အရှိန်မထိန်းနိုင်သောယာဉ် လမ်းဘေးတွင်ကာရံထားသည့် အလူမီနီယံတန်းအား ၀င်ရောက်တိုက်မိ

နေပြည်တော်၊ စက်တင်ဘာ ၆

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ ၀၀၁၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်၊ ရန်ကုန်-မန်္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၅/၄-၅)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်နေ ရဲစိုး(၄၃)နှစ်မောင်းနှင်လာသော BB/xxxx ပရိုဘောက်အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ကာရံထားသည့် အလူမီနီယံတန်းအား ၀င်ရောက်တိုက်မိပြီး လမ်းဘေးမြေသားလမ်းပေါ်သို့ ရောက်ရှိရပ်တန့်သွားကြောင်း သိရှိရသည်။

 ထိုသို့ တိုက်မိမှုကြောင့် BB/xxxx ယာဉ်မှာ ရှေ့ဘန်ဘာပိန်ချိုင့်ပျက်စီး၊ ၀ဲ/ယာရှေ့မီးသီးကွဲ၊ ရှေ့ဘောနပ်ဖုံး တွန့်လိမ်၊ ရေတိုင်ကီပေါက်၊ တန်ဘိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ရဲစိုးအား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၄၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ