မိခင်နို့ရည်တွင် ပိုးမွှား ၇၀ဝ ကျော်ပါရှိ


လူသားတို့၏ ခန္ဓာကိုယ်တွင် ကျန်းမာရေး အထောက်အကူ ပြုသော ဘက်တီးရီးယား များစွာကို သယ်ဆောင် ထားနိုင်သည်။ ကလေးငယ် များသည် မိခင်နို့မှ တစ်ဆင့် ၎င်းတို့ ခန္ဓာကိုယ်တွင် အခြေချ နေထိုင်မည့် ပိုးမွှားများကို ပထမဆုံး စတင် ထိတွေ့ ကြရသည်၊ လေ့လာမှုများ အရ မိခင်နို့တွင် ဘက်တီးရီးယားမျိုး စိတ်ပေါင်း ၇၀ဝ ကျော် ပါဝင်ပြီး ယခင် လက်ခံ ထားသည် ထက်များစွာ ပိုမိုတွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

မိခင်နို့ အတွင်းရှိ ဘက်တီးရီးယား အားလုံး၏ အခန်း ကဏ္ဍကို ရှင်းလင်းစွာ မသိရ သေးသော်လည်း ဘက်တီးရီးယား မျိုးစုံ ပါဝင်ခြင်းကြောင့် မိခင်နို့ကို အာဟာရ အဖြစ် ချေဖျက် ရာတွင် အထောက် အပံ့ဖြစ်စေခြင်း ၊ရင်သွေး၏ ကိုယ်ခံအား စနစ်ကို အားပြည့်စေခြင်း စသည့် အကျိုး ကျေးဇူးများ ရှိကြောင်း သုတေသီများက ဆိုသည်။ နောက်ပိုင်း လေ့လာမှု များတွင် မိခင်နို့ သောက်စို့ ခွင့်မရသော ကလေးများ အတွက်ဖြည့် စွက်အာဟာ ရပေး နည်းစနစ် များကို ထပ်မံ သုတေသန ပြုလုပ်ရမည် ဖြစ်သည်။

မိခင်နို့တွင် ပါဝင်သော အဏုဇီဝ ပိုးမွှားများကို pyrosequencing ဟုအမည်ရသည့် ဒီအင်အေ မျိုးဗီဇ လေ့လာမှု နည်းစနစ်ဖြင့် မျိုးစိတ် ခွဲခြားထားခြင်း ဖြစ်သည်။ ဒီအင်အေ အစီအစဉ် (sequence) အမျိုးအစား ၇၀ဝ ကျော်တွေ့  ရှိခဲ့ ရခြင်းကြောင့် ဘက်တီးရီးယား အမျိုးအစား ၇၀ဝ ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

လေ့လာမှုတွင် မီးဖွားပြီးပြီးချင်း ထွက်ရှိသည့် နို့ရည်ကြည် (colostrum) မှစ၍ စစ်ဆေးခဲ့ပြီး မီးဖွားပြီး တစ်လမှ ခြောက်လအတွင်း ထွက်ရှိသည့် မိခင် ရည်ကို ဆက်လက်စစ် ဆေးခဲ့သည်။ နောက်ပိုင်း စစ်ဆေးသည့် မိခင်နို့ရည်တွင် အာခံတွင်း၌ နေထိုင်သော ပိုးမွှားများ ဖြစ်ကြသည့် Veillonella ? Leptotrichia နှင့် Prevotella တို့ကို အဓိက တွေ့ရှိခဲ့သည်။

ကလေးရဲ့ ပါးစပ်ထဲမှာပဲ ဘက်တီးရီးယားတွေ ရောက်နေတာလား၊ ကလေးပါးစပ်ထဲက ဘက်တီးရီးယား တွေကပဲ မိခင်နို့ထဲ ရောက်ပြီး မိခင်နို့ ထဲမှာ ဘက်တီးရီးယားတွေ များနေတာလား ဆိုတာ ရှင်းရှင်း လင်းမပြော နိုင်ပါဘူးဟု စပိန်နိုင်ငံ အခြေစိုက် စိုက်ပျိုးရေး ဓါတုပညာနှင့် အစားအစာ နည်းပညာ တက္ကသိုလ် (Institute of Agrochemistry and Food Technology)မှ သုတေသီ မာရီယာကာမင် ကိုလာဒို ၊ပြည်သူ့ ကျန်းမာရေး ဆေးပညာ သုတေသန ဌာနမှ သုတေသီ အဲလက်စ်မိုင်ရာ တို့က ဆိုသည်။

အခြား လေ့လာမှုများ အနက် အဝလွန်မိခင်များ၏ နို့ရည်၊ ခွဲစိတ်မွေးဖွား ရန် စီစဉ်ထားသူ မိခင်တို့၏ နို့ရည်များသည် ဘက်တီးရီးယား မျိုးစိတ်များ ပါဝင်မှု နည်းပါးသည်ကို တွေ့ရသည်။ ခွဲစိတ် မွေးဖွားရန်စီစဉ် ထားခြင်း မရှိဘဲ အရေးပေါ် ခွဲမွေးရသူမိခင်များ၏ နို့ရည်သည် သဘာဝ အတိုင်း မွေးဖွား သူမိခင်များ၏ နို့ရည်နှင့် အရည်အသွေး တူညီသည် ကိုလည်း တွေ့ရသည်။

ခုလေ့လာမှုမှာ တွေ့ရှိခဲ့တဲ့ ဘက်တီးရီးယားတွေဟာ ကလေးငယ်ရဲ့ ကိုယ်ခံအား စနစ် ဖွံ့ဖြိုးမှု အတွက် အထောက်အကူ ပြုမယ်ဆိုလျှင် ဖြည့်စွက် အစာ ထဲအ ကျိုးပြု ဘက်တီးရီး ယားတွေ ထည့်သွင်းခြင်း အားဖြင့် ဓါတ်မတည့် ရောဂါ၊ ရင်ကျပ် ရောဂါနဲ့ ကိုယ်ခံအား ရောဂါတွေ ဖြစ်ပွားမှု လျော့ကျအောင် လုပ်နိုင်ပါ လိမ့်မယ်ဟု သုတေသန စာတမ်းတွင် ထည့်သွင်း ဖော်ပြထားသည်၊ သုတေသန ရလဒ် များကို အမေရိကန် ဆေးလက်တွေ့ အာဟာရ ပညာဂျာနယ် (American Journal of Clinical Nutrition)တွင် ဖော်ပြထားသည်။

သီဟ
Source: IANS
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ