Sleeping pills အိပ်ဆေး


၁။ ဆရာရှင့် ကျွန်မ အသက် ၂၉ ထဲ မှာပါ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ စပြီးအိမ်ထောင်ကျတည်းက mervelon 28 သောက်ပါတယ် အဆင်လဲပြေပါတယ်။ ဒါပေမယ့်ခု ပြီးခဲ့တဲ့ ၁၂ လပိုင်း ပထမပတ်တုန်းက တညလုံးအိပ်မရတာ ၃ ရက် ဆက်တိုက်ဖြစ်ပါတယ်။ မြန်မာဆေး သည်းချေ နှလုံးအားကောင်းဆေး သောက်ပါတယ်။ အဲဒီ နောက်ပိုင်းကစပြီး ယခုထိ ကောင်းကောင်း အိပ်မပျော်ပါဘူး။ တချို့နေ့တွေ ၂ နာရီ ၃ နာရီမှ အိပ်ပျော်တယ်။ မနက် ၅ ခွဲ ၆ လောက် ပြန်နိုးတယ်။ ၁၁ နာရီလောက်တည်းက လူကအိပ်ချင်ပြီး အိပ်မရဖြစ်နေတာ ၂ နာရီ ၃ နာရီမှ အိပ်ပျော်တာ တားဆေးကြောင့်များ ဖြစ်တာလား။ တားဆေးဖြတ်ဖို့လဲအစီစဉ်ရှိပါတယ်။ ကျေးဇူးပြုပြီးဘအကြံဉာဏ် ပေးပါဆရာ။

၂။ ကျွန်မ အမျိုးသားအတွက် မေးမယ့်မေးခွန်းပဲဖြစ်ပါတယ်။ သူက ညညအိပ်လို့မပျော်ဘူး ဖြစ်နေပါတယ်။ သူက အိပ်ချင်ပေမယ့် အိပ်လို့ မပျော်နိုင်ဘူးလို့ ပြောပါတယ်။ သူ့အလုပ်က ညဘက်မှဆိုတော့ သူက အိမ်ကို အမြဲ ညတစ်နာရီ ခွဲလောက်မှ ပြန်ရောက်ပါတယ်။ ရောက်ပြီးလည်း တော်တော်နဲ့ မအိပ်ပါ။ နေ့စဉ်နေ့တိုင်း မနက် လေးနာရီခွဲ ငါးနာရီမှသာ အိပ်ပါတယ်။ အဲဒါ သူ့ကို ဘာလုပ်ပေးရမလဲမသိပါ။ အိပ်ပျော်ပြန်ရင်လည်း အိပ်ယာထတော့ လန်းလန်းဆန်းဆန် မရှိဘူး၊ အိပ်ရေးမဝဘူးလို့ ပြောပါတယ်။ အိပ်ဆေးသောက်ကြည့်တော့ အိပ်ပေမယ့် ကြာရှည် စွဲသောက်ရင် ထိခိုက်မှာစိုးလို့ တခြား နည်းလမ်းများ ညွှန်ကြားပေးပါရှင်။

ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ အိပ်စေတဲ့ဆေးဆိုတာ Antihistamines (အင်တီ-ဟစ်တမင်း) ဆေးတွေကများတယ်။ (အလာဂျီ) ဖြစ်တာကို ကုရတဲ့ ဆေးအမျိုးအစားပါ။ ဥပမာ Benadryl, Diphenhydramine (Nytol, Sominex, Sleepinal, Compoz) နဲ့ Doxylamine (Unisom, Nighttime Sleep Aid) ဆေးတွေဖြစ်တယ်။ တချို့ဆေးတွေမှာ အနာသက်သာဆေး ဥပမာ Acetaminophen တွေနဲ့ ရောထားတယ်။ NyQuil ဆေးကတော့ Alcohol ရောထားတယ်။ ရေတို-ရက်တိုအတွက် သုံးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုး မကင်းပါ။ မျက်စိရေတိမ် အရေးအကြီးဆုံးဖြစ်တယ်။ ယောက်ျား အသက်လဲကြီးရင် ဆီးကျိတ်ကြီးနေသလား၊ နာတာရှည်အသက်ရှူလမ်းရောဂါ Emphysema or Chronic bronchitis တခုခုရှိနေသလား သတိထားရမယ်။

ဆေးကြော်ညာမှာ အကောင်းဆုံး-အိပ်ဆေး ၃ မျိုး တွေ့ရမယ်။ AmbeSleep ရယ် Lunexor နဲ့ RestAid ဆေးတွေ ဖြစ်တယ်။ ယေဘုယျပြောရရင် အိပ်ဆေးတွေဟာ ထိရောက်ပါတယ်။ အထူးသဖြင့် ခရီးဝေးသွား တခြားနိုင်ငံရောက် Time zones အချိန်မတူလို့ အိပ်မရတာမျိုး၊ နောက်ပြီး Insomnia အိပ်မရတာ ဆိုးဝါးသူတွေကို Behavioral treatment အမူအယာပြောင်း ဆေးကုနည်းသုံးတဲ့အခါမျိုးတွေမှာ ကောင်းတယ်။

အိပ်ဆေးတွေဟာ “ကောင်းတော့ ကောင်းပါတယ် ဒါပေမဲ့” ဆိုတာမျိုး ဖြစ်တယ်။ ဘာလို့ အိပ်မပျော်သလဲ ဆိုတာကို ကုတာ မဟုတ်တဲ့အတွက် (ဒါပေမဲ့) ထည့်ရတာ ဖြစ်တယ်။ ဆေးမတည့်သူက (အလာဂျီ) ရမယ်။ ပိုဆိုးတတ်တာလဲ ရှိသေးတယ်။ စိတ်ကျရောဂါဆေး Antidepressant (MAOI) ကို ၂ ပါတ်အတွင်း သောက်ထားသလား။ Parkinson's disease ရောဂါဆေးတွေ သောက်နေရသလာ။ ကလေးနို့တိုက်နေသလား သတိထားပါ။

သိပ်မဆိုးတဲ့ ဆိုးကျိုးတွေကတော့ နောက်တရက်မှာ အိပ်ချင်စိတ် အသင့်အတင့်ကနေ များများအထိ ရှိနိုင်တယ်။ ခေါင်းမူးဝေပြီး၊ မေ့တာမျိုး ဖြစ်နိုင်တယ်။ ကိုးရိုးကားရား နိုင်နေမယ်၊ ကိုယ်ထိန်းမရတာလဲ ဖြစ်နိုင်တယ်။ ဝမ်းချုပ်မယ်၊ ဆီးအိမ် တင်းမယ်။ မျက်စိ ဝါးမယ်။ အာခေါင် ခြောက်မယ်။

ဆိုးတာတွေကတော့ -
• Drug tolerance ကြာလေလေ ဆေးကို ခံနိုင်လာပြီး ၁ ပြားနဲ့မတိုး၊ ၂ ပြားနဲ့မရဖြစ်တတ်ကြတယ်။
• Drug dependence ဆေးစွဲလာနိုင်တယ်။
• Withdrawal symptoms ဆေးဖြတ်ရင် ခံစားရမှာတွေ ရှိလာတတ်တယ်။
• Drug interactions တခြားသောက်နေရတဲ့ ဆေးတွေနဲ့ အခန့်မသင့်တာ ရှိခြင်ရှိအုံးမယ်။
• Rebound insomnia ဆေးဖြတ်လိုက်တော့ အရင်ကထက်တောင် အိပ်မပျော်နိုင်တာ ဖြစ်လာတတ်တယ်။

Benzodiazepines အိပ်ဆေးတွေက ပေါ်တာ-သုံးတာ ကြာပါပြီ။ Estazolam (ProSom), Flurazepam (Dalmane), Quazepam (Doral), Temazepam (Restoril) နဲ့ Triazolam (Halcion) နာမည်တွေနဲ့ လာတယ်။
• စွဲတတ်တယ်။ စွဲတယ်ဆိုတာ စိတ်ကရော ရုပ်ကပါ ဖြစ်တယ်။
• နေ့တိုင်း သောက်တာဆိုရင် ဆေးထိရောက်မှု ထိခိုက်မယ်။
• ၃-၄ ပါတ် ဆက်သောက်ရင်လဲ ဘာမှ သတ္တိမပြတော့ဘူး။
• အိပ်စက်ခြင်းရဲ့အရည်အသွေး ကျစေတယ်။
• ဆေးသောက်ပြီး နောက်နေ့မှာ အသိစိတ်နှေးနေပြီး အိပ်ခြင်မူးတူး ဖြစ်စေနိုင်တယ်။

Non-benzodiazepine နောက်ပေါ် အိပ်ဆေးတွေက အရင်ဆေးတွေလောက် ဘေးထွက် မဆိုးဘူး။ ဆေးစွဲတာလဲ နည်းတယ်။ Eszopiclone (Lunesta) ဆေးကို ၆ လအထိ သုံးတာကို စမ်းထားပြီးပြီ။ Zalepon (Sonata) နဲ့ Zolpidem (Ambien) ဆေးတွေ ဖြစ်တယ်။
• Morning grogginess နောက်မနက်မှာ အားယုတ်နေသလို ခံစားစေမယ်။
• Drug tolerance ဆေးယဉ်တတ်တယ်။
• Rebound insomnia ဆေးဖြတ်လိုက်တော့ အရင်ကထက်တောင် အိပ်မပျော်နိုင်တာ ဖြစ်တတ်တယ်။
• Headaches, Dizziness, Nausea ခေါင်းကိုက်၊ ခေါင်းမူး၊ ပျို့ခြင်တယ်။
• Sleep-walking, Sleep-driving, Sleep-eating အိပ်နေရင်း လမ်းလျှောက်တာ၊ အိပ်နေရင်း အစာစားတာ၊ အိပ်နေရင်း ကားမောင်းတာမျိုး ဖြစ်တတ်တယ်။

Ramelteon (Rozerem) ကလဲ Melatonin receptor agonist ဆေးသစ်ဖြစ်တယ်။

Antidepressants စိတ်မကျဆေးလဲ သုံးကြတယ်။ (FDA) ကတော့ အသိအမှတ် ပြုမထားပါ။

တချို့ကလဲ Herbs and natural sleep aids ဆေးဘက်ဝင် အပင်ထွက်သုံးနည်း၊ သဘာဝနည်းတွေ လုပ်ကြတယ်။ (FDA) ကတော့ အသိအမှတ် ပြုမထားပါ။
• Lemon balm သုံပုရာလိမ်းဆေးတို့ Chamomile tea (ကမ်မိုမိုင်းလ်) လဘက်ရည်တို့က ထိရောက်တာ-မထိရောက်တာ မသိပေမဲ့ အန္တရာယ် မရှိပါ။
• Valerian root, Kava Kava, Passionflower, Lavender နဲ့ St. John’s Wort ဆိုတာတွေလဲ သုံးကြတယ်။
• အိပ်ဆေးတွေ မသုံးဘဲ အိပ်အောင်လုပ်ရာမှာ Sleep environment အိပ်တဲ့နေရာ-ပတ်ဝန်းကျင် ပြောင်းတာ၊ Bedtime behaviors အိပ်ရာဝင် အမူအကျင့် ပြောင်းပေးတာ လုပ်နိုင်တယ်။ အိပ်ဆေး အကူယူသူတွေလဲ အဲလို ပြောင်းတာ ရေရှည်အတွက် ပိုကောင်းစေတယ်။
• အိပ်မပျော်တဲ့အခါ စိတ်ပျက်စရာ၊ စိတ်ရှုတ်စရာ၊ မကောင်းတာတွေ တသီကြီး မြင်သိ၊ တွေးထင်တတ်ကြတယ်။ Cognitive-behavioral therapy (CBT) ဆိုတဲ့ Psychotherapy စိတ်ကုသနည်းနဲ့ ကောင်းအောင်လုပ်နိုင်တယ်။ မအိပ်ခင် တွေးခေါ်မှု ပုံစံကိုပါ ပြောင်းစေတယ်။
• Harvard Medical School ကနေ မကြာသေးခင်က တွေ့ရှိချက်အရ (CBT) နဲ့အတူ Relaxation exercises စိတ်ဖြေလျော့ လေ့ကျင့်ခန်းတွဲပြီး လုပ်ပေးရင် Chronic insomnia ရက်ရှည်လများ မအိပ်နိုင်ဖြစ်နေတာအတွက် အကောင်းဆုံး ဖြစ်တယ်။
• Relaxation techniques ဆိုတာ ဆိတ်ငြိမ်မှုကို အာရုံစိုက်၊ ညင်သာတဲ့ အလုပ်တခုခု ဥပမာ စာဖတ်တာမျိုး၊ ခြည်ထိုးတာမျိုး၊ သာယာတဲ့ တေးဂီတကို နားထောင်တာမျိုး လုပ်သင့်တယ်။
• Abdominal breathing အသက်ရှူရင် အများအားဖြင့် ခပ်ပေါ့ပေါ့သာ ရှူကြတယ်။ နက်နက်နဲနဲ ရှူတယ်ဆိုတာ ဗိုက်ကို လေဖေါင်းလာတဲ့အထိ ရှူပါ။ လေသွင်းတာရော လေထုတ်တာပါ ပြင်းပြင်နဲ့ ရှည်ရှည် လုပ်ပါ။
• Progressive muscle relaxation ကြွက်သားတွေ ပြော့အောင် လုပ်တယ်ဆိုတာ ပြောသလောက် မလွယ်ပါ။ အိပ်ယာပေါ်မှာ သက်တောင့်သက်သာ လှဲပါ။ ခြေပိုင်းက ကြွက်သားတွေကနေ စပါ။ အရင် တင်းလိုက်ပါ။ ၁ ကနေ ၁ဝ ရေတွက်ပါ။ နောက် လျော့ချလိုက်ပါ။ နောက်ပြီး တခြားနေရာက ကြွက်သားတွေကိုလဲ အဲလိုလုပ်ပါ။
• Meditation ကမ္မဋ္ဌာန်းထိုင်တဲ့အကျင့်၊ Yoga (ယောဂ) နည်း၊ Tai chi (တိုင်ချီ) နည်းတွေလဲ လုပ်သင့်ပါတယ်။
• Exercise နေ့ခင်းမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် ညအိပ်တာအတွက် ကောင်းတယ်။ Stanford University of Medicine ကပြောတာက တနေ့မှာ မိနစ် ၃ဝ ကနေ ၄ဝ Aerobic exercise (အေရိုးဘစ်) တပါတ်ကို ၄ ရက် လုပ်ရင် ၁ နာရီ ပိုအိပ်နိုင်တာ တွေ့ရတယ်။

လူတွေအိပ်တဲ့အခါ Melatonin (မယ်လာတိုနင်) ဆိုတဲ့ဟော်မုန်းက သူ့အလိုလို ညရောက်ရင်ထွက်တယ်။ ဒီ ဟော်မုန်း အကြောင်း ကောင်းကောင်းမသိကြသေးပါ။

- Pregnancy and Sleeping pills ကိုယ်ဝန်နဲ့ အိပ်ဆေး http://doctortintswe.blogspot.com/2014/11/pregnancy-and-sleeping-pills.html
- Sleeping pills အိပ်ဆေး http://doctortintswe.blogspot.com/2014/11/sleeping-pills.html
- http://doctortintswe.blogspot.com/2014/11/sleep-disorders.html

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ