ဗိုက်ရွှဲစေသောအလေ့အကျင့်များ


(၁) အစာစားချိန်လျော့ခြင်း   
တစ်နေ့လျှင်(၂)နပ်အစာ စား ချိန်ကို (၁)ချိန်သာစားသည့် နည်း စနစ်သည် အလွန်ဆာလောင်စေပြီး တကယ်စားရသည့်အချိန်တွင် အစား လွန်အောင် တဝတပြဲ စားမိခြင်းဖြင့် အဆီပိုများထွက်စေပြီး ဝမ်းဗိုက် ပို၍ ရွှဲစေနိုင်သည်။

(၂)သက်သတ်လွတ်စားခြင်း
အမျိုးသမီးများသည် အသား၊ ငါး၊ နို့ထွက်ပစ္စည်းအုပ်စု တို့ကို ကယ်လိုရီနှင့်အဆီများသည်ဟု ယူဆ ပြီး မစားဘဲ ရှောင်ကြသည်။ သို့သော် ဤအစားအစာများတွင် အစာချေ ဖျက်မှုကို အားပေးသောပရိုတိန်း ဓာတ်များ ပါဝင်ပြီး ဗိုက်ရွှဲမှုကို လျော့ ချပေးသည်။

(၃)ထိုင်ထလေ့ကျင့်ခန်းများ
တစ်နေ့လျှင် ထိုင်၊ ထ လေ့ကျင့် ခန်းများကို အကြိမ် (၅၀ဝ) ခန့် ပြု လုပ်ရုံနှင့်အဆီကျပြီး အဝတ်အစား တွေ ချောင်သွားခြင်းမဖြစ်နိုင်ပါ။ အမောလုံလေ့ကျင့်ခန်းများ ဥပမာ ပြေးစက်ပေါ်တွင် (၁၀)မိနစ် ပြေး ခြင်းမျိုးကို လုပ်ရပါမည်။

(၄)အရက်
အရက်သည် ကယ်လိုရီများ သဖြင့် ဗိုက်ကားအောင် သောက်လျှင် ဗိုက်ရွှဲစေရန် ဖိတ်ခေါ်သလို ဖြစ်လာ မည်။

(၅)Low Fat (အဆီမတက်သော) အစားအစာများ
သကြားမပါသောဒိန်ချဉ်၊ diet ဆိုဒါနှင့်အခြားအဆီတက်နည်းသည် ဟု တံဆိပ်တပ်ထားသောအစာများ ကို ခန္ဓာကိုယ် မဝစေရန် ရွေးချယ် စားသုံးကြသော်လည်း ယင်းတို့ တွင် ပါဝင်သောအချိုဓာတ်အတုများက အစာချေဖျက်မှုကို ဟန့်တားစေပြီး အဆီစုဆောင်းမှုကို ပိုမိုဖြစ်ပွားစေ သည်။

နှင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ