စပျစ်သီး (grape) ၏ ကောင်းကျိုးများ


နံနက်စောစော စပျစ်သီး ဖျော် ရည်သောက်ပါက ခေါင်းတစ်ခြမ်း ကိုက်ခြင်း migrane ကို သက် သာစေသည် ။ စပျစ်သီးအခွံမှာပါသော pte-rostilbene နှင့် saponin တို့က သွေးထဲတွင် cholesterol စုပ်ယူမှုကို ဟန့်တားပေးသဖြင့် အဆီကို ကျစေ သည်။

၎င်းတွင်ပါဝင်သော resve-ratrol မှ အယ်ဇိုင်းမားရောဂါ ဖြစ် စေသော amyloidal peptide ကို လျော့စေသဖြင့် အယ်ဇိုင်းမားရောဂါ ဖြစ်မှုကို ဟန့်တားပေးသည်။ ၄င်း ပြင် ဦးနှောက်ကျန်းမာရေးကို အား ပေးပြီး အာရုံကြောများ ချို့ယွင်း ပျက်စီးလာမှုကို နှောင့်နှေးစေသည် ။ ကျောက်ကပ် အတွင်း သွေး ကြောများ၏ ဖိအားကို လျော့ပေး သဖြင့် ကျောက်ကပ်ရောဂါများကို သက် သာစေသည်။
Nitric oxide level ကို မြင့်စေသဖြင့် သွေးခဲခြင်းကို ကာ ကွယ်ပေးသောကြောင့် နှလုံးရော ဂါကို ကာကွယ်ပေးသည်။ ၄င်းတွင် ပါဝင်သော Anti oxidant မှ မကောင်းသောအဆီ LDL cholesterol ကို ကျစေသည်။

အစာမကျေမှုကို ကာကွယ်ပေး သည်။ ၄င်းတွင် ပါဝင်သော resver-atrol မှ ရောင်ရမ်းမှုကို လျော့စေ သည်။ ရင်သားနှင့် အူမကြီး ကင်ဆာကို ကာကွယ်ပေးသည်။ ၄င်းတွင် ပါဝင်သော anthocyanin နှင့် proanthocyanin တို့က ကင်ဆာဆဲလ် များကြီးထွားမှုကို ဟန့်တားပေးသည်။

ပါဝင်သော Flavonoid မှရေတိမ် cataract ဖြစ်ခြင်းကို ကာကွယ်ပေးပြီး အိုမင်းမှုကို လျှော့ချ ပေးသည်။
စပျစ်သီးကို တစ်နေ့ (၃)ကြိမ် စား ပါက အသက်ကြီး၍ အမြင်အာရုံချို့ ယွင်းသောရောဂါ macular degen-eration ၏ ၃၆%ကို လျော့ ချပေးသည် ။ စပျစ်သီးအစိမ်းသည် iron ဓာတ် ကြွယ်ဝစွာပါဝင်သဖြင့် သွေး အားကို ကောင်းစေသောကြောင့် မောပန်းမှုကို လျော့နည်းစေသည် ။ စပျစ်သီးအနီသည် ဘက်တီး ရီးယားကို သတ်သည့် အာနိသင် ရှိသည့် အပြင် ပိုလီယိုဗိုင်းရပ်စ်နှင့် ရေယုန် ဗိုင်းရပ်စ်တို့ကို သတ်နိုင်သော အာနိသင်လည်းရှိသည်။

ကံ့ကော်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ