မီးယပ်သွေးဆုံးကာလကို ဘယ်လိုကျော်ဖြတ်ကြမလဲ


သွေးဆုံးမီးယပ်ကာလဆိုတာ ဘာလဲ
အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာစက်ဝန်း ရပ်သွားတဲ့ကာလတစ်ခုပါ ။ သားဥအိမ်က estrogen နဲ့ Progestrogen ဟိုမုန်းတွေ ထုတ်လုပ်တာ ရပ်သွားတဲ့ အတွက် သွေးဆုံး မီးယပ်ဖြစ်လာခြင်းပါ ။ သွေးဆုံး မီးယပ်ကာလကို ကျော်လွန်ပြီးတာနဲ့ အဲဒီအမျိုးသမီးက ကိုယ်ဝန်မရနိုင်တော့ပါဘူး ။ မီးယပ်သွေးဆုံးတာက အသက်မသာဖြစ်စေတဲ့လက္ခဏာတွေပေါ်လာတဲ့အတွက် အမျိုးသမီးတော်တော်များများ စိတ်ပူတတ် ကြပါတယ် ။ တကယ်တော့ မီးယပ်သွေးဆုံးတာ သဘာဝပါ ။ လက္ခဏာတွေ စိတ်အနှောက်အယှက် မပေးသမျှ ကုသမှုခံယူစရာမလိုပါဘူး ။

ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲ။
မီးယပ်သွေးဆုံးလက္ခဏာက အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်မတူ ကွဲပြားကြပါတယ် ။ တစ်ချို့ လက္ခဏာ မပြကြပေမယ့် တစ်ချို့ကလက္ခဏာအမျိုးမျိုးပြတတ်ကြပါတယ် ။

ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ….
ဓမ္မတာမမှန်ခြင်း
မီးယပ်သွေးဆုံးကာလမှာ ဓမ္မတာလာတာက များလိုက် ၊ နည်းလိုက် ပုံမှန်မဟုတ်ပဲ ဖြစ်နေတတ်ပါတယ် ။ ဒါက ဆေးဝါကုသမှုကြောင့် ကိုယ်ဝန်ရှိတာကြောင့်လည်းဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ စစ်ဆေးကြည့်ပါ ။

အသားအရေ နီရဲလာမယ်
ခန္ဓာကိုယ်အပေါ်ပိုင်း ရုတ်တရက်ပူလာပြီး မျက်နှာနဲ့လည်ပင်းက နီရဲလာတတ်ပါတယ် ။ ရင်ဘက်၊ ကျောနဲ့ လက်မောင်းတို့မှာ အနီကွက်များပေါ်လာတတ်ပါတယ် ။

အိပ်မပျော်ဖြစ်မယ်
မီးယပ်သွေးဆုံးလက္ခဏာတစ်ခုဖြစ်တဲ့အတွက် အသားအရေတွေ ပူလာတာကြောင့် ညဘက်ချွေး အလွန်အကျွံ ထွက်တာတွေ ဖြစ်ပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ် ။ နေ့ဘက်မှာလည်း သာမန်ထက် ပိုပီးပင်ပန်းနွယ်နယ်နေတတ်ပါတယ် ။

မိန်းမကိုယ်ပြဿနာ
Estrogen ဟိုမုန်းထုတ်ပေးနိုင်စွမ်းနည်းလာတာကြောင့် မိန်းမကိုယ်နံရံက ခြောက်သွေ့ပြီး ပါးလျလာပါတယ် ။ Estrogen နည်းပါးလာတဲ့အတွက် လိင်ဆက်ဆံတဲ့အခါ အဆင်မပြေဖြစ်တာမျိုး ဆီးမထိန်းနိုင်တာမျိုး ၊ ကူးစက်ရောဂါကပိုပြီးဖြစ်လာနိုင်ခြေ ရှိပါတယ် ။

လိင်ဆက်ဆံလိုစိတ်တွေ ပြောင်းလဲလာမယ်
တချို့အမျိုးသမီးတွေအနေနဲ့ မီးယပ်သွေးဆုံးကာလပြီးသော်လည်း လိင်ဆက်ဆံရအခက်အခဲမရှိပေမယ့် တချို့အမျိုးသမီးတွေ ကတော့ လိင်ဆက်ဆံလိုစိတ်တွေ လျော့ပါးလာပါတယ်။

အရိုးပြဿနာ
မီးယပ်သွေးဆုံးကာလမှာ အရိုးတွေပါးလာပြီး အင်အားနည်းပါးလာပါတယ်။ အဲဒီအတွက် အရိုးကျိုးတာတွေ၊ ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ် ။ တခြားအပြောင်းအလဲတွေအနေနဲ့ အာရုံစိုက်ရတာပြဿနာရှိတာမျိုး ၊ မကြာခဏသတိမေ့တတ်တာမျိုး ၊ ခန္ဓာကိုယ်ဝလာတာ ၊ ခါးတုတ်လာတာ ၊ အရိုးအဆစ်တွေကျွတ်ဆက်လာတာမျိုးတွေ ခံစားးရတတ်ပါတယ်။

ဘယ်လိုကုသနိုင်သလဲ
မီးယပ်သွေးဆုံးကာလအတွင်း ခန္ဓာကိုယ်အပြောင်းအလဲတွေက ကျန်းမာရေးကိုလည်း အပြောင်း အလဲဖြစ်စေပါတယ် ။ Estrogen နည်းပါးလာမှုနဲ့ တခြားသောအပြောင်းအလဲတွေက အိုမင်းရင့်ရော်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်တက်လာခြင်း၊ နှလုံးရောဂါ၊ အရိုးဝေဒနာတို့ကို ဖြစ်လာစေနိုင်ပါတယ်။ အဲဒါကြောင့် အာဟာရမျှတစွာ စားပါ။ အသက်အရွယ်ကြီးလာတာနဲ့အမျှ အာဟာရပြည့်ဝစွာ စားဖို့က အဓိကကျလာပါပြီ။ အသက်(၅၀)ကျော် အမျိုးသမီးတွေအနေနဲ့ ဗီတာမင် B12 2.4 mcg, ဗီတာမင် B6 1.5 milligram နေ့စဉ် စားပေးပါ ။ ဖြည့်စွက်ဗီတာမင်လိုသူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်စားသုံးပါ ။ မီးယပ်သွေးဆုံးကာလမှာ အရိုးကျန်းမာရေးပိုပြီး ဂရုစိုက်ရမှာဖြစ်တဲ့အတွက် နေ့စဉ်ကယ်လဆီယမ် 1200 mg စားပေးပါ ။ အသက် ၅၁ နှစ်မှ ၇၀အတွင်း အမျိုးသမီးတွေအနေနဲ့ ဗီတာမင် D 600 Iu စားပေးပါ ။ အသက် (၇၀)ကျော် အမျိုးသမီးတွေ ကတော့ ဗီတာမင် D 800 IU စားပေးပါ။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
လေ့ကျင့်ခန်းလုပ်ပေးခြင်းက နှလုံး ၊ ကြွက်သား ၊ အရိုးကျန်းမာရေးအတွက် သင့်လျော်ပါတယ် ။ တစ်ပါတ်ကို (၂)နာရီခန့် လေ့ကျင့်ခန်းလုပ်ပေးပါ ။ တစ်ပါတ်နှစ်ကြိမ်ခန့် ကြွက်သားများ သန်မာ ဖို့ လေ့ကျင့်ခန်း လုပ်ပေးပါ ။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်က ကျန်းမာရေးကို ဘက်ပေါင်းစုံကနေထိခိုက်စေပါတယ် ။ ဆေးလိပ်သောက် တာရှောင်သလို ဆေးလိပ်ငွေ့နဲ့လည်း အဝေးဆုံးရှောင်ပါ ။ကျန်းမာရေးကို မကြာခဏ စစ်ဆေးပါ
သွေးဖိအားတိုင်းတာမျိုး၊ အရိုးကျန်းမာရေးနဲ့ အခြားသောကျန်းမာရေးစောင့်ရှောက်မှုတွေ ပုံမှန်လုပ်ပေးပါ။ တုပ်ကွေး၊ အအေးမိဝေဒနာကိုလည်း လျစ်လျူရှုမထားပါနဲ့ ။

မေဖြိုး
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ