ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေဟာ ကျန်းမာရေး ၊ အကျင့်စရိုက် စတာတွေအပေါ် သက်ရောက်မှုမရှိ





လူတော်တော်များများဟာ ပျော်ရွင်မှုကို သူတို့ရဲ့ကောင်းမွန်တဲ့ဘ၀အခြေအနေထဲမှာ ထည့်သွင်းထားပြီး မပျော်ရွှင်ခြင်းတွေဟာ သူတို့အတွက် ဆိုးဝါးတဲ့ဘ၀အခြေအနေဖြစ်တယ်လို့ ယူဆထားကြတယ်။ ဒါပေမယ့် England က လေ့လာမှုအသစ်အရ ဒါတွေဟာ ကျန်းမာရေး သို့ အကျင့်စရိုက်တွေပေါ်မှာ သက်ရောက် မှုမရှိဘူးလို့ ဆိုလာပါတယ်။

University of Oxford က သုတေသီတွေအဆိုအရ စိတ်ဖိစီးမှုနဲ့ ပူဆွေးသောကတွေဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ ရလဒ်တွေမတွေ့ရကြောင်း England ရှိ အမျိုးသမီး တစ်သန်းကျော်ကို လေ့လာ စမ်းစစ် ချက်အပေါ် အခြေခံပြီး လေ့လာခဲ့တယ်လို့ သိရပါတယ်။

 “ နေမကောင်းဖြစ်ရင် မပျော်ရပါဘူး။ ဒါပေမယ့် မပျော်လို့တော့ ခင်ဗျား နေမကောင်းဖြစ်တယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ အမျိုးသမီး တစ်သန်ကျော်ကို ၁၀ နှစ်ကြာ လေ့လာပြီးတဲ့နောက် ပူဆွေးဝမ်းနည်းမှု၊ စိတ်ဖိစီးမှုတွေက အကျင့်စရိုက်တွေအပေါ် တိုက်ရိုက်အကျိုးသက်ရောက်တာမရှိတာကို တွေ့ခဲ့ရပါတယ်။” လို့ University of New South Wales မှ ပါမောက္ခဖြစ်သူ ဒေါက်တာ Bette Liu က ရှင်းလင်းပြောပြထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ