အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံက ပြီးမြောက်ကျေနပ်မှုအတွက် အဓိကကျ



တီဗီတွေ၊ ရုပ်ရှင်တွေထဲမှာက လွဲရင် အမျိုးသမီးအများစုဟာ နှစ်ဦးသာ ချစ်တင်းနှောနေချိန်အတွင်းမှာ အမျိုးသားတွေလို ပြီးမြောက်ကျေနပ်မှု မရရှိကြတာ များပါတယ်။ဒါ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်မှု ပုံစံကိုပဲ အပြစ်တင်ရမှာ ဖြစ်ပါတယ် လေ့လာတွေ့ရှိချက်အသစ်နဲ့ သက်သေသာဓကအသစ်တွေက ပြောပြထားပါတယ်။

ချစ်တင်းနှောနေစဉ်မှာ ပြီးမြောက်ကျေနပ်မှုအတွက် အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်တဲ့ Clitoris ဟာ ယောနိလမ်းကြောင်းကနေ ဝေးသွားတတ်တယ်လို့ သုတေသီတွေက ရှင်းပြထားပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေထဲမှာ ယောနိလမ်းကြောင်းနဲ့ Clitoris အကြားဝေးကွာမှု ပိုများတဲ့အခါ သဘာဝနည်းလမ်းအတိုင်း ချစ်တင်းနှောတဲ့အခါ Clitoris ကို ပွတ်တိုက်လှုံ့ဆော်ပေးလေ့ အရှိတာကြောင့် အမျိုးသမီးတွေမှာ ချစ်တင်းနှောနေစဉ်အတွင်း ပြီးမြောက်ကျေနပ်မှု ရရှိဖို့အလွန် ခက်ခဲနိုင်ကြောင်း West Palm Beach, Fla ရှိ American College of Obstetricians and Gynecologists မှ Dr. Maureen Whelihan က ရှင်းပြသွားပါတယ်။

အမျိုးသမီးရဲ့ Clitoris နဲ့ သူ့ရဲ့ဆီးလမ်းကြောင်းဝကြား အကွာအဝေးဟာ ပြီးမြောက်ကျေနပ်မှု ရနိုင်မရနိုင်ကို ခန့်မှန်းနိုင်ကြောင်း သုတေသီတွေက ရှင်းလင်းပြောပြထားပါတယ်။

အမျိုးသမီးတွေရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ ၉၀ ရာခိုင်နှုန်းကြာဟာ ပုံမှန်ချစ်တင်းနှောရုံနဲ့ ပြီးမြောက်ကျေနပ်မှု မရရှိစေနိုင်ပါဘူးလို့လည်း Whelihan က ဆိုပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ