Method of Delivery and Diet ကလေးမွေးဖွါးနည်းနဲ့ အစားအသောက်


ကလေးမွေးဖွါးနည်းနဲ့ တိုက်ကျွေးတဲ့အစားအသောက်ကနေ ရေရှည်ကျန်းမာရေးကိုသက်ရောက်စေနိုင်လို့ ၁၂-၁-၂ဝ၁၆ နေ့ကထွက်တဲ့ဆေးသုတေသနသတင်းတခုက ဆိုပါတယ်။ အဲလိုဖြစ်စေတာဟာ အစာလမ်းထဲမှာနေတဲ့ ပိုးမွှားတွေကြောင့်လို့ ယူဆပါတယ်။

ကလေးကို ဗိုက်ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာမျာ မတူကြပါ။ ဗိုက်ခွဲမွေးခဲ့တဲ့ကလေးတွေက ရေရှည်မှာ လူပိုဝကြတယ်။ ပန်းနာ ဖြစ်တာပိုတယ်။ (စီးလိယက်) ရောဂါ ပိုဖြစ်တယ်။ ဆီးချိုအမျိုးအစား (၁) ဖြစ်တာလည်း ပိုတာတွေ့ရတယ်။

မိခင်နို့တိုက် မွေးတဲ့ကလေးတွေမှာ ပန်းနာဖြစ်တာနည်းတယ်။ ဝတာလည်းတယ်။ ပိုးဝင်နည်းတယ်။ (မက်တာဘောလစ် ဆင်ဒရုမ်း) နည်းတယ်။ ဆီးချိုဖြစ်တာလည်းနည်းကြတယ်။

အဲလိုကွဲပြားဖြစ်စေတာဟာ မွေးလမ်းကြောင်းမှာ သဘာဝနေကြတဲ့ဗက်တီးရီးယားတွေကို တမျိုးတမည် သက်ရောက်လို့ ယူဆရပါတယ်။ ရှင်းရှင်းလင်းလင်းတော့ မပြောနိုင်ပါ။ ရိုးရိုးမွေးတာရော နို့တိုက်တာရောက ဗက်တီးရီးယားတွေအပေါ် သက်ရောက်စေတာကတော့ အမှန်ဖြစ်တယ်။

လေ့လာမှုမှာ ကလေးပေါင်း (၁ဝ၂) ယောက်ပါတယ်။ ခွဲမွေးတဲ့ကလေး (၃၂) ယောက်နဲ့ ရိုးရိုးမွေးကလေး (၇ဝ) ယောက် ဖြစ်ကြတယ်။ ကိုယ်ဝန် (၄ဝ) ပါတ်မှာမွေးခဲ့ကြတယ်။ ကလေးအသက် (၆) ပါတ်ရှိချိန်မှာ ကလေး (၇ဝ) က မိခင်နို့် တိုက်နေကြတယ်။ (၂၆) ယောက်က မိခင်နို့နဲ့ နို့မှုန့်ရောတိုက်တယ်။ (၆) ယောက်က နို့မှုံ့သာတိုက်တယ်။ ကလေးတွေရဲ့ Microbiome ဗက်တီးရီးယားအခြေအနေတွေ မတူကြတာသိလာရတယ်။ နို့မှုံ့နဲ့ မိခင်နို့ ရောတိုက်တဲ့ ကလေးတွေက တူကြတယ်။

ကွာခြားချက်သိသိသာသာရှိတာတော့ သိရတယ်။ ရေတိုနဲ့ ရေရှည်မှာ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မလဲ ကိုတော့ ဆက်လေ့လာရမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ