အားဖြည့်အချိုရည်တွေသောက်သုံးခြင်းဟာ ဆယ်ကျော်သက်တွေကို ဆီးချိုသွေးချို ရောဂါဖြစ်လာစေနိုင်




အားဖြည့်အချိုရည်တွေမှာပါဝင်တဲ့ ကဖိန်းဓါတ်နဲ့ သကြားဓါတ်တို့ ပေါင်းစည်းမှုဟာ ဆယ်ကျော်သက်တွေရဲ့ သွေး ဂလူးကို့စ် နဲ့ အင်ဆူလင်ပမာဏ တို့ကို များပြားလာစေနိုင်ကြောင်းကို သုတေသန အသစ်တစ်ခုက သတိပေးလိုက်ပါတယ်။

ရေပန်းစားနေတဲ့ အားဖြည့်အချိုရည်တွေ သောက်သုံးသူဆယ်ကျော်သက်တွေဟာ သွေးထဲက သကြားဓါတ် ပမာဏကို သာမာန်အနေအထားသို့ လျော့ကျသွားစေတဲ့ ပြဿနာ တွေ ဖြစ်လာနိုင်ပြီး ဘ၀ ရဲ့ နောက်ပိုင်းအချိန်တွေမှာတော့ ဆီးချိုသွေးချို ရောဂါပါ ဖြစ်လာနိုင်တာကို လေ့လာမှု က တွေ့ရှိခဲ့ပါတယ်။

အဲဒီလို ကဖိန်း ပါဝင်တဲ့ အားဖြည့်အချိုရည်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးထိခိုက်မှု တွေရှိလာနိုင်တာကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သိရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အားဖြည့်အချိုရည်ဗူးတွေမှာလည်း ကလေးငယ်တွေအတွက် မသင့်တော်ကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။

သုတေသီတွေက ဖွင့်ဟ ပြောပြလာတာက လက်ရှိ အားဖြည့်အချိုရည်သောက်သုံးမှု အများဆုံး အသက်အရွယ် အပိုင်းအခြားတွေဟာ ကလေးငယ်များ ၊ ဆယ်ကျော်သက်များနဲ့ လူငယ်တွေပဲ ဖြစ်ကြတယ်လို့ ဆိုထားပါတယ်။

လေ့လာမှုတွေအရတော့ ဆယ်ကျော်သက် ၃ ယောက်မှာ ၁ ယောက်ခန့်ဟာ အားဖြည့်အချိုရည်တွေကို ပုံမှန်အားဖြင့် ၀ယ်ယူ သုံးစွဲနေကြပြီး တက္ကသိုလ် အရွယ် အားကစားသမား ထက်ဝက်ခန့်ကတော့ အားဖြည့်အချိုရည်တွေ သောက်သုံးလေ့ရှိတယ် လို့ ၀န်ခံထားပါတယ်။အားဖြည့်အချိုရည်တွေဟာ ပါဝင်ပစ္စည်းပေါင်းများစွာ ပါဝင်တာမှန်ပေမယ့်လည်း ဆယ်ကျော်သက်တွေကို အဓိက ဒုက္ခပေးနိုင်မယ့် ပါဝင်ပစ္စည်းကတော့ ကဖိန်းပဲ ဖြစ်ပါတယ်။

"ဒီရလဒ်က ဘာကိုပြသလိုက်သလဲဆိုရင် ကဖိန်းပါဝင်တဲ့ အားဖြည့်အချိုရည်တွေသောက်သုံးခြင်းဟာ အင်ဆူလင်နဲ့ ဂလူးကို့စ် ပမာဏ ကို ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာစေနိုင်ပါတယ်" လို့ ထို သုတေသနမှာပါဝင်ခဲ့တဲ့ ကနေဒါနိုင်ငံ Calgary တက္ကသိုလ်က ဘွဲ့လွန်ကျောင်းသူတစ်ယောက်ဖြစ်တဲ့ Heidi Virtanen က ဆိုပါတယ်။

ထို ရှာဖွေတွေ့ရှိမှုတွေကိုတော့ ကမ္ဘာ့ ဆီးချိုသွေးချို ကွန်ဂရက်မှာ တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ