ယောက်ျားတစ်ယောက်ရဲ့ လိင်အင်္ဂါဟာ သူ့ဘ၀သက်တမ်းကို ပြောပြနိုင်


အိပ်ရာထဲမှာစွမ်းဆောင်ရည်ကျဆင်းတာဟာ အမျိုးသားတွေအတွက် ရှက်ရွံ့ဖွယ်ကောင်းတဲ့အခြေအနေတစ်ခုပါပဲ၊ ဒါပေမယ့် အခုတော့ သိပ္ပံပညာရှင်တွေက ပန်းသေပန်းညိုးဖြစ်တာဟာ သူ့ရဲ့ ဘ၀သက်တမ်းကိုပါအကျိုးသက်ရောက်မှုဖြစ်ပေါ်စေတယ်လို့ သတိပေးလိုက်ပါတယ်၊

ပန်းသေပန်းညိုးရောဂါဟာ လူဘ၀သက်တမ်းရဲ့ ရာခိုင်နှုန်း၇၀လောက်ထိစောစီးစွာသေဆုံးနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ကြတာပါ၊

ဒီလိုကစဥ့်ကလျားဖြစ်ဖွယ်ကောင်းတဲ့အခြေအနေကို အမေရိကန်က အမျိုးသား၁၈သန်းလောက်ဟာ နှလုံးနဲ့သွေးကြောစနစ်တွေအတွက်ပါကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေတယ်လို့ မစစ္စပီတက္ကသိုလ်က ပညာရှင်တွေကပြောကြားခဲ့ပါတယ်၊

ပန်းသေပန်းညိုးရောဂါဟာ အသက်ကြီးတဲ့အမျိုးသာေးတွမှာ အခြေခံအားဖြင့် မကြာခဏဖြစ်ပွားလေ့ရှိပါတယ်၊ အသက်လေးဆယ်အောက် အမျိုးသား ရာခိုင်နှုန်းနှစ်ဆယ်လောက်ကလည်း ဒီလိုအခြေအနေကို ကြုံတွေ့နေရတာဖြစ်ပါတယ်၊


အခုလိုပန်းသေပန်းညိုးရောဂါဟာ သွေးထဲမှာအဆီများတဲလူတွေ၊ အ၀လွန်တဲ့လူတွေ၊ သွေးတိုးရောဂါရှိတဲ့လူတွေ၊ ဆီးချိုရောဂါရှိတဲ့လူတွေနဲ့ ဆေးလိပ်သောက်တဲ့လူတွေမှာ အဖြစ်များတယ်လို့သိရပါတယ်၊

သိပ္ပံပညာရှင်တွေက ဒီရလဒ်တွေဟာ တစ်ဦးချင်းစီရဲ့ အခြေခံအချက်အလက်လေ့လာမှုတွေအပေါ်မူတည်ပြီးစစ်တမ်းထုတ်ထားတာလို့ဆိုပါတယ်၊



(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref : Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ