သင်္ဘောသီးနှင့် ကျန်းမာရေး


''အစာလည်းဆေး၊ဆေးလည်းအစာ''ဟူ၍မြန်မာစကားပုံရှိပါသည်။ မြန်မာလူမျိုးတို့ ကြိုက်နှစ်သက်သည့် အသီးအနှံ တစ်မျိုးဖြစ်သောသင်္ဘောသီးကို မြန်မာနိုင်ငံတွင် လွယ်လင့်တကူ ရရှိနိုင်ပါသည်။ ဓာတ်မြေသြဇာနှင့် ရွက်ဖျန်းအား တိုးဆေးများ အလွန်အကျွံ သုံးစွဲစိုက်ပျိုးထားခြင်း မရှိသော၊ ဝင်းမှည့်စေရန် သဘာဝနည်း မဟုတ်ဘဲ ဓာတုဆေးများ သုံးစွဲထားခြင်းမရှိသော၊ သဘာဝသင်္ဘောသီး၏ ကျန်းမာရေးနှင့် ပတ်သက်၍ အသုံးဝင်ပုံ အချို့ကို ရေးသားဖော်ပြလိုပါသည်။

သင်္ဘောသီးတွင် ပါဝင်သော အာဟာရများ
၁ဝဝ ဂရမ် အလေးချိန်ရှိသော သင်္ဘောသီးတစ်လုံး စားသုံးခြင်းဖြင့် စွမ်းအင် ၄၃ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၁၁ဂရမ်၊ သကြားဓာတ် ၈ ဂရမ်၊ အမျှင် ပမာဏ၂ ဂရမ်၊ ပရိုတင်းဓာတ် သုည ဒသမ ၄၇ဂရမ်၊ အဆီဓာတ် သုည ဒသမ၂၆ ဂရမ်၊ ဗီတာမင်စီ ၆၂ မီလီဂရမ်၊ ဗီတာမင်အေ ၄၇ မိုက်ခရိုဂရမ်၊ ဗီတာကယ်ရိုတင်း၂၇၄ မိုက်ခရိုဂရမ်၊Lutein zeaxanthin ၈၉ မိုက်ခရိုဂရမ်၊ ဖောလစ်အက်စစ် ၃၈ မိုက်ခရိုဂရမ်၊ ပိုတက်စီယမ်ဆားဓာတ် ၁၈၂မီလီဂရမ်တို့ကိုရရှိစေနိုင်သည်။ ထို့ပြင် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်B1၊ B3၊ B5၊ E နှင့်K ပမာဏ အနည်းငယ်စီရရှိစေနိုင်သည်။

အသားအရေကို စိုပြည်ဝင်းပစေသည် သင်္ဘောသီးကိုလှီး၍ အဝိုင်းပုံ သဏ္ဌာန်ပြုလုပ်ကာ မျက်နှာတွင် ကပ်ပေးပါက ဝက်ခြံ၊ တင်းတိပ်နှင့် မှဲ့ခြောက်များကို ပျောက်ကင်းစေပြီး အသားအရေကို နူးညံ့ပျော့ေ ပျာင်းစေသည်။ သင်္ဘောသီးတွင် ဗီတာမင်စီ၊ ဗီတာမင်အီးနှင့် ဗီတာကယ်ရိုတင်းကဲ့သို့သော Antioxidants ဓာတ်များ မြောက်မြားစွာပါဝင်သော ကြောင့် အရေပြားပျက်စီးမှုမှ ကာကွယ်ပေးသည်။ မျက်နှာပေါ်ရှိ အရေးအကြောင်းများကို ပျောက်ကွယ်စေပြီးနုပျိုစေ သည်။

ထို့ကြောင့်လည်း အလှကုန်ပစ္စည်းများ ထုတ်လုပ်သော ကုမ္ပဏီများက ၎င်းတို့၏ အလှကုန်များတွင် သင်္ဘောသီးကို ထည့်သွင်း ဖော်စပ်ထားကြလေသည်။ ထို့ပြင် သင်္ဘောသီးဖျော်ရည်ကို ထိခိုက်ဒဏ် ရာများပေါ်သို့ သုတ်လိမ်းပေးပါက ရောင်ရမ်းမှုကိုလျော့ကျစေပြီး ပြည်တည်ခြင်းကို တားဆီးပေးကာ အနာကျက်လွယ်သည်ဟုဆိုသည်။

ကိုယ်ခန္ဓာ အလေးချိန် လျှော့ချရာတွင် အသုံးဝင်သည် သင်္ဘောသီးတွင် ကယ်လိုရီဓာတ်နှင့် အဆီဓာတ် အနည်းငယ် သာပါဝင်သည်။ ရေဓာတ်နှင့် အမျှင်ဓာတ်များ ပါဝင်မှုများပြားသောကြောင့် စား သုံးသောအခါ ဝမ်းဗိုက်အလွယ်တကူ ပြည့်စေသည်။ ဆာလောင်မှုကို တားဆီးပေးသည်။ ဝမ်းလေမှန်ကန်ပြီး ကိုယ်ခန္ဓာအလေးချိန်ကို လျော့ကျစေသည်။

အစာကိုကြေညက်စေသည် သင်္ဘောသီးတွင် ပါဝင်သော အမျှင်ဓာတ်နှင့် ရေဓာတ်တို့သည် ဝမ်းချုပ်သည့်ရောဂါကို သဘာဝနည်းဖြင့် သက်သာ ပျောက်ကင်းစေသည်။ လိပ်ခေါင်းရောဂါရှိသူတို့တွင် ဝမ်း ချုပ်မှု မဖြစ်စေသောကြောင့် လိပ်ခေါင်းရောဂါကို သက်သာစေသည်။ ထို့ပြင် သင်္ဘောသီးတွင် အစာကို ချေဖျက်ပေးနိုင်သည့် Papain အင်ဇိုင်း ပါဝင်သောကြောင့် အစာမကြေ၊ ရင်ပြည့်ရင်ကယ်ခြင်းများကို သက်သာ ပျောက်ကင်းစေသည်။

အဆုတ်ရောဂါရှိသူများအတွက် သင့်လျော်သည် ဆေးလိပ်သောက်သူများ၊ ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရသူများ၏ အဆုတ်များမှာ နာတာရှည် ရောင်ရမ်း တတ်ကြသည်။ သင်္ဘောသီးတွင် မြောက် မြားစွာပါဝင်သော ဗီတာမင်အေဓာတ်သည် အဆုတ်ရောင်ခြင်းကို သက်သာစေသည်။ အဆုတ်လေပြွန်တွင် ချွဲသ လိပ်များဖြင့် ပိတ်ဆို့နေပါက သင်္ဘောသီး အစိမ်းကို ညှစ်ကာရသည့် အရည်ကိုပျားရည်ဖြင့်ရော၍ သောက်ပေးပါက ချွဲပျော်စေသည်။ ထို့ပြင် အာသီးရောင်၍လည်ပင်းနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေ သည်ဟုဆို သည်။ ထို့ပြင် ပန်းနာရင်ကျပ်ရောဂါကိုလည်း သက်သာပျောက်ကင်းစေနိုင်သည်။

နှလုံးအေးသည့်ဆေးဖြစ်သည် ၎င်းတွင်ပါဝင်သော အမျှင်ဓာတ်၊ ဗီတာမင်စီနှင့် Antioxidants ဓာတ်များသည် ကိုယ်ခန္ဓာအတွင်း အဆီဓာတ်ကို လျော့နည်းကျဆင်းစေပြီး အဆီဓာတ်များခြင်းကြောင့် နှလုံးသွေးကြောပိတ်၍ နှလုံးရောဂါ ရခြင်း၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းတို့ကိုလည်း ကာကွယ်တားဆီးပေးသည်။ ထို့ပြင် သင်္ဘောသီး၌ ပိုတက်စီယမ် ဓာတ်မြောက်မြားစွာ ပါဝင်သောကြောင့် သွေးတိုးရောဂါကို လျော့ကျစေသည်။

မျက်စိ အမြင်အာရုံကို ကြည်လင်စေသည်

သင်္ဘောသီးတွင် ဗီတာမင်အေ၊ Lutein ၊ Cryptoxanthin နှင့် Zeaxanthin ဓာတ်များ ကြွယ်ဝကြပြီး ၎င်းဓာတ်များ သည် မျက်စိကို အကာအကွယ်ပေးသည်။ နေရောင်ခြည်စူးရှမှုကြောင့် ဖြစ်ပေါ်သည့် မျက်စိရောဂါများ ဖြစ်ပွားမှုကို လျော့ကျစေသည်။

ကိုယ်ခံစွမ်းအားကို တိုးပွားစေသည် သင်္ဘောသီးတွင် ပါဝင်သော Beta-carotene ဓာတ်သည် ကိုယ်ခံစွမ်းအားစနစ် ကိုကောင်းမွန်စေပြီး အအေးမိ၊နှာစေး၊ ချောင်းဆိုးရောဂါနှင့်နားကိုက်၊ ပြည် တည်ရောဂါများဖြစ်ပွားမှုမှ အကာအကွယ် ပေးသည်ဟု ဆိုသည်။ အဆစ်အမျက်များ ရောင်ရမ်းကိုက်ခဲမှုမှ သက်သာ ပျောက်ကင်းစေသည် ၎င်းတွင်ပါဝင်သော Papain၊ Chymopapain၊ ဗီတာမင်စီ၊ ဗီတာမင်အီးနှင့် Betacarotene ဓာတ်များသည် အဆစ်အမျက်ရောင် ရော ဂါများဖြစ်ကြသော ဂေါက်ရောဂါ၊ Rheumatoid Arthritis နှင့် Osteoarthritis ရောဂါများကို သက်သာပျောက် ကင်းစေသည်ဟု ဆိုသည်။

ဆီးချိုသွေးချိုရောဂါ ဝေဒနာသည်များ စားသုံးနိုင်သည် သင်္ဘောသီးသည် ချိုသော အရသာရှိသော်လည်း သကြားဓာတ်ပါဝင်မှုမှာ အံ့သြဖွယ်ကောင်းလောက်အောင် နည်းပါးသောကြောင့် ဖြစ်သည်။ ကင်ဆာရောဂါ အချို့ဖြစ်ပွားမှုမှ ကာကွယ်နိုင်သည် သင်္ဘောသီးတွင် ပါဝင်သော အမျှင်ဓာတ်၊ ရေဓာတ်တို့သည် ကင်ဆာဖြစ်ပွားစေသည့် အဆိပ် အတောက်များကို ခန္ဓာကိုယ်အတွင်းမှ ဖယ်ရှားပေးသည်။ အူလမ်းကြောင်း တစ်လျှောက်သန့်စင်စေပြီး ဝမ်းလေမှန် ကန်စေသောကြောင့် အူမကြီးကင်ဆာရောဂါ ဖြစ်ပွားမှုမှ ကာကွယ်တားဆီးပေးနိုင်သည်။ ထို့ပြင် သင်္ဘောသီး၌ပါဝင် သော Antioxidants များ၊ Phytonutrients ၊Flavonoids နှင့် Carotenes တို့သည်ကင်ဆာဖြစ်စေသော Free Radicals များကိုဖယ်ရှားပေးနိုင်သဖြင့် အူမကြီးကင်ဆာအပြင် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ဆီးကျိတ် ကင်ဆာများဖြစ်ပွားမှုကိုပါ ကာကွယ်တားဆီးပေးနိုင်သည်ဟု ဆိုသည်။ ထို့ပြင် သင်္ဘောသီး၌ ပါဝင်သော Beta Cryo -toxanthin ၊ Lutein Zeaxanthin နှင့် ဗီတာမင်စီဓာတ်တို့သည် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားစေသော Human Papilloma Virus(HPV) ကို နှိမ်နင်းနိုင်သည်ဟု သိရသည်။

ကျောက်ကပ် ပျက်စီးမှုမှ ကာကွယ်ပေးသည်

သင်္ဘောသီး အစိမ်း၏ အစေ့ကို ထောင်း၍ အရည်ဖျော်ကာ သောက်ပေးခြင်းဖြင့် ကျောက်ကပ်ပျက်စီးမှုမှ ကာကွယ် ပေးနိုင်သည်။ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသည် သင်္ဘောသီးတွင် ပါဝင်သော ဗီတာမင်ဓာတ်များမှာ ဗီတာ မင်အေ၊ ဗီတာမင်စီ၊ ဗီတာမင် B1၊ ဗီတာမင် B6၊ ဖောလစ်အက်စစ်နှင့် Pantothenic acid ၊ သတ္တုဓာတ်များ ဖြစ်ကြ သောထုံးဓာတ် (Calcium)၊ သံဓာတ်၊ မီးစုံးဓာတ် (Phosphorus) နှင့်ဆီလီကွမ်၊ ဓာတ်ဆားများဖြစ်ကြသော ပိုတက်စီယမ်နှင့် ဆိုဒီယမ်တို့ဖြစ်ကြသည်။ ထို့ပြင် Beta-carotene၊ Flavonoids နှင့်ကလိုရင်းဓာတ်တို့လည်းပါဝင်ကြသည်။ ၎င်းဓာတ်တို့သည် လူတို့၏ကျန်းမာရေးကို အထောက်အကူပြုသည်။ စိတ်ဖိစီးမှုများကို လျော့ကျစေသည် သင်္ဘောသီး တွင်ပါဝင်သော ဗီတာမင်စီဓာတ်သည် စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေပြီး စိတ်ေ ရာလူပါ လန်းဆန်း တက်ကြွစေသည်ဟု ဆိုသည်။

အမျိုးသမီးများအတွက်လည်း ဆေးဖက်ဝင်သည် အမျိုးသမီးများ လစဉ်ရာသီလာသောအခါ သွေးဆင်းမှုများပြားခြင်း မရှိစေရန် သင်္ဘောသီး အစိမ်းဖျော်ရည်ကို သောက်ပေးနိုင်သည်။ ကိုယ်ဝန်ဆောင် မိခင်များ သင်္ဘောသီးမှည့် တစ်စိတ် ကိုနေ့စဉ်စားပေးခြင်းဖြင့် ကိုယ်ဝန်ဆောင်စဉ် ပျို့ခြင်း၊အန်ခြင်းဝေဒနာများမှ ကင်းဝေးစေနိုင်သည်ဟု ဆိုသည်။

သတိထားရမည့် အချက်များ''စားတတ်လျှင်ဆေး၊ မစားတတ်လျှင်ဘေး'' ဆိုသည့်စကားလည်းရှိပါသေးသည်။ သင်္ဘောသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုသည် ဆိုသော်လည်းထောပတ် သီး၊ ငှက်ပျောသီးစသည် တို့ နှင့် ဓာတ်မတည့်တတ်သူများ စားသုံးမိပါကFood Allergy ဟုခေါ်သော အစားအစာနှင့် ဓာတ်မတည့်သည့် ယားယံ သောဝေဒနာများကို ခံစားရနိုင်သည်။

ထို့ပြင် သင်္ဘောသီးကို ကျန်းမာရေးနှင့် ညီညွတ်သော အစာအာဟာရအဖြစ်သာ စားသုံးရန်ဖြစ်ပြီး ရောဂါကုထုံး အနေ ဖြင့် အသုံးပြုရန် မသင့်လျော်ပါ။ ထို့ကြောင့် ဥာဏ်ရှိသမျှချိန်ဆ၍ စားသုံးရန်သင့်ေ သာ ဆေးဖက်ဝင် သဘာဝ သ င်္ဘောသီး၏ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်စွမ်းကို လေ့လာသုတေသနပြုလုပ်ထားသည်များမှ ခိုင်မာ သည့် အချက်များကိုကိုးကားကာ ဗဟုသုတရစေခြင်းငှာ ဖော်ပြအပ်ပါသည်။

ဒေါက်တာ မင်းစိုးဦး
မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ