့ပမာဏသာသောက် သုံးသင့်ပါတယ်။လိုတာထက် ပိုတယ် ဆိုရင်စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်းတွေကို ကြုံတွေ့ရပြီး migraine လို ဆိုးရွားတဲ့ ခေါင်း ကိုက်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။

၃။ အိပ်မပျော်ခြင်း

အိပ်စက်မှုအချိန် ကာလကို ဂရုမစိုက်ခြင်း၊ လုံလောက် တဲ့အိပ်စက်ချိန်မရခြင်းတွေဟာ လည်းခေါင်းကိုက်စေပါတယ်။ စိတ် ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရေးကို ယိုယွင်း စေပြီး ဆိုးရွားတဲ့ ခေါင်းမူး၊ ခေါင်း ကိုက်ခြင်းကို အိပ်ရေးပျက်တာများ ရင် ကြုံတွေ့ရစေပါတယ်။

၎။ ရာသီဥတု

ပူလွန်းခြင်း၊ အေး လွန်းခြင်း၊ စိုစွတ်လွန်းခြင်းစတဲ့ တစ်ဖက် စွန်းရာသီဥတုတွေဟာလည်း ခေါင်း ကိုက်စေပါတယ်။

၅။ ဆူညံသံ

အသံကျယ်ကျယ်လောင် လောင်ကို အချိန်ကြာမြင့်စွာ ကြား နေရခြင်း၊ အသံ pitch မြင့်တဲ့ ကိရိ ယာများနဲ့ အလုပ်လုပ်ရခြင်းတွေဟာ လည်း ပြင်းထန်တဲ့ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

( NSD )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : health.com


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ