Chocolate cyst ချောကလက် ဆစ်


 သမီးအိမ်ထောင်ကျတာ တစ်နှစ်နှင့်လေးလရှိပါပြီ။ သမီးက ၃၇ နှစ်၊ အမျိုးသားက ၃၅ နှစ်ပါ။ သားသမီး မရသေးပါ။့ မှာနေပါတယ်။ မြန်မာပြည်ပြန်စဉ်က အူအတက်ရောင်လို့ ခွဲစိတ်ရပါတယ်။ အဲဒီမှာ သားဥပြွန်ညာဘက်ဘေးမှာ ချောကလက်ရောင်သွေးတွေတွေ့ရတဲ့အတွက် ဆရာဝန်က သွေးတွေကို စုပ်ထုတ်ပေးပြီး မီးရှို့ပေးခဲ့ပါတယ်။ ယခင်ကလဲ ရာသီလာရင် ကိုက်ခဲတာ ၂ နှစ်လောက်ရှိပါတယ်။ OG နဲ့ပြတော့ သုံးလခံတားဆေး ၆ လဆက်ထိုးရမယ်ဆိုလို့ တစ်ကြိမ်ထိုးပါတယ်။ ကလေးယူဘို့ကြိုးစားနေတာပါ။ ဒီဇင်္ဘာလထဲမှာ သွေးနဲနဲဆင်းလို့ ရန်ကုန်က OG ကိုပြတော့ တားဆေး ဆက်မထိုးဘို့ပြောပါတယ်။ ဒီကိုပြန်ရောက်ပြီး သွေနည်းနည်းလာနေတာ တစ်လကျော်ကြာနေပြီ။ ရိုးရိုးဆရာဝန်က Meliane ဆေးပေးပါတယ်။ ၂၁ ရက်သောက်ရတယ်။ ဆေးကုန်လို့ ရာသီပြန်လာတော့ အရမ်းကိုက်ခဲ့ပါတယ်။ သမီးကို အကြံပေးပါရှင့်။

Chocolate cyst of ovary ချောကလက်ဆစ် မျိုးဥအိမ်ရောဂါကို Endometrioid cyst နဲ့ Endometriosis of ovary လို့လဲ ခေါ်တယ်။ ဒီရောဂါဟာ Endometriosis သားအိမ်ရောဂါတမျိုးကနေဖြစ်တယ်။ (စာ ၂ ပုဒ်ရေးထားပါတယ်။)

Endometrial tissue ခေါ်တဲ့ သားအိမ်အတွင်းဆုံးလွှာ (တစ်ရှူး) တွေက ပုံမှန် မဟုတ်တဲ့နေရာတွေမှာ ရောက်နေတာကို ခေါ်တယ်။ သားအိမ်အတွင်းဆုံးလွှာဆိုတာ ရာသီစက်ဝိုင်းအတွင်းမှာ အမြဲမပြတ်ပြောင်းလဲနေတာမျိုးဖြစ်တယ်။ ပါးရာကနေ ထူတယ်၊ ကြီးရင့်မယ်၊ ပျက်စီးပြီး သွေး (ရာသီ) ဆင်းတယ်။ အဲဒီ (တစ်ရှူး) တွေက မျိုးဥအိမ်မှာရောက်နေလို့ ဒီဖြစ်စဉ်ကလဲ အဲဒီနေရာမှာ ဖြစ်နေတော့မယ်။ ခက်တာက သားအိမ်လို ထွက်တဲ့သွေးက ဆင်းထွက်စရာ မွေးလမ်း (ဗဂျိုင်းနား) မရှိဘူး။ ဒါကြောင့် သွေးတွေက အောင်းနေ၊ စုဝေးနေပြီး အိတ်ဖြစ်လာတော့တယ်။ အရောင်ကသွေးဖြစ်လို့ ရက်ကြာလေ အရောင်ပြောင်းလေ။ နီညိုညိုအရောင်ကို ချောကလက်လို့ခေါ်ကြတာမို့ မျိုးဥအိမ်မှာ ချောကလက်အိတ်လို့ ခေါ်တယ်။ သွေးဟောင်းတွေက ပေါက်ထွက်လာနိုင်ပြန်တယ်။ ဘေးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်ကြတဲ့ သားအိမ်၊ ဆီးအိမ်နဲ့ အစာလမ်းတွေပေါ်ရောက်နိုင်တယ်။

Treatment ဘယ်လိုကုသမလဲ
(၁) Medication ဆေးပေးနည်း
• NSAID အနာ-အကိုက်သက်သာဆေးတွေသောက်ရမယ်။ (စာတပုဒ်သပ်သပ်ရေးထားပါတယ်။)
• Hormonal contraception ဟော်မုန်းပါ ကိုယ်ဝန်တားဆေးပေးမယ်။ မျိုဥမထွက်တဲ့ ရာသီစက်ဝန်း ဖြစ်နေအောင် လုပ်ပေးမယ်။ ဒါကြောင့် ကလေးမရစေနိုင်ပါ။
• Progestational agents (Medroxyprogesterone), Danazol, Gestrinone, or Gonadotropin-releasing hormone agonists (GnRH) ဆေးတွေကိုသုံးတာ များတယ်။
• GnRH ဆေးကို estrogen နဲ့ progestogen ရောပေးတာလဲ လုပ်နိုင်တယ်။
• ဒီဆေးပေးနည်းတွေက အားလုံးကို ပျောက်စေတာတော့ မဟုတ်ပါ။ (ဆောရီး) ဘေးထွက်-ဆိုးကျိုးတွေလဲ ရှိပါမယ်။ ဥပမာ မျက်နှာနီမြန်းတာ၊ အရိုးထုထည်နည်းတာ၊ အသံနက်နဲတာ၊ ကိုယ်အလေးချိန်တိုးတာ၊ မျက်နှာမွှေးများတာ။

(၂) Surgery ခွဲစိတ်ကုသနည်း
• Laparoscopic surgical approaches ခွဲစိတ်ကိရိယာသုံးပြီး Ovarian adhesions မျိုးအိမ်မှာ တွယ်ကပ်နေတာတွေကို ရှင်းမယ်။ တချို့မှာ Surgical removal and excision ခွဲစိတ်ထုတ်ပစ်ဘို့လိုမယ်။
• Laser surgery လေတာနည်းနဲ့ Cauterization လျှပ်စစ်နည်းလဲသုံးပါတယ်။ ဒါပေမဲ့ သိပ်မထိရောက်တာ တွေ့ရတယ်။
• Endometrioma drainage နည်းနဲ့ Sclerotherapy နည်းတွေလဲရှိပေမဲ့ သိပ်မကောင်းလှပါ။
• Conservative surgery ကလေးရနိုင်အောင် ထိန်းပြီးခွဲစိတ်နည်းကိုလဲ လုပ်ဘို့လိုတတ်တယ်။ သတိထားဘို့ရှိပြန်တာက
• FSH values ဟော်မုန်းတက်လာနိုင်ပြီး၊ မျိုးဥအိမ်အလုပ်ကိုနည်းစေနိုင်တယ်။
• Operative laparoscopic surgery ကိရိယာသုံးခွဲစိတ်နည်းကနေ မျိုးပွါးနိုင်ချေကောင်းစေနိုင်ပြီး၊ နာတာကိုလဲ သက်သာစေနိုင်တယ်။
• Radical surgical options မရတဲ့အဆုံး အားလုံးထုတ်ပေးရတဲ့ခွဲစိတ်နည်းမှာ Singular or bilateral oophorectomy မျိုးဥအိမ်ကို တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ထုတ်ရတယ်။

ဒေါက်တာတင့်ဆွေ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ