ကြက်ဖပြောတဲ့ ပြောင်းလဲလာတဲ့ ဟစ်ဟော့ပ်လောက

 ဟစ်ဟော့ပ်အဆိုတော် ကြက်ဖက ယနေ့ မေ ၃၁ ရက်မှာကျင်းပမယ့် Hip Hop Show Time မှာသီချင်းအသစ် ၄ ပုဒ် သီဆိုမှာဖြစ်ပြီး ကြက်ဖရဲ့ ၂ဝ၁၄ ခုနှစ် ဂီတ လှုပ်ရှားမှုအခြေအနေကို မေးမြန်းဖြစ်ရာ...

”ကျွန်တော် သီချင်း အသစ် ၄ ပုဒ် လုပ်ထားတယ်။ အဲဒါကို “Hip Hop Show Time” ပွဲမှာ ဆိုဖို့ ရှိပါတယ်။ ဒီနှစ် အပြောင်းအလဲတစ်ခုမှာ ကျွန်တော့် ရဲ့တစ်ကိုယ်တော် Official ပဲဖြစ်ဖြစ်၊ Online ကနေ ရောင်းတာ ပဲဖြစ်ဖြစ် လုပ်ဖို့ ရှိပါတယ်။ ကျွန်တော် တစ်ယောက်တည်းရယ်၊ ပြီးတော့တွဲဆိုဖို့တွေက လည်း ကြားထဲမှာ ဖြစ်လာမှာပါ” လို့ ကြက်ဖက ပြောပါတယ်။

လက်ရှိခေတ် ဟစ်ဟော့ပ် လောကနဲ့ ကြက်ဖတို့ ခေတ်ဟစ်ဟော့ပ် လောက အပြောင်း အလဲတွေ ကို သုံးသပ်ပြခဲ့တဲ့ ကြက်ဖက..

“ကျွန်တော်တို့ ခေတ်နဲ့ မကွာတဲ့ဟာ တစ်ခုတော့ ရှိတယ်။ အဲဒါဘာလဲ ဆိုတော့ Commercial နဲ့ Underground ပဲပေါ့။ Underground ကလည်း သူ့ဟာနဲ့ သူ Skill ပိုင်းက မိုက်နေကြတယ်။ တော်နေကြတယ်။ Commercial ကလည်း ကျွန်တော်တို့ ခေတ်တုန်းကလို သူ့ဟာနဲ့သူ ပေါက်နေကြတယ်။ အဲဒီ ၂ ခုက ကျွန်တော်တို့တုန်းက လိုပါပဲ။ Underground စိတ်ဝင်စားတဲ့ သူကလည်း Commerical ကို သိပ်ပြီးတော့ စိတ်မဝင်စားကြဘူး။ Commercial စိတ်ဝင်စားတဲ့ သူကလည်း Underground ကို ဘာတွေ ဆိုနေမှန်း မသိ ဘူး။ အဲဒီလိုပဲပေါ့။ ကျွန်တော် တို့နဲ့ကွဲတာ ကတော့ ဒီဘက်ခေတ်မှာ
တီးလုံးပိုင်းတွေ၊ ဆိုပုံ၊ ဆိုပေါက်ပိုင်း တွေပေါ့”လို့ သုံးသပ်ပါတယ်။

ပရိသတ်ကို ပျော်ရွှင်စေချင်တဲ့ ကြက်ဖက နောက်ပိုင်းမှာ သူ့ရဲ့ဟာသ သီချင်းတွေကို နားထောင် ရတော့မှာဖြစ် ကြောင်းကို “ကျွန်တော် စဉ်းစားထား တာကတော့ ဟာသပေါ့။ အရင်တုန်းက လုပ်ခဲ့တဲ့ သီချင်းတွေထဲမှာမှ ရယ်စရာလေးတွေ၊ ကိုယ့်သီချင်းကို နားထောင် လိုက်ရင်ရယ်ချင် သွားမယ်၊ ပျော်သွားမယ်။ အဲဒီလိုဟာ မျိုးလေးတွေ ပိုရေးဖြစ်ပါမယ်” လို့ ပြောပါတယ်။

မျိုးမောင်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ