Artificial Insemination သုက်ပိုးထည့်နည်း


ဆရာရှင့် ကျွန်မအသက် ၃၂ ပါ။ အိမ်ထောင်ရှိပါတယ်။ သုက်ပိုးထည့်တဲ့အကြောင်းလေး သိချင်ပါတယ်။ အိမ်ထောင်ကျတာ ၂ နှစ်ပါ။ ကလေးမရသေးလို့ပါ။ အမျိုးသားသုက်စစ်ပြီးပါပြီ။ ကျွန်မလည်း အာထွာဆောင်းရိုက် ကြည့်ပြီးပါပြီ။ သုက်ပိုးထည့်မယ်ဆိုရင် ဘယ်လိုတွေပြင်ဆင်ရပါသလဲ ။ အောင်မြင်နိုင်ပါ သလား ဆရာ ။

ကလေးမရသေးတဲ့စုံတွဲတွေကို သားသမီးရစေအောင် တမင်လုပ်ပေးနည်းတခုဖြစ်တယ် ။ ယောက်ျားသုက်ပိုးကို အမျိုးသမီး သားအိမ်ဝ၊ သားအိမ်ပြွန်၊ သားအိမ်ထဲကို ဆရာဝန်ကနေထည့်ပေးပါတယ် ။ ဒီနည်းလုပ်ရင် သုက်ပိုးတွေကနေ မျိုးဥအိမ်ဆီအထိ အရောက်သွားရတဲ့ခရီးတိုစေတယ် ။ Intrauterine insemination (IUI) သုက်ပိုးကို သားအိမ်ထဲ ထည့်နည်းကို အများဆုံးသုံးပါတယ် ။ ထိရောက်မှုမှာ ဒိထက်ဆန်းပြားတဲ့နည်းထက်တော့ မမြင့်မားပေမယ့် ကုန်ကျစရိတ် သက်သာတယ်။

ခင်ပွန်းမှာ သုက်ပိုးအရေအတွက်နည်းနေရင်နဲ့ ကူးသွားနိုင်စွမ်းနည်းနေရင်လည်းသုံးတယ် ။ ဇနီးမှာ Endometriosis ခေါ်သားအိမ်ရောဂါရှိနေရင်လည်းသုံးနိုင်တယ်။ အမျိုးသမီးမှာ သားအိမ်ဝ အချွဲရည် မကောင်းရင် ဒီနည်းလုပ်တာ ပိုကောင်းတယ် ။ ဘာကြောင့်မှန်းမသိရတဲ့ ကလေးမရ သူတွေကိုလည်း ဒီနည်းသုံးနိုင်တယ် ။

မျိုးဥမထွက်သူကို အရင်ဆုံး Clomid ဆေးပေးမယ်။ အာလ်ထွာဆောင်းလိုမယ်။ သွေးစစ်ဘို့လည်းလိုနိုင်တယ်။ သုက်ပိုးအရေအတွက်ကောင်းစေအောင် သုက်ပိုးမထုတ်ခင်မှာ ခင်ပွန်းဟာ လိင်ဆက်ဆံမှု (သုက်ထွက်ခြင်း) မလုပ်ပဲ ၂-၅ ရက်ရှောင်ထားရမယ်။ သုက်ထွက်စေပြီး နာရီပိုင်း (တနာရီ) အတွင်းမှာ ထည့်ပေးနည်းစတင်မယ် ။ အရင်ဆုံးဓါတ်ခွဲခန်းမှာ ဆေးကြောတာလုပ်ရတယ် ။ အခန်းတွင်းအပူချိန်မှာ နာရီဝက်ထားတာ ကနေစတယ်။ သုက်ရည်အရည်ပျော်လာမယ်။ ဆေးတခုထည့်ပြီး ဗဟိုခွါအားစက်နဲ့ ခွဲခြားယူမယ်။ ပိုက်သေးသေးလေးထဲထည့်မယ်။ ဗဂျိုင်းနား၊ သားအိမ်ဝကနေတဆင့် သားအိမ်ထဲကိုသွင်းမယ်။ Pap smear သားအိမ်ဝကင်ဆာစစ်နည်းလုပ်သလိုသာ ခံစားရမယ်။ မနာပါ။ ထည့်ပြီးတာနဲ့ အမျိုးသမီးကို အိပ်ယာထဲမှာ ၁၅-၄၅ မိနစ်အထိလဲ လျောင်းနေစေမယ် ။

အောင်မြင်မှုဟာ ဒီအချက်အလက်တွေအပေါ်မူတည်တယ်။
- Older age of the woman အမျိုးသမီးအသက်၊
- Poor egg quality မျိုးဥအရည်အသွေး၊
- Poor sperm quality သုက်ပိုးအရည်အသွေး၊
- Severe endometriosis သားအိမ်ရောဂါအခြေအနေ၊
- Severe damage to fallopian tubes သားအိမ်ပြွန်အခြေအနေ၊
- Blockage of fallopian tubes သားအိမ်ပြွန်ပိတ်နေရင် (IUI) နည်းလုပ်မရပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ