မင်းသားလီဗြောင်ဟွန်းကို ငွေညှစ်ခြိမ်းခြောက်မှုဖြင့်မသင်္ကာဖွယ်အမျိုးသမီးနှစ်ဦးအား ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထား

တောင်ကိုရီးယား ရုပ်ရှင် လောကတွင် သာမက ဟောလိဝုဒ် အထိ ထိုးဖောက်ကာ အောင်မြင်မှုများ ရရှိလျက်ရှိ နေသည့် ရုပ်ရှင်ကြယ်ပွင့် လီဗြောင်ဟွန်းအား ငွေညှစ် ခြိမ်းခြောက်မှုဖြင့် မသင်္ကာဖွယ် အမျိုးသမီးနှစ်ဦးအား သက်ဆိုင်ရာမှ ထိန်းသိမ်း ထားကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်ကို ဒေသတွင်း မီဒီယာများက သတင်းဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာတောင်ကိုရီးယားအမျိုးသမီးဂီတအဖွဲ့ GLAM အဖွဲ့ဝင် ဒါဟီးဖြစ်ကြောင်း၎င်း၏အေဂျင်စီမှ အတည်ပြုပြောကြားခဲ့ပြီး အဆိုပါအမျိုးသမီးနှစ်ဦးမှာ မင်းသားလီဗြောင်ဟွန်းက ညစ်ညမ်းရိုင်းပြသော အသုံးအနှုန်းများသုံးကာ သောက်စားနေပုံများပါဝင်သည့် ဗီဒီယိုဖိုင်ကို ဖြန့်ချိမည်ဟုဆိုကာ တောင်ကိုရီးယားဝမ်ငါးသန်း ခြိမ်းခြောက်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှစုံစမ်းလျက်ရှိကြောင်း သိရသည်။

မင်းသား လီဗြောင်ဟွန်းအနေဖြင့် တောင်ကိုရီးယားမှ ဟောလိဝုဒ်အထိ ထိုးဖောက်ကာ ၂ဝ၁၅ တွင်ထွက်ရှိလာမည့် ဒါရိုက်တာ အယ်လန်တေလာ၏ ပဉ္စမမြောက် Terminator ဇာတ်လမ်းတွဲ Terminator: Genesisတွင် ပါဝင်သရုပ်ဆောင်ထားသူတစ်ဦးလည်းဖြစ်သည်။

မျိုးစန္ဒာမောင်
The Mirror Daily
https://www.facebook.com/TheMirrorDaily?fref=nf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ