မှားတတ်တဲ့ အယူအဆများ


(၁) အလင်းရောင်နည်းနည်းနှင့် စာဖတ် လျှင် မျက်စိမှုန်တတ်သလား
အလင်းရောင်မလုံလောက်တဲ့ နေရာမှာစာဖတ်တဲ့အခါမျက်စိဝန် ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ဒါပေမယ့် အများစုတွေးထင်နေကြတဲ့ မျက်စိ ပျက်ခြင်း၊ မျက်စိမှုန်ခြင်းမဖြစ်နိုင်ပါ ဘူး။မျက်စိကိုခဏတာ ဒဏ်ဖြစ်စေ ခြင်းမှအပ မျက်လုံးရဲ့လုပ်ငန်း၊ မျက် လုံးဖွဲ့စည်းပုံများမှာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခြင်းမရှိပါဘူး။ Sjogren's syndrome လို့ခေါ်တဲ့ရောဂါမှာ မျက်စိအားစိုက်စာဖတ်လျှင်မျက်စိ မှုန်လာတတ်ပေမယ့် ခဏနား လိုက် တာနှင့် ပြန်သက်သာလာပါတယ်။

(၂) အေးပြီးစိုစွတ်နေတဲ့နေရာမှာအအေးမိလွယ်သလား
အအေးမိပြီး နှာစေးချောင်းဆိုး ခြင်း၊ ဖျားနာခြင်းဖြစ်တာဟာ Rhino virus လို့ခေါ်တဲ့ ဗိုင်းရပ်စ် ကူးစက်ခံရ တာကြောင့်ဖြစ်ပါတယ် ။ ရာသီဥတု အေးလို့ အအေးမိဖျားနာတာမဟုတ် ပါဘူး ။ ဗိုင်းရပ်စ် ကူးစက်ခြင်းကြောင့်ဖြစ်ပါတယ် ။ မကြာခဏလက်ဆေး ပါ။အိပ်ရေးဝအောင်အိပ်ပါ ။ အအေး မိတုပ်ကွေးဖျားဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် ပဋိဇီဝ (antibiotics) ဆေးများသောက်လျှင် မပျောက်ပါ။ နှာစေးပျောက်ဆေး၊ ချောင်းဆိုး ပျောက်ဆေး၊ အဖျားကျဆေးများ သောက်ထားပြီး ရက်အနည်းငယ် အနားယူတာနှင့် ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။

(၃) ခေါင်းလျှော်ချိန်မဟုတ်ဘဲ ခေါင်း လောင်းရေချိုးလျှင် အပူရှပ်တတ်သလား
အပူရှပ်ခြင်း ( heat stroke) ဆိုတာ ခန္ဓာကိုယ်အပူချိန်အလွန် မြင့်တက်ပြီး အပူစွန့်ထုတ်တဲ့လုပ် ငန်းတွေ အလုပ်မလုပ်တော့လို့ဖြစ်ပါ တယ် ။ နေပူထဲကပြန်လာပြီး ရေချိုး ခြင်း ၊ ခေါင်းရေလောင်းခြင်းရှောင်ပါ ။ အပူဒဏ်ကြောင့် ဦးနှောက်သွေး ကြောတွေကျယ်ပြီး သွေးဖိအားတက် နေတဲ့အချိန်မှာ ရုတ်တ ရက်ရေအေး အေးနှင့် ထိတွေ့လျှင် သွေးကြောကျုံ့ ပြီး ပေါက်ထွက်တတ်ပါတယ်။ ၄င်း ပြဿနာတစ်ခုက လွဲလို့ အေးအေး လူလူရှိတဲ့အချိန် ခေါင်းရေလောင်း ချိုးလျှင် အပူရှပ်တာတွေ၊ အပူကန် တာတွေ မဖြစ်နိုင်ပါဘူး ။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ