မီးကွင်းဂမုန်း


မီးလောင်နာ အပူလောင်နာ များတွင် အရွက်ကို အပြင် အုံဆေး အဖြစ် အကြား အနည်း ငယ်နှင့် ရောထောင်း လိမ်းနိုင်သည် ။ မီးကွင်း ဂမုန်း ပဉ္စငါးပါးကို သကြားဖြင့် သုံးခွက် တစ်ခွက်တင် ကျိုသောက် ပါက ၀မ်းကိုက်ရောဂါ ပျောက်ကင်း နိုင်သည် ။ အရွက်ကို ရေနွေးဖျော၍ သုတ်စားခြင်း ၊ တို့စားခြင်း (သို့) ကြက်ဥနှင့် ကြော်စား ပါကလည်း ၀မ်းရောဂါကို ပျောက်ကင်း နိုင်ပါသည် ။

မီးယပ်လွန်ခြင်း၊ ဆီးတွင် သွေးပါခြင်း၊ ချောင်းဆိုး သွေးပါခြင်းများ အတွက် အားထား ရသော ဆေး တစ်လက် ဖြစ်သည် ။ သွေးဝမ်းသွား ပါက အရွက် သတ္တုရည်ကို ကြေးဇွန်း တစ်ဇွန်းခန့် ၊အရိုး၊ အရွက်ကို ထုထောင်း၍ အကြားနှင့် ရောသောက်ပါက သွေးအန်ခြင်းကို ပျောက်ကင်း စေသည် ။

အရွက်၏ သတ္တုရည်ကို သကြားနှင့် ရောသောက်ပါက သလိပ်ကပ် ၊ ချောင်းဆိုး ရောဂါ ပျောက် ကင်း စေသည် ။ နားအူ၊ နားကိုက်၊ နားပြည်ယို ရောဂါများ အတွက် အရွက် သတ္တုရည်ကို အုန်းဆီနှင့် ဆတူရော၍ ရေခမ်းအောင် ချက်၊ အအေးခံပြီး နားထဲ တည့်လျှင် သော်လည်းကောင်း၊ အရွက်ကို မီးကင် အရည် ညှစ်၍ နာထဲ တည့်လျှင် သော်လည်းကောင်း သက်သာ ပျောက်ကင်း နိုင်သည်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ