လျှာကင်ဆာဆိုသည်မှာ


လျှာကင်ဆာဆိုသည်မှာ လျှာ၏အရှေ့(သို့မဟုတ်) အနောက်ဘက်တွင် ကင်ဆာအကျိတ်ဖြစ်တည်ခြင်း ကိုဆို၏။ လျှာအရှေ့ဘက်ကင်ဆာဖြစ်လျှင် စကားပြောရခက်ခဲပြီး၊ လျှာအနောက်ဘက် ကင်ဆာဖြစ်လျှင် အစာမျိုရန်ခက်ခဲပါသည်။ ထိုရောဂါသည် ယနေ့ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးကင်ဆာ (၁ဝ)မျိုးစာရင်းထဲ မပါဝင်သော်ငြား၊ စစ်တမ်းများအရ အမျိုးသားများသည်အမျိုးသမီးများထက် လျှာကင်ဆာဖြစ်နိုင်ခြေပိုများပြီး၊အသက်(၄၅)နှစ်ကျော်သောအခါစတင် သတိပြု သင့်ပါပြီ။ လျှာကင်ဆာဖြစ်ခါစတွင် ကုသ ပျောက်ကင်းနိုင်သော်လည်း စဦးပိုင်းကာလ ထိရောက်စွာ ကုသမှုမရှိခဲ့ပါက ခံတွင်း၊ လည်ချောင်း၊ မေးရိုး၊ လည်ပင်း စသည့်အစိတ်အပိုင်းများသာမက အသည်း၊ အဆုတ်၊ တင်ပဆုံရိုးတို့အထိပါ ကင်ဆာဆဲလ်များ လျင်မြန်စွာပြန့်ပွားလာစေနိုင်သည်။

လျှာကင်ဆာ လက္ခဏာများ

(၁) လျှာ၏ အရှေ့ပိုင်းသုံးပုံ နှစ်ပုံ(သို့မဟုတ်)လျှာ၏အနောက် ဘက်ပိုင်းသုံးပုံတစ်ပုံခန့်နေရာများ နှင့်သွားနှင့်ကပ်လျက် လျှာဘေး ပတ်လည်များတွင်အနီ(သို့မဟုတ်) အဖြူအကွက်များ ပေါ်လာခြင်း။ အချိန်ကြာလာသည်နှင့်အမျှ နီ-ဖြူအစက် အပြောက်များပိုပွားလာ ကာနာကျင်စွာခံစားရခြင်း။ (၂) မတော်တဆလျှာကိုက်မိခြင်းမရှိ ပါဘဲ၊အလိုအလျောက်လျှာရောင် ရမ်းနာကျင်လာခြင်း။ (၃) အချိန် ကြာမြင့်စွာ လည်ချောင်းနာသော် လည်း ကောင်းစွာကုသမှုမခံယူခဲ့ ခြင်း။ (၄) အစာဝါး စားခြင်းနှင့် မျိုချသည့်အခါတိုင်း မခံရပ်နိုင်အောင်နာကျင်၍ ခက်ခဲစွာခံစားရခြင်း။(၅) အစာဝါးခြင်း၊ ရေသောက်ခြင်းနှင့် မျိုချသည့်အခါ တိုင်းလျှာပေါ်ရှိအဖုများမှ သွေးယို စီးခြင်း (သို့မဟုတ်) သူ့အလိုလို အကြောင်းမဲ့ လျှာပေါ်မှသွေးစိမ့် ထွက်ခြင်း။ (၆) လျှာကောင်းစွာ မလှုပ်ရှားခြင်းကြောင့် အသံမပီ ဝိုးတဝါးဖြစ်၍၊ အသက်ရှူပုံစံ မမှန်ဖြစ်လာခြင်း။ (၇) မကြာခဏ လျှာထုံခြင်း။ (၈) လူနာအနည်းစု တွင် နားအတွင်းပိုင်း ကိုက်ခဲလာ ခြင်း။ (၉) လည်ပင်းအကျိတ်ကြီး ထွားရောင်ရမ်း၍ သိသိသာသာ ခန္ဓာကိုယ်အလေးချိန်ကျဆင်းလာ ခြင်း။ (၁ဝ) လည်ချောင်းထဲ တစ် ဆို့ဆို့ဝေဒနာ ခံစားနေရခြင်း။ (၁၁) ပုံမှန်အတိုင်း လျှာကိုကွေးခေါက် ၍ မရတော့ဘဲ၊ လျှာတစ်ပြင်လုံး တောင့်တင်းမာကျောလာခြင်း စသည်တို့ ဖြစ်သည်။

လျှာကင်ဆာ ဘာကြောင့်ဖြစ်

ယနေ့ကမ္ဘာတွင် ဆေးသိပ္ပံ နည်းပညာများ တစ်နေ့တခြားတိုး တက်ခေတ်မီလျက်ရှိသော်လည်း၊ လျှာကင်ဆာဖြစ်လာရခြင်း ၏ အဓိကအကြောင်းရင်းမှာ (၁) ဆေးလိပ်အလွန်အကျွံသောက်ခြင်း။ (၂) ဆေးရွက်ကြီးငုံလေ့ရှိခြင်း။ (၃)ကွမ်းသီးအလွန် အကျွံဝါးခြင်း။(၄)ပွက်ပွက်ဆူသောဟင်းချိုများနှင့် အလွန်အမင်းပူလောင်သော၊ပူစပ်သောအစားအစာများစားသောက်ခြင်း။ (၅) မျိုးရိုး ဗီဇလိုက်ခြင်း။ (၆) အရက် အလွန်အကျွံသောက်ခြင်း။ (၇) အာဟာရချို့တဲ့ခြင်း။ (၈) သွေး အားနည်းရောဂါ။ (၉)ရောဂါရှိသူ အဖော်နှင့်သဘာဝလိင်ဆက်ဆံမှု မျိုးမဟုတ်ဘဲ လျှာဖြင့်ဆက်ဆံ ခြင်းကြောင့် HPV ကူးစက်ပိုး ရောဂါစွဲကပ် ခြင်း။ (၁ဝ) လျှာအက်စစ်အထွက်များခြင်း။(၁၁) Graft Versus Host Disease (ခေါ်) ဖြစ်တောင့်ဖြစ်ခဲဘေးဥပဒ် ဖြစ်စေသည့် ဆဲလ်များပြန့်ပွားသည့် ရောဂါစွဲကပ်ခြင်း။(၁၂) သွားဖြင့် မကြာခဏကိုက်မိခြင်း။(၁၃)သွားအတု(ဝါ)အံဖုံပုံစံမကျခြင်း။(၁၄) အကြောင်းအမျိုးမျိုးကြောင့် ဓာတုဓာတ်ပေါင်းပစ္စည်းများဖြင့် လျှာကိုထိမိခြင်းစသည်တို့ဖြစ်သည်။

အကောင်းဆုံးအစာ

သင့်တင့်လျောက်ပတ်သော ကယ်လိုရီနှင့် အာဟာရစားသုံးခြင်းဖြင့် လျှာကင်ဆာကုထုံးကိုတစ်ဖက်တစ်လမ်းမှ ကောင်းကျိုးပြုနိုင်သည်။(၁)လျှာခွဲစိတ်ပြီး လူနာများအတွက် ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ၊အဆီနည်းသောအသား၊ အဆီထုတ်ပြီး နွားနို့၊ ဂျုံကြို၊ ဆန်ပြုတ်၊ ပြောင်းဖူးဆန် ပြုတ်တို့ စားပေးသင့်သည်။ (၂) အထူးသဖြင့်ဓာတ်ရောင်ခြည်နည်း ဖြင့်ကုသခံလူနာများတွင်လျှာရောင် ကိုင်း၍ ကွဲစပ်ခြင်း၊ ခံတွင်းနှင့် လည်ချောင်းတို့ခြောက်သွေ့ခြင်းမှ သက်သာစေရန် တစ်နေ့လျှင် သောက်ရေသန့် ၄၈အောင်စမျှ သောက်သင့်ပြီး၊အချိုရည်၊ဟင်းချို၊ စွပ်ပြုတ်နှင့်ရေခဲမုန့်တို့စား ပေးသင့်သည်။ (၃) အစာမျိုချရန် လွယ်ကူစေရန်အတွက် ကရင်မ် (သို့မဟုတ်) ဆီပါသောဟင်းရွက် သုပ်စားပေးနိုင်သည်။

ပေါက်ပေါက်
The Union Daily
https://www.facebook.com/permalink.php?story_fbid=406501106186073&id=139677556201764

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ