ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဆေးယဉ်ပါးဗက်တီးရီးယား ၁၂ မျိုးကို ထုတ်ပြန်ကြေညာ


ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO) က ပထမဆုံးအကြိမ် ဆေးယဉ်ပါးဗက်တီးရီးယား (၁၂)မျိုးတို့ ၏ အမျိုး အမည်ကိုထုတ်ပြန်ကြေညာလိုက်ပြီး ၄င်းဗက်တီးရီးယားများသည် ရောဂါကိုဖြစ်စေနိုင်ပြီး ပဋိဇီဝဆေးများ ကို ခုခံနိုင်စွမ်းရှိနေသည့်အတွက် ၄င်းဗက်တီးရီးယားများကို နှိမ်နင်းနိုင်မည့် ပဋိဇီဝဆေးဝါးသစ်များကို ထုတ်လုပ်ရန်လိုအပ်ကြောင်း ပြောကြားသည်။ သို့ သော် အဆိုပါ ဆေးယဉ်ပါးဗက်တီးရီယား (၁၂)မျိုးအား နှိမ်နင်းနိုင်နည့် ပဋိဇီဝဆေးကိုထုတ်လုပ်ရန်မှာ အရှိန်ကျသွားရုံမက ရပ်တန့် သွားပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရရာပဋိဇီဝဆေးဝါးများဖြင့် အဆိုပါ ဆေးယဉ်ပါးဗက်တီးရီးယားများကို ထိန်းချုပ်ရန်ကြိုးပမ်းနေရကြောင်း၊ လူသားတစ်ရပ်လုံး၏ကျန်းမာရေးကို အထူးထိခိုက်စေနိုင်သည်ဖြစ်သောကြောင့် ဆေးဝါးထုတ်လုပ်ေ၇းကုမ္ပဏီများ၊ သုတေသနခန်းများအား ပဋိဇီဝဆေးဝါးအသစ်ထုတ်လုပ်နိုင်ရေး အဆောတလျင်ဆောင်ရွက်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် အခြားတာဝန်ရှိအဖွဲ့ အစည်းများက လှုံ့ ဆော်လျက်ရှိကြောင်း သိရသည်။ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများအနေဖြင့် ပို၍ထိရောက်စွာပူးပေါင်းဆောင်ရွက်မှုရှိလာစေရေးကိုရည်ရွယ် ကာ အဆိုပါ ဆေးယဉ်ပါးဗက်တီးရီးယား (၁၂)မျိုးတို့ ၏ အမျိုးအမည်ကိုထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့ ကမချုပ်ကိုင်တော့ဘဲ ကုမ္ပဏီများကို ဆေးဝါးအပြိုင်အဆိုင်ထုတ်လုပ်ခွင့်ပြုလိုက်ခြင်းအားဖြင့် ကာကွယ်ဆေး၊ကုသဆေးနှင့်ပဋိဇီဝဆေးများ အချိန်စောပြီးထွက်ပေါ်လာမည်ဟု ယုံကြည်ရကြောင်း WHO မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ သို့ သော် မည်မျှပင်မြန်ဆန်အောင်ဆေးဝါးထုတ်လုပ်စေကာမူ ဆေးတစ်မျိုးကိုထုတ်လုပ်ခြင်း၊စမ်းသပ်ခြင်း၊ လိုအပ်သလိုပြန်လည်ပြုပြင်ခြင်း၊ ထပ်မံစမ်းသပ်ခြင်း၊ လူတို့ တွင်စမ်းသပ်ခြင်း၊ စောင့်ကြည့်ခြင်း အစရှိသည့် အဆင့်များစွာ ပြည့်စုံပြီးမြောက်နိုင်ရေးမှာ ၁၀ နှစ်ထက်မနည်း ကြာမြင့်တတ်ကြောင်း၊ ယင်း (၁၀)နှစ်တာ ကာလအတွင်း လူ့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်ကယ်တင်နိုင်မှုနှုန်းတို့  ကျဆင်းကုန်မည်ကို စိုးရိမ်ရသည့်အနေအထားတွင်ရှိကြောင်း သိရသည်။ ဆေးယဉ်ပါးဗက်တီးရီးယားအများစုသည် အူမကြီးတွင်တွေ့ ရသည့်ဗက်တီးရီးယားများ ဖြစ်ကြောင်း၊ အထူး သဖြင့် ၀မ်းပျက်ဝမ်းလျှောခြင်းကိုဖြစ်စေနိုင်သည့် E.coli ဗက်တီးရီးယားအမျိုးအစားကို လူသိများကြောင်း၊ အသက်အန္တရာယ်ကိုမပေးလျင်လည်း အလွန်ဆိုးရွားသည့်ကျန်းမာရေးပြဿနာများကို ခံစားရမည် ဖြစ်ကြောင်း၊ လိုအပ်သောကုသမှုများမပေးနိုင်လျင် အသက်အန္တရာယ်ရှိကြောင်း၊ စိတ်ပျက်ဖွယ်ကောင်း သည့်ကိစ္စတစ်ခုမှာ ဆေးယဉ်ပါးဗက်တီးရီးယားအများစုသည် ဆေးရုံများမှတစ်ဆင့် ပျံ့ နှံ့ နေခြင်း ဖြစ်ကြောင်း သိရသည်။ WHO က ထုတ်ပြန်လိုက်သော ဆေးယဉ်ပါးဗက်တီးရီးယား (၁၂)မျိုးတို့ တွင်တည်း အများစုမှာ ဆေးရုံ ဆေးခန်းများမှတစ်ဆင့် ပျံ့ နှံ့ လေ့ရှိသောဗက်တီးရီးယားများဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ