ဆေးရုံလက်ဆေးကန်များ၌ ဆေးယဉ်ပါး ဗက်တီးရီးယားများခိုအောင်းပျံနှံ့ လျက်ရှိ


ဆေးလောကတစ်ခုလုံးကိုဒုက္ခပေးနေသည့် ဆေးယဉ်ပါးဗက်တီးရီးယား
သို့ မဟုတ် စူပါ ပိုးမွှားများသည် ဆေးရုံလက်ဆေးကန်များ၊ ရေထွက်ပိုက်များတွင် ခိုအောင်းနေထိုင်ပြီးထိုမှတစ်ဆင့် အခြားနေရာများသို့  ပျံ့ နှံ့ လေ့ရှိ
သည့် အထောက်အထားများကိုတွေ့ ရှိခဲ့ရကြောင်း အမေရိကန်သုတေသီများကပြောသည်။
ဆေးရုံများ၌ ပိုးမွှားပျံ့ နှံကူးစက်မှု ပို၍ကျယ်ပြန့် စွာဖြစ်ပွားလျက်ရှိကြောင်း၊
ထို့ ကြောင့် လူနာများ၊ ဧည့် သည်များထံရောဂါပိုးများကူးစက်လျက်ရှိကြောင်း၊
သို့ သော် ယင်းကိစ္စကိုတားဆီးရန်မှာအခက်အခဲများစွာရှိကြောင်းသိရသည်။ စူပါပိုးတွေကအပြင်နံရံတွေ၊လေထုတွေထဲမှာမဟုတ်ဘဲလက်ဆေးကန်ရေထွက် ပိုက်တွေထဲမှာခိုအောင်းနေတော့ ရှင်းလင်းသုတ်သင်ရခက်ခဲပါတယ်ဟုသုတေသီတစ်ဦးကပြောပြသည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၁ မှ ၂၀၁၂ အတွင်းအမျိုးသားကျန်းမာရေးစင်တာရှိဆေးရုံ၌ပင် ဆေးယဉ်ပါးဗက်တီးရီးယားကြောင့် သေဆုံးသူလူနာ ၁၁ ဦးရှိခဲ့ကြောင်းသိရသည်။ ဆေးရုံဆေးခန်းတွေမှာ ကြမ်းပြင်၊တံခါး၊ကုတင်၊နံရံအစရှိတဲ့နေရာတွေကိုပိုးမွှားကင်းစင်အောင်လုပ်နိုင်ပါ တယ်။ ဒါပေမယ့် လက်ဆေးကန်ရေထွက်ပိုက်တွေကိုတော့ သန့် ရှင်းရေးလုပ်ဖို့ ၊ ပိုးသတ်ဖို့ ဆိုတာမဖြစ် နိုင်သလောက် ခဲယဉ်းနေပါတယ်။ ဒီလိုလက်ဆေးကန်တွေကိုတစ်ကြိမ်သုံးလိုက်တိုင်းဗက်တီးရီးယားတွေ က ရေမှုန်ရေမွှားတွေနဲ့ အတူနေရာအနှံ့ ကိုခုန်ကူးနိုင်ကြပါတယ်။ ဒါကြောင့်လည်းလက်ဆေးကန်ကနေဗက်တီးရီးယားကူးစက်တဲ့ပြဿနာဟာ နိုင်ငံတစ်ဝန်းကို ပျံ့ နှံ့ နေပြီဖြစ်ပါတယ် ဟုသုတေသီတစ်ဦးကပြောပြသည်။ ဆေးယဉ်ပါးဗက်တီးရီးယားကူးစက်ခြင်းမှာထိတ်လန့် ဖွယ်ကောင်းသည့်နှုန်းဖြင့် ဖြစ်ပွားနေကြောင်း၊ အထူးသဖြင့် ၀မ်းပျက်ဝမ်းလျှောရောဂါကိုဖြစ်စေသည့် E-coli ရောဂါပိုးများကူးစက်ပျံ့ နှံ့ လျက်ရှိကြောင်း၊ အထူးသဖြင့် လက်ဆေးကန်ရေထွက်ပေါက်တွင် အနည်းငယ်ခိုအောင်းကျန်ရှိနေသည့်ရေတွင် အကောင် ပေါင်းများစွာခိုအောင်းနေထိုင်နိုင်ကြောင်း၊ ရေဖွင့်လိုက်သည့်အခါ လွှင့်စင်လာသည့်ရေမှုန်ရေမွှားနှင့်အတူလေထုထဲသို့ ရောက်ရှိပြီးပျံ့ 
နှံ့ ခြင်းဖြစ်ကြောင်းသိရသည်။
သုတေသီများကလက်ဆေးကန်များတွင်ဗက်တီးရီးယားခိုအောင်းနေနိုင်ခြင်းမရှိစေရေးလက်ဆေးကန် ပုံစံများကို ပြုပြင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ဆေးယဉ်ပါးဗက်တီးရီးယားကြောင့် တစ်နှစ်လျင် လူပေါင်း ၂၃၀၀၀ ထက်မနည်းသေဆုံးရပြီး ၂ သန်းကျော် ဖျားနာကာအမေရိကန်ကျန်းမာရေးစောင့်ရှောက်မှုစရိတ် ၃၅ ဘီလီယံဒေါ်လာပိုမိုကုန်ကျရကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ