သတ္တိကောင်းလှတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ ဗြိတိန်နိုင်ငံမှာ သားမြတ်ဖြတ်ထုတ်ရတဲ့ ပထမဆုံးသော ကလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူရဲ့ သားမြတ်ထဲမှာ နူးညံ့တဲ့ အကျိတ်လေးတွေဖြစ်ပေါ်ကာ ရှားပါးတဲ့ ရောဂါတစ်မျိုးကို တွန်းလှန်နေခဲ့ရတာပဲဖြစ်ပါတယ်။
အသက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ Lewis Deakin ဟာ သွေးလွှတ်ကြော သွေးပြန်ကြောဆိုင်ရာ ဖွဲ့စည်းမှုမမှန်ကန်ခြင်း (AVM) ကို ခံစားနေခဲ့ရပြီး သူ့ရဲ့ ရင်ဘတ်ထဲက သွေးလွှတ်ကြောတွေဟာ ကြီးထွားနေခဲ့ပါတယ်။
Manchester မြို့တောင်ပိုင်း Wythenshawe မှာနေထိုင်တဲ့ Lewis ဟာ သူ့ရဲ့ညာဘက်ရင်ဘတ် ကြွက်သားကို ဖယ်ထုတ်ဖို့အတွက် သားမြတ်ဖြတ်ထုတ်ခြင်းကို ခံယူခဲ့ရပါတယ်။ Birmingham ကလေးဆေးရုံမှာ အထူးကုသမှုတွေ ခံယူခဲ့ရတာပါ။
ဒီရောဂါကို Lewis ဟာ အနိုင်မခံဘဲ ခုခံနိုင်ခဲ့ပြီး ကျန်းမာလာပြီဖြစ်ပါတယ်။ သူ့ရဲ့ အမာရွတ်ဟာ ငါးမန်းကိုက်ခံရလို့ ကျန်ခဲ့တာလို့တောင် အတန်းဖော်ကောင်မလေးတွေကို ပြောပြနေနိုင်ပါပြီ။
( Skyler )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref: Mirror