အငန်ဓါတ်က ရေငတ်စေသည်ထက် ဆာလောင်စေနိုင်


အငန်ဓါတ်ပါရှိသောအစားအစာနှင့် မုန့် ပဲသွားရည်စာများကြောင့် လူကိုရေငတ်စေကြောင်း၊ ရေကိုပို၍ သောက်စေကြောင်း မူလကယူဆခဲ့သည်မှာ လွဲချော်မှုရှိနေပြီး တစ်ကယ်တမ်းတွင် အငန်ဓါတ်လွန်ကဲမှု ကြောင့် ရေဆာစေသည်မဟုတ်ဘဲ အစားအစာကိုထပ်မံစားသောက်စေလိုသည့် ဆာလောင်မှုမျိုးကိုသာ ဖြစ်စေနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု၊ နာဆာမှ အင်္ဂါဂြိုလ်ခရီးစဉ်များအတွက် အစားအသောက် ထုတ်လုပ်ရေးကို သုတေသနပြု ဆောင်ရွက်နေသည့် နိုင်ငံတကာသိပ္ပံပညာရှင်များပူးပေါင်းအဖွဲ့ က ထုတ်ပြန်ကြေညာသည်။ ဆားငန်တဲ့မုန့် တွေက ရေမဆာစေပါဘူး။ အစာပိုစားချင်လာအောင်ပဲ လှုံ့ ဆော်ပေးတာပါ။ ဒါကို အခုလို သိလာရတယ်ဆိုတာကလဲ အင်္ဂါဂြိုလ်ခရီးစဉ်မှာလိုက်ပါမယ့် ခရီးသည်တွေအတွက် အစားအစာကို စီစဉ် ဖန်တီးရာမှာ အငန်ဓါတ်ကဲနေရင် ဆီးပိုသွားကြမယ်၊ ဆီးပိုသွားရင် ခရီးစဉ်မှာ ပိုပြီးခက်ခဲမယ်ဆိုပြီး စူးစမ်း လေ့လာရာကနေ တစ်ကယ်တော့ အငန်ဓါတ်က ရေဆာစေတာမဟုတ်တဲ့အတွက် ဆီးပိုသွားစေတယ်ဆို တာထက် အစာစားချင်စိတ်ကိုသာ ပိုပြီးဖြစ်စေတာကို တွေ့ ရတာပါ ဟု သုတေသီတစ်ဦးက ပြောပြသည်။ သိပ္ပံပညာရှင်များက လူတစ်ယောက် စားသောက်သည့်အရာများအားလုံးကို ထိန်းချုပ်တိုင်းတာတွက်ချက် ဖော်ပြခဲ့ခြင်းဖြစ်ပြီး အာကာသယာဉ်မှူးတစ်ဦး စားသောက်ရမည့်ပုံစံအတိုင်း ရက်ပေါင်း ၁၀၅ ရက် စားရ သည့်အဖွဲ့ တစ်ဖွဲ့ ၊ ဒုတိယအဖွဲ့ ကို ၄င်းပုံစံအတိုင်း ၂၀၅ ရက်၊ ကျွေးမွေးကာ စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စမ်းသပ်မှုများအရေ အငန်ပိုစားသူများသည် ရေသောက်သုံးမှုလည်းလျော့သွားကြောင်း၊ သို့ သော် ကျောက်ကပ်ကို ရေဓါတ်ထိန်းထားစေပြီး ဆီးကိုပိုသွားစေသည်ကိုတွေ့ ရကြောင်း၊ ၄င်းဖြစ်စဉ်သည် စွမ်းအင်ကိုပို၍သုံးစွဲသည့်အတွက် လူကိုပို၍ဆာလောင်စေခြင်းဖြစ်ကြောင်း၊ ရေဆာစေသည်မှာ မဟုတ် မှန်ကြောင်း ၄င်းက ဆက်လက်ပြောပြသည်။ ဆားအငန်ဓါတ်လွန်ကဲလာလို့  ခန္ဓာကိုယ်ကနေ ဆီးနဲ့ အတူပြန်ထုတ်ပစ်ရပါတယ်။ အငန်ဓါတ်လွန်ကဲတိုင်း ဆီးသွားနေရမယ်ဆိုရင် ခန္ဓာကိုယ်အတွက် ရေဓါတ်လုံလောက်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ခန္ဓာ ကိုယ်က အငန်ဓါတ်ကိုလည်းထုတ်ပစ်မယ်၊ ရေဓါတ်ကိုလည်းထိန်းထားမယ်ဆိုတာမျိုးကို ကျောက်ကပ်ရဲ့  လုပ်ဆောင်မှုနဲ့  စနစ်တကျပြုလုပ်တာကိုတွေ့ ရပါတယ်။ အဲဒီလို ရေကိုထိန်းထားပြီး ဆားကိုထုတ်ပစ်ရတဲ့ အတွက် ကိုယ်တွင်းအားအင်လောင်ကျွမ်းမှု ပိုမြန်ဆန်သွားတဲ့အတွက် အစာစားချင်တဲ့စိတ်တွေ ထပ်ထပ် ပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ