Autoimmune Diseases အော်တိုအင်မြူးရောဂါများ
မြန်မာပြည်မှာ စစ်တပ်သာမရှိရင် ဘာဖြစ်သွားမလဲဆိုတာမျိုးမေးတယ်။ ဖြေသူတွေဖြေကြတာတွေကလည်း မှားတာတော့ မဟုတ်ပါ။ တပ်မထိနဲ့ မီးပွင့်သွားမယ်လို့လည်း ပြန်ရေးတယ်။ ပြန်ရေးတဲ့သူပြောတာ နည်းတောင်နည်းသေးတယ်။ ပွင့်မှာက မီးသာမဟုတ်ဘူး။ ဒါမျိုးတွေရေးနေကြတာ မကောင်းပါ။ နေရာတကာဆရာလုပ်ပြီး မင်္ဂလာယူတာမဟုတ်ပါ။
ဘာလို့ အဲလိုတွေရေးလာအောင် ဖြစ်နေသလည်းက အရေးကြီးတယ်။ ဆရာဝန်ဆိုတာ ရောဂါရှာတာ အရင်လုပ်ရလို့ပါ။ တိုင်းပြည်ရောဂါကို ဆရာဝန်မပြောလည်း သိကြပါတယ်။ အဲတာမှာ အာလ်ထွာဆောင်း မလိုတော့ပါ။
တိတိကျကျပြောရရင် မြန်မာပြည်ရဲ့နိုင်ငံရေးရောဂါကို Autoimmune Diseases အော်တိုအင်မြူးရောဂါလို့ ခေါ်သင့်တယ်။ ခုခံအားစနစ်ကမောက်မ ဖြစ်ရာကနေ ကိုယ့်ဟာကို ရန်သူသတ်မှတ်ပြီး ချေမှုန်းဖျက်ဆီးနေတဲ့ရောဂါတွေကို ခေါ်ပါတယ်။ အကုရခက်ပါတယ်။ ကိုယ်ပိုင်အရာကို ရန်သူလိုသဘောထားပြီး ခုခံတိုက်ထုတ်နေတဲ့ရောဂါကို အဲလိုခေါ်ပါတယ်။
American Autoimmune Related Diseases Asတွေ sociation (AARDA) စာရင်းထဲမှာ အော်တိုအင်မြူးရောဂါစုစုပေါင်း (၁၅၉) မျိုးပါတယ်။ ကျွန်တော်တို့ ဆေးကျောင်းသား တတိယအင်ဘီမှာ သင်ရကတည်းက ခေါင်းရှုပ်ရတဲ့ရောဂါအစုအဝေး ဖြစ်ပါတယ်။
Autoimmune Diseases အော်တိုအင်မြူးရောဂါများ http://doctortintswe.blogspot.com/2015/02/autoimmune-diseases.html
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin