သင်ရှောင်နိုင်သော အိုမင်းစေသည့် အကြောင်းရင်းသုံးရပ်


ဇရာကို ဘယ်သူမှရှောင်လို့မရပါဘူး ။ ဒါပေမယ့် ဇရာနဲ့တွဲပြီးဖြစ်လာတဲ့ အိုမင်းမှုတွေကိုဖြစ်စေတဲ့ တချို့ အကြောင်းရင်းတွေကိုတော့ သင်ရှောင်လို့ရပါတယ် ။ အထူးသဖြင့် အသက်ကြီးလာတဲ့အခါ အိုမင်းတဲ့ လက္ခဏာတွေဖြစ်တဲ့ မျက်နှာကအရေးကြောင်းတွေ၊ အတွန့်တွေ ၊ အချိုင့်တွေနဲ့ အရေပြား အိတွဲကျတာတွေကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေကို သိထားပြီး ကြိုတင်ကာကွယ်နိုင်ရင် အသက်ကြီးလာတဲ့အထိနုပျိုနေမှာပါ ။

၁။ ဓာတ်တိုးပစ္စည်းများခြင်း

Free Radicals လို့ခေါ်တဲ့ ဓာတ်တိုးပစ္စည်းတွေ ခန္ဓာကိုယ်ထဲမှာ များပြားလာရင် ထိခိုက်ပျက်စီးမှုတွေ ပိုဖြစ်ပြီး မြန်မြန်အိုစာပါတယ် ။

အသက်ကြီးလာချိန်မှာ ခန္ဓာကိုယ်အတွင်း Free Radical တွေ ပိုများလာပါတယ် ။ အထူးသဖြင့် အရက်သောက်မယ် ၊ ပြုပြင်ဖန်တီးထုတ်လုပ်ထားတဲ့ အစားအစာတွေများများ စားမယ် ၊ ဆေးလိပ်သောက်မယ် ၊ စိတ်ဖိစီးမှုရှိမယ် ၊ လေထုညစ်ညမ်းမှုရှိတဲ့နေရာမှာ နေမယ်ဆိုရင် Free Radicals တွေ ပိုများလာတဲ့အတွက် ရောဂါဖြစ်နိုင်သလို အရေပြားမှာလည်း အရေးကြောင်းတွေ ပိုဖြစ်လွယ်ပါတယ် ။

Free Radicals တွေလျော့နည်းအောင် လုပ်ဖို့ကတော့ အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့အစားအစာတွေကို များများစားပေးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ နေထိုင်ဖို့ပါ ။ အိုမင်းမှုကို ဆန့်ကျင်တဲ့ မျက်နှာ လိမ်းခရင်မ်တွေမှာလည်း အင်တီအောက်ဆီးဒင့်တွေ ပါဝင်တတ်ပြီး အကူ အညီဖြစ်နိုင်ပါတယ် ။

၂။ ကော်လာဂျင်နှင့် အီလက်စတင် ထုတ်လုပ်မှုလျော့နည်းခြင်း

အသက်ကြီးလာတဲ့အခါ သဘာဝအရဖြစ်လာတာကတော့ အရေပြားကို တင်းတင်းရင်း ရင်းဖြစ်စေ တဲ့ ကော်လဂျင်နဲ့ အီလက်စတင်တွေ ထုတ်လုပ်မှုလျော့နည်းလာတဲ့အတွက် အရေးကြောင်းနဲ့ အရေပြားလျော့တွဲတာတွေ စတင်ဖြစ်လာတာပါ ။ ဒါဟာခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရ ဓာတ်တွေကို ပြည့်ဝအောင် စားသောက်မပေးတဲ့သူတွေမှာ ပိုဖြစ်ပါတယ် ။ သင်ဟာ သင့်အရေပြားကို အရေးကြီးအာဟာရဓာတ်တွေဖြည့်ပေးရင် ဒီဓာတ်ပစ္စည်းတွေ ထုတ်လုပ်မှု ပိုကောင်းလာတဲ့အတွက် အရေပြားရဲ့ အကောင်းဆုံးလုပ်ဆောင်မှုကို ရရှိစေနိုင်ပါတယ် ။ သင့်အရေပြားကို Cynergy TK ဒါမှမဟုတ် Coenzyme Q 10 လိုမျိုး ကော်လဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ ခရင်မ်တွေ လိမ်းပေးတာက အကူအညီဖြစ်နိုင်ပါတယ် ။

၃။ Hyaluronic Acid ဆုံးရှုံးမှု

ဒီအက်စစ်ဓာတ်ဟာ အရေပြားရဲ့ ကြွက်သားမျှင်တွေကြားမှာ ကော်လိုမျိုး ဆောင်ရွက်ပေးပါတယ် ။ ဒီအက်စစ်ဓာတ်မရှိရင် အရေပြားဟာ အိတွဲကျနိုင်ပြီး မျက်ကွင်းညိုတာတွေလည်း ဖြစ်စေပါတယ် ။ Hyaluronic acid ကို အပြင်ကနေ အစားဖြည့်ပေးလို့မရပါဘူး ။ Wakame – extract ပါတဲ့ နုပျိုစေတဲ့ မျက်နှာလိမ်းခရင်မ် ကောင်းကောင်းသုံးနိုင်ရင်တော့ ဒီအက်စစ်ဓာတ်အဆင့်ကို ပြန်တက်အောင် ကူညီနိုင်ပါတယ် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ