အရေးပေါ် ထိခိုက် ဒဏ်ရာ ရခြင်း


ကလေးများ ထိခိုက်ပွန်းပဲ့ ဒဏ်ရာရလျှင် ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောသင့်သည်။ ဒဏ်ရာနေရာ တစ်ဝိုက်ကိုကွက်ပြီး ဆေး ကြောသင့်သည်။

ခြေထောက်တွင် ဖြစ်လျှင် ခါးအောက်ပိုင်းမှ ဆပ်ပြာ၊ ရေဖြင့် စင်ကြယ်အောင် ဆေးကြောပေးသင့်သည်။ ပြီးလျှင် တင်ချာ၊ ဆပ်ဒင်းလိမ်းပြီး ပိုးသတ်ထားသည့် ပတ်တီး စည်းပေးသင့်သည်။ ဆရာဝန် မညွှန်ကြားဘဲ ပင်နီဆီလင်၊ တက်ထရာဆိုင်ကလင်း အမှုန့်များ မထည့်သင့်ပါ။ အနာကို သန့်သန့်ရှင်းရှင်း ထားရှိရမည်။ ထိခိုက်ဒဏ်ရာ ရထားသော ခြေထောက်၊ လက်၏ အစိတ်အပိုင်းအချို့ကို ယာယီ ကျပ်စည်းကာ ဆရာဝန်နှင့် ပြသင့်သည်။ ဒဏ်ရာကြီးလျှင် ဆေးရုံ၊ ဆေးခန်း စေလွှတ်ပြီး ချုပ်သင့်သည်။

ဖုန်မှုန့်၊ နနွင်းမှုန့်တို့နှင့် မသိပ်သင့်ပါ။ ဒဏ်ရာကြီးပါက မေးခိုင်ကာကွယ်ဆေး တစ်ကြိမ်ပြီး နောက်ထပ်တစ်ကြိမ် ထိုးပေးသင့်သည်။ ခွေးကိုက် ခံရလျှင် ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောပြီး ဆရာဝန်ထံပြရမည်။ မိမိအိမ်၌ ကုသ၍မရပါ။ မိမိအိမ်မွေးခွေး ဖြစ်ပါက ၁ဝ ရက် အတွင်း ခွေးသေဆုံးသွားလျှင် သို့မဟုတ် ခွေးရူးပြန်ရောဂါ လက္ခဏာပြလျှင် ခွေးရူး ကာကွယ်ဆေးကို ပထမဆုံး တစ်လုံး၊ တစ်ပတ် အကြာ တွင်တစ်လုံး၊ နောက်တစ်ပတ်အကြာ တွင်တစ်လုံး ပေါင်းသုံးလုံး ထိုးရမည်ဖြစ်သည်။ ကလေး ဒဏ်ရာရလျှင် ပိုးသတ်ထားသည့် ဂွမ်းနှင့် ပတ်တီး ယူဆောင်လာရန် မမေ့သင့်ပါ။ ကလေး၏အနာကို သေချာစွာ ဆေးကြောပြီးလျှင် သန့်စင်သော ပတ်တီး၊ ဂွမ်း တို့ကို အသုံးပြု၍ ဖုံး အုပ် စည်းနှောင်ထားရမည်။ ဒူး၊ တံတောင်ဆစ် အပေါ်တွင် ရရှိသောဒဏ်ရာများကို ဆေးထည့်ပြီး ပတ်တီး မစည်းသင့်ပါ။ အနာဖေး မကြာ မကြာ ကွာကျကာ သွေးပြန်ထွက်ပြီး ရောဂါပိုးများဝင်အောင် ဖိတ်ခေါ်သလို ဖြစ်နေတတ်သည်။

ထိခိုက်ဒဏ်ရာရ၍ သွေးထွက်နေလျှင် ရောဂါပိုးများ ဒဏ်ရာ၏အတွင်းသို့ မဝင်နိုင်အောင် တားဆီးပေးနိုင်သည်။ ခြေ၊ လက်များ ဒဏ်ရာရပြီး သွေးအလွန်ထွက်လျှင် ဒဏ်ရာရသည့် အပိုင်းကို မြှင့်တင်ထားကာ ကလေးကို လှဲအိပ်စေရမည်။ ခေါင်းအုံး တစ်လုံးပေါ်တင်ပြီး ဒဏ်ရာ ရ သောလက် သို့မဟုတ် ခြေထောက်ကို မြှင့်ပေးထားရမည်။ ဒဏ်ရာကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပြီး အပေါ်မှပတ်တီးဖြင့် စည်းကာ သွေးတိတ်အောင် လုပ်ရပါမည်။ သွေးဆက်ထွက်နေလျှင် ဒဏ်ရာပေါ်၌ သန့်ရှင်းစင်ကြယ်သော ပိတ်ပါးစခံပြီး ပတ်တီး ထပ်စည်းရမည်။ အပေါ်မှ ပလတ်စတာနှင့် စည်းကာ သွေးတိတ်အောင် ဆောင်ရွက်ရမည်။

သွေးထွက်လွန်လျှင် ပတ်တီးမရှာဘဲ ဒဏ်ရာပေါ်လက်ဖြင့် ဖိထားရမည်။ အခြားတစ်ယောက်ကို ပတ်တီးရှာစေပြီး ဖိထားသည့် လက်ကို မလွှတ်ဖို့ ဒဏ်ရာရသည့် ကလေး၏ ခန္ဓာကိုယ်ကို မြှင့်ထားဖို့လိုသည်။ သန့်ရှင်းသည့် ပိတ်ပါးစ သို့မဟုတ် လျှော်ဖွပ်ပြီး လက်ကိုင်ပဝါ ခေါက်ပြီးဖိရမည်။ ပတ်တီးကျပ်ကျပ် စည်းပါက သွေးထွက် လျော့သွားလိမ့်မည်။ ထို့နောက် ကလေးကို ဆေးရုံသို့ ခေါ်သွားရမည်။ နှာခေါင်း သွေးယိုသော ကလေးကို ကုလားထိုင်ပေါ်တွင် မလှုပ်မရှား ထိုင်ခိုင်းပါက သွေးထွက်လျော့ သွားမည်။ ရေအေး သို့မဟုတ် ရေခဲဖြင့် နှာခေါင်း ပေါ်သို့ တင်ပေးရမည်။ နှာခေါင်းကို လက်ကိုင်ပဝါဖြင့် ကလိခြင်း ရှောင်ကြဉ်ရမည်။ နှာခေါင်း ထိခိုက်ဒဏ်ရာ သို့မဟုတ် နှာနုရိုး ကျိုးပါက အမြန် တည့်မတ်ပေးပြီး ဆေးခန်းပြသရန် လိုသည်။

မီးအပူလောင်နှင့် အရည်ပူလောင်လျှင် သဘာဝအလျောက် ဆေးဝါး ထည့်စရာမလိုပါ။ ဆေးရုံ၊ ဆေးခန်းပြရမည်။ ဒဏ်ရာကို မည်သည့် ဆေး ဝါးမှ မထည့်ဘဲ ပိုးသန့်စင်သည့် ဂွမ်း၊ ပတ်တီး စည်းရမည်။ ချောင်ချောင်စည်းပြီး ရွှေဝါလိမ်းဆေး လိမ်းနိုင်သည်။ မီးလောင်ဒဏ်ရာမှာ မီး လောင်ဖု မဖောက်ရန်နှင့် အဝတ် အလျင်စလို မချွတ်ရန် လိုအပ်သည်။

ဒေါက်တာလွင်သန့်(ဆေး-၂)
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ