ဦးနှောက်လှုံ့ဆော်မှုဖြင့် ကိုယ်အလေးချိန် လျော့ကျစေနိုင်






ဆီးချိုရောဂါ၊ အစာခြေနှင့်အသည်းရောဂါ နိုင်ငံတော်တက္ကသိုလ်မှ သုတေသနပညာရှင်တွေဟာ ဦးနှောက်ရဲ့လှုံ့ဆော်မှုဖြင့် လူတွေကို အစားအသောက်လျှော့စားစေပြီး ကိုယ်အလေးချိန်လျော့ကျအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

Transcranial direct current stimulation, သို့ TDCS လို့ခေါ်တဲ့ အာရုံကြောတွေကို လှုံ့ဆော်ပေးတဲ့ပုံစံနဲ့ ဦးနှောက်တွင်းမှာရှိတဲ့ သက်ဆိုင်ရာအစိတ်အပိုင်းတွေကို လျှပ်စစ်လှိုင်းအနိမ့်များ ထုတ်လွှင့်ပေးခြင်းဖြစ်ပါတယ်။ ဒီကုသမှုဟာ ဆရာဝန်တွေရဲ့ ပစ်မှတ်ထားတဲ့ အကူအညီဖြစ်ကြောင်း တွေ့ရှိရပါတယ်။

 “ အ၀လွန်ခြင်းဟာ ဦးနှောက်ရဲ့အပြင်ပိုင်း အမြင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေ လျော့နည်းမှုနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။ ဒီလေ့လာမှုအရ အလေးချိန်လျှော့ချရာမှာ TDCS လျပ်စစ်လှုံ့ဆော်မှုဟာ ဖြစ်နိုင်ချေရှိတဲ့ ကုသမှုတစ်ခုဖြစ်နိုင်တယ်လို့ ပထမဆုံးအနေနဲ့ ကောက်ချက်ချနိုင်ပါတယ်” လို့ ပညာရှင်တွေက ဆိုပါတယ်။

ပညာရှင်တွေဟာ  အသက် ၄၂နှစ်ပတ်ဝန်းကျင် ကျန်းမာသန်စွမ်းတဲ့ အမျိုးသားအမျိုးသမီးတွေနဲ့ အ၀လွန်နေသူများအား TDCS ကုထုံးဖြင့် စမ်းသပ်စစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး ဒီကုသမှုဟာ အပြုအမူတွေနဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါသတဲ့။

စမ်းသပ်စစ်ဆေးမှု ခံယူသူ အဖွဲ့နှစ်ဖွဲ့ဟာ တူညီတဲ့ ကယ်လိုရီပမာဏကို နေ့စဉ်စားသုံးစေပြီး တစ်ဖွဲ့ကိုတော့ TDCS ကုထုံးနဲ့ ကုသပေးခဲ့ရာ ပုံမှန်ထက် ကယ်လိုရီစားသုံးမှုပမာဏ ၇၀၀ ထက်လျော့ကျသွားပြီး ပျမ်းမျှ ကိုယ်အလေးချိန် ၀.၈ ပေါင်ခန့် ကျဆင်းသွားတာကို တွေ့ရတာဖြစ်ပါတယ်။

ပိုမိုစိတ်ချရပြီး ကြာရှည်အကျိုးသက်ရောက်မှုရှိတဲ့ ကုသမှုဖြစ်စေဖို့အတွက် ထပ်မံလေ့လာမှုတွေ ထပ်လုပ်ဖို့လိုသေးတယ်လို့ ဆိုပါတယ်။

( Michelle )



#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref: Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ