သွေးအတွင်း အဆီဓာတ် မြင့်မားခြင်း


သွေးအတွင်း အဆီဓာတ် မြင့်မားတဲ့သူတွေ အနေနဲ့ အသား စားပေးသင့်ပါတယ် ။ တချို့က အဆီဓာတ် မြင့်မားလို့ ဆိုပြီး ပုံမှန် စားနေကျ ထမင်းကို လျှော့ပြီး ဟင်းသီးဟင်းရွက်ကြော် ၊ ဟင်းချိုရည်နဲ့ပဲ စားကြတယ်။

ကြာလာတော့ အားအင်ကုန်ခန်းပြီး တက်ကြွလန်းဆန်းမှု မရှိတော့ဘဲ အမြဲအိပ်ငိုက်ပြီး ပျင်းရိ နေတတ် တယ် ။ လူ့ခန္ဓာကိုယ် အချိုးအဆ အနေနဲ့ ဘီအမ်အိုင် ၁၈ ဒသမ ၉ မှ ၂၄ ဒသမ ၉ အတွင်းရှိ ရပါမယ် ။ ဘီအမ်အိုင် ဆိုတာ ခန္ဓာကိုယ်အလေးချိန် (ကီလိုဂရမ်) အရပ်အမြင့်မီတာ (နှစ်ထပ်ကိန်း) နဲ့ စားလို့ရတဲ့ ကိန်း ဖြစ်လို့ အလေးချိန် လျှော့ဖို့ လိုမယ် ။ အသင့် အမြန်စား အစာတွေက ကိုလက်စထရောကို မြင့် တက်စေပါတယ် ။ တချို့ သွေးအတွင်း အဆီဓာတ် လွန်ကဲသူတွေက အသားဟင်း ၊ အဆီတွေကို မစားရဘူးလို့ နားလည်နေ ကြတယ် ။

 ပြည့်ဝဆီများတဲ့ ဝက်သားလို အသားကို ရှောင်ပြီး ငါးကို ရွေးချယ် စားသုံးနိုင်ပါတယ် ။ မပြည့်ဝဆီ အက်စစ်ဟာ သွေးအတွင်း အဆီဓာတ် ထူးခြားခြင်းနဲ့ နှလုံး ၊ ဦးနှောက်သွေးကြော ရောဂါတို့ကို ကာကွယ် ပေးရာမှာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေတယ် ။ သွေးအားနည်းရောဂါ ဖြစ်နေသူတွေ အနေနဲ့ သံဓာတ် ကြွယ်ဝပြီး အဆီဓာတ်နည်းတဲ့ အမဲသား သို့မဟုတ် အဆီမပါတဲ့ အသားကို ရွေးချယ် စားသုံးနိုင်ပါတယ် ။ လေးဖက်နာရောဂါ ရှိနေသူတွေ ဆိုရင်တော့ ဖြူလင်းဓာတ် နည်းပါးတဲ့ ကြက် ၊ ဘဲ တို့ကို ရွေးချယ်စားသုံး သင့်ပါတယ် ။

အရိုးပွရောဂါ ဖြစ်နေသူတွေဆိုရင် ပုစွန် စားသုံးနိုင်ပါတယ် ။ လူရဲ့ ခန္ဓာကိုယ်အတွင်းမှာ ပရိုတိန်းခေါ် အသားဓာတ်နဲ့ မရှိမဖြစ် လိုအပ်တဲ့ အဆီ အက်စစ်ချို့တဲ့ နေတာကို တွေ့ရှိ ရတတ်တယ် ။ သွေးအတွင်း အဆီက အသားဓာတ် (ပရိုတိန်း)အဖြစ် မပြောင်းလဲနိုင်လို့ ပုံမှန် စားနေကျ အစားအစာမှာ အသားကို စားသုံးခိုင်းရတာပဲ ဖြစ်တယ် ။ လူတိုင်း နေ့စဉ် လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီထိ လုပ်သင့်ပါတယ် ။ အပြေး ၊ လမ်းလျှောက် ၊ စက်ဘီးစီး လုပ်ပေးသင့်တယ် ။ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို အဆီအဖြစ် မပြောင်းလဲဘဲ ချွေးအဖြစ် ပြောင်းလဲ စေရ ပါမယ် ။ ။

ဒေါက်တာလွင်သန့် (ဆေး-၂)
မြဝတီ
https://www.facebook.com/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ