လက် အရွယ်အစား အလွန် ကြီးနေသည့် ကလေးငယ်ကြောင့် အိန္ဒိယ ဆရာဝန်များ အကျပ်ရိုက်လျက် ရှိ

သာမန် ကလေးများ၏ လက်ထက် အဆမတန် ကြီးမားနေပြီး အလေးချိန်အားဖြင့် ၂ စတုန်ရှိသည့် လက်ပိုင်ရှင် ကလေးငယ် တစ်ဦးကြောင့် အိန္ဒိယနိုင်ငံမှ ဆရာဝန်များမှာ အကျပ်ရိုက်လျက် ရှိသည်ဟု သိရသည်။

ကာလင်း အမည်ရှိ ရှစ်နှစ်အရွယ် အဆိုပါ ကလေးငယ်သည် မွေးဖွားစဉ် ကပင် သာမန် ကလေးငယ် တစ်ဦး လက်အရွယ်အစားထက် နှစ်ဆခန့် ပို၍ ကြီးမားစွာဖြင့် မွေးဖွားလာခဲ့သူ ဖြစ်သည်။ သာမန် ကလေးငယ်များ၏ လက်နှင့် အရွယ်အစား မတူဘဲ ကြီးမားနေသည့် လက်များကြောင့် ကာလင်းမှာ ဖိနပ်ကြိုးချည်ခြင်း ကဲ့သို့သော ကိစ္စများ အပါအဝင် သာမန် လုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ ၎င်း၏ လက် အရွယ်အစားမှာ တဖြည်းဖြည်း ကြီးထွားလာခြင်းကြောင့် ယခုအချိန်တွင် ကာလင်း၏ လက်ခလယ်မှ လက်ဖျံအထိ အရှည်မှာ ၁၃ လက်မခန့် အထိ ရောက်ရှိနေပြီ ဖြစ်သည်ဟု သိရသည်။ ၎င်း၏ လက်များမှာ အရွယ်အစား ကြီးထွားလွန်း နေသည့် ကိစ္စနှင့် ပတ်သက်၍ ကာလင်း၏ အခြေအနေသည် ရှားပါးသော ရောဂါ အခြေအနေ တစ်ခုဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်လည်း အကြောင်းရင်းကို တိတိကျကျ မသိရသေးကြောင်း၊ ဖြစ်နိုင်ခြေ ရှိသည်မှာ ကာလင်းသည် တစ်သျှူးများ အလွန်ကြီးထွားသည့် ရောဂါကို ခံစား နေရခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း ယင်း ရောဂါသည် ကုသနိုင်ဖွယ် ရှိသော်လည်း လက်များ အဆမတန် ကြီးထွား လာပါက ကာလင်း၏ အသက်ကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း ဆရာဝန် တစ်ဦးဖြစ်သူ ရာတန်က ပြောကြားခဲ့သည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ