အရက်သမားတွေမှာ အသည်းသာမက အဆုတ်လည်း အဆီဖုံးနိုင်

 အရက်အလွန်အကျွံသောက်သုံးတဲ့သူတွေမှာ အရက်က တစ်ကိုယ်လုံးမှာရှိတဲ့ အစိတ်အပိုင်းတွေကို နည်းအမျိုးမျိုးနဲ့ ဖျက်ဆီးလေ့ရှိပြီး အထူးသဖြင့် အသည်းပျက်စီးလေ့ရှိပါတယ်။ ဒုတိယအများဆုံးကတော့ ကာလကြာရှည် သောက်ထားတဲ့ အရက်သမားတွေက အဆုတ်ရောင် နမိုးနီးယားရောဂါနဲ့ ရုတ်တရက် အသက်ရှူလုပ်ငန်းစဉ် ပျက်စီးလာခြင်း Acute Respiratory distress Syndrome  တွေကို ပိုခံစားရလေ့ရှိပါတယ်။ လေ့လာသူတွေက ဒီလို အဆုတ်ရောဂါ ပိုဖြစ်လွယ်လာတာ အဆုတ်မှာရှိတဲ့ ခုခံအားစနစ်တွေ ကောင်းကောင်းအလုပ်မလုပ်လို့ ဖြစ် နိုင်တယ်လို့ ယူဆခဲ့ပေမယ့် ဘာကြောင့် မလုပ်တာလဲဆိုတာတော့ မသိခဲ့ကြပါဘူး။ Thomas Jefferson University  က လေ့လာ သူတွေက ကြွက်တွေမှာ အယ်ကိုဟောပါတဲ့ အစားအစာကိုကျွေးပြီး ရလဒ်ကိုကြည့်ခဲ့ရာ၊ ယင်းကြွက်ရဲ့ အဆုတ်ကို အသက်ရှူရာမှာ ချောမွေ့ အောင် အချွဲထုတ်ပေးတဲ့ဆဲလ်တွေက အသည်းဆဲလ်တွေလိုဘဲ အဆီတွေကို ပိုထုတ်လာတာ တွေ့ခဲ့ရပါတယ်။အဆီတွေဆိုရာမှာ Triglycerides  အဆီတွေကို ၁၀၀%နဲ့ Free Fatty Acid့ တွေကို ၃၀၀% ပိုထုတ်တာ တွေ့ရပါတယ်။အဲဒီလိုအဆုတ်ထဲမှာ အဆီပိုတွေများလာတဲ့အခါ အဆုတ်ရဲ့ဆဲလ်တွေထဲမှာရှိတဲ့ ပိုးမွှားတွေ၊ မကောင်းတဲ့ဆဲလ်တွေကို စားပေးတဲ့ အဆုတ်ခုခံအားစနစ်က စစ်သည်တော် Macrophages  တွေက အဆီပိုတွေကို လိုက်သိမ်းရပါတယ်။ကြာလာတဲ့အခါ ယင်း Macrophages  တွေက ပုံမှန် Macrophages  တွေလောက် ရောဂါပိုးမွှားကို နှိမ်နှင်းနိုင်စွမ်းမရှိတော့တာကြောင့် အဆုတ်ရဲ့ ခုခံအားစနစ်က ယိုယွင်းလာကာ နမိုးနီးယားနဲ့ အခြားအဆုတ်ရောဂါတွေကို ပိုဖြစ်လာစေပါတယ်။တကယ်လို့ လူတွေမှာလည်း ဒီဖြစ်စဉ်လိုဖြစ်ခဲ့မယ်ဆိုရင် အရက်သမားတွေကို အဆုတ်ရောဂါကုသရာမှာ အဆီကျဆေးတွေ ထည့်သွင်းသုံးစွဲသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

အ၀င်း
Ref;Medindia
Health Updates Journal No. 125

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ