အရက် သောက် သုံး ခြင်း ကြောင့် ဖြစ်တတ်သော နောက် ဆက် တွဲ ကျန်း မာ ရေး ပြဿနာ များ ကာ ကွယ်ရေး နှိုးဆော်ချက်


နေပြည်တော် ၊ ဇန်နဝါရီ ၆

နှစ်စဉ် ကမ္ဘာ့လူဦးရေ သန်း ၂ဝဝဝ ကျော်သည် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးနေကြပြီး သန်း ၈ဝ နီးပါးသည် အရက်ကြောင့်ဖြစ်သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ခံစားနေရကြောင်း၊ လူငယ် အမျိုးသား၊ အမျိုးသမီး များသည်ပင် အရက်ဆိုင် ထိုင်ကာ အရက်သောက်သုံး မှုများကို တွေ့ရှိရကြောင်း၊ အရက် သောက်သုံးမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပွားသော ရောဂါများအပြင် မတော်တဆ ထိခိုက်မှုများ ဖြစ် ပွားခြင်းကြောင့် သေဆုံးမှု ပိုမိုများပြားခြင်း၊ လူမှုရေး ပြဿနာများ၊ ရာဇဝတ်မှုများ ပိုမို များပြားလာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့စစ်တမ်းများ အရ တွေ့ရှိရသည်။

အရက် သောက်သုံးခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာဖြစ်သော အသည်းရောင်ခြင်း၊အသည်းခြောက်ခြင်း၊ အသည်း ကင်ဆာ ဖြစ်ခြင်း၊ သွေးအန်ခြင်း၊ အစာအိမ် ရောဂါဖြစ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြော ရောဂါဖြစ်ခြင်း၊ ပန်းသေပန်းညှိုး ဖြစ်ခြင်း၊ သားသမီး မရခြင်း၊ စိတ်ရောဂါများ ဖြစ်ပေါ်နိုင်သည်။

ထို့အပြင် အရက်ကြောင့်ဖြစ်သော နောက်ဆက်တွဲ စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာဖြစ်သော အရက်မူးခြင်းကြောင့် ရာဇဝတ်မှုများကို ဆင်ခြင်မှု ကင်းမဲ့စွာ ပြုမူခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ စိတ်ကြွ၊ စိတ်ကျရောဂါ ဖြစ်ခြင်း၊ မိမိကိုယ်ကို သတ်သေရန် ကြိုးစားခြင်းနှင့် သတ်သေခြင်း၊ သံသယ လွန်ခြင်း၊ အတက်ရောဂါ ဖြစ်ခြင်း၊ ညအိပ်မပျော်သော ရောဂါရရှိခြင်း၊ မှတ်ဉာဏ်လျော့ပါး ပျက်စီးခြင်း၊ ဦးနှောက် ပျက်စီး၍ သူငယ်ပြန် ရောဂါဖြစ်ခြင်းနှင့် လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေးများ ထိခိုက်ပြီး သက်တမ်းစေ့ မနေရခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် အသက်အရွယ်မရွေး အရက်သောက် သုံးခြင်းကို ရှောင်ကြဉ်ရန် လိုအပ်သကဲ့သို့ အရွယ် မရောက်သေးသူများ၊ အမျိုးသမီးများကို အရက်ဝယ်ခိုင်းခြင်း၊ ရောင်းချခြင်း မပြုလုပ်စေရန်နှင့် မသောက်သုံး စေရန်လည်း လိုအပ်သည်။

သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများ မဖြစ်ပေါ်စေရန် အရက်သောက်သုံးမှုမှ လုံးဝရှောင်ကြဉ်ခြင်း၊ အထူးသဖြင့် အလွန်အကျွံ သောက်သုံးခြင်း၊ စွဲလမ်းစွာ သောက်သုံးခြင်းမှ ရှောင်ကြဉ်ရန်နှင့် အရက်စွဲရောဂါ ဖြစ်နေပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေး ဌာနများတွင် ဆောလျင်စွာပြသ၍ စနစ်တကျ ကုသမှု ခံယူကြပါရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။ ။

ကျန်းမာရေး ဝန်ကြီးဌာန
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ